ရှမ်းနှင့်ကယားပြည်နယ်များမှ ကွန်ပျူတာတက္ကသိုလ်များ၏ ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲနှင့် Product Show 2017 တွင် ကျိုင်းတုံမှ စာတမ်း(၃)စောင်နှင့် Product (၃)မျိုး ပါဝင်ပြသမည်
ရှမ်းနှင့်ကယားပြည်နယ်များမှ ကွန်ပျူတာတက္ကသိုလ်များ၏ ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲနှင့် Product Show 2017 တွင် ကျိုင်းတုံမှ စာတမ်း(၃)စောင်နှင့် Product (၃)မျိုး ပါဝင်ပြသမည်
စကျတငျဘာ 22, 2017
By Tachileik News Agency
"ရှမ်း/ကယား (၅)ကျောင်းပေါင်းပြီးတော့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ ဆရာမတို့  ကျောင်းကနေပြီးတော့ ဆရာမ(၃)ယောက်ရဲ့ သုသေသန စာတမ်း(၃)စောင်နဲ့  နောက်ဆုံးနှစ်အတန်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ Product(၃)မျိုးကို သွားရောက်ပြသမှာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာတင်မြတ်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
သုတေသနစာတမ်းဖတ်ပွဲတွင် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုး၊ ပင်လုံနှင့် ကျိုင်းတုံမြို့များရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် ကယားပြည်နယ်အတွင်း လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်တို့ မှ ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်း (၁၇)စောင်ကို ဖတ်ကြားမည်ဖြစ်ပြီး Product Show 2017 တွင် ကျောင်းသား၊ကျောင်းသူများ၏ Product (၃၀)ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဦးအောင်အောင်နှင့် ဦးရာဗီတို့ကလည်း ITနည်းပညာဆိုင်ရာများကို ဟောပြောပို့ ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ကွန်ပျူတာတက္ကသိုလ်(၅)ခု၏ ပထမအကြိမ် သုတေသနစာတမ်း ဖတ်ပွဲနှင့် Product Show 2017 ကို စက်တင်ဘာလ (၂၉)ရက်နေ့တွင် တောင်ကြီး ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ရာ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်က သုတေသနစာတမ်း(၃)စောင်နှင့် Product (၃)မျိုး သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။
"ရှမ်း/ကယား (၅)ကျောင်းပေါင်းပြီးတော့ တောင်ကြီးကွန်ပျူတာတက္ကသိုလ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ အဲဒီအခမ်းအနားမှာ ဆရာမတို့ ကျောင်းကနပြေီးတော့ ဆရာမ(၃)ယောက်ရဲ့ သုသေသန စာတမ်း(၃)စောင်နဲ့ နောက်ဆုံးနှစ်အတန်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ Product(၃)မျိုးကို သွားရောက်ပြသမှာ ဖြစ်ပါတယ်"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာတင်မြတ်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သုတေသနစာတမ်းဖတ်ပွဲတွင် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုး၊ ပင်လုံနှင့် ကျိုင်းတုံမြို့များရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် ကယားပြည်နယ်အတွင်း လွိုင်ကော် ကွန်ပျူတာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၏ သုတေသနစာတမ်း (၁၇)စောင်ကို ဖတ်ကြားမည်ဖြစ်ပြီး Product Show 2017 တွင် ကျောင်းသား၊ကျောင်းသူများ၏ Product (၃၀)ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဦးအောင်အောင်နှင့် ဦးရာဗိီတို့ကလည်း ITနည်းပညာဆိုင်ရာများကို ဟောပြောပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
"ကျောင်းကနပြေီးတော့ ကျောင်းသား၊ကျောင်းသူ(၄)ယောက်တစ်ဖွဲ့နှုန်းနဲ့ ဖွဲ့ထားတဲ့ အဖွဲ့(၃)ဖွဲ့ကနပြေီး Product (၃)မျိုးကိုပြသမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီပွဲမှာက တခြားကျောင်းတွေက Product တွေကိုလည်း လေ့လာခွင့်ရမှာဆိုတော့ သူတို့ရဲ့ကြိုးစားမှု၊ စမ်းသပ်မှုနဲ့ Language တွေကို လက်တွေ့အသုံးပြုမှုတွေကို တွေ့ရပြီးတော့ Knowledge Sharing တွေ အများကြီးလုပ်နိုင်မယ်ဆိုတော့ တကယ်ကို အကျိုး ရှိပါတယ်"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူ မအင်ကြင်းမိုးမြင့်က ပြောသည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ နောက်ဆုံးနှစ် ကွန်ပျူတာသိပ္ပံဌာန ကျောင်းသား၊ကျောင်းသူများ ရေးဆွဲထားသော University Library System၊ Server Services နှင့် ကွန်ပျူတာနည်းပညာဌာနမှ ကျောင်းသား၊ကျောင်းသူများ ရေးဆွဲထားသော Concerns Arduino Wireless Weather Station တို့ကို ပါဝင်ပြသသွားမည်ဖြစ်ပြီး အဆိုပါ Product များကို အမှန်တကယ်အသုံးပြုပြီး အဆင့်မြှင့်တင်မှုများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှ ဆရာမ(၃)ဦးက Big Data Analysis၊ Natural Language Processing နှင့် Appropiate IT Infrastructure Services for Higher Education in Rural Area စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~