တာချီလိတ်တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား၌ အသက်(၈၀)နှစ်အထက် ဘိုးဘွား (၂၀၁)ဦးအား ကန်တော့မည်
တာချီလိတ်တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား၌ အသက်(၈၀)နှစ်အထက် ဘိုးဘွား (၂၀၁)ဦးအား ကန်တော့မည်
စကျတငျဘာ 26, 2017
By Tachileik News Agency
သက်ကြီးပူဇော်ကန်တော့ပွဲအတွက် လိုအပ်သည့် ငွေကြေးများနှင့် ပတ်သက်၍ စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက မတင်တင်ခိုင်၏ မြန်မာဖုန်း( 095242490 )၊ ထိုင်းဖုန်း ( 0823868446 )သို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပြီး တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့လည်း လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အို ဘိုးဘွား စုစုပေါင်း (၂၀၁)ဦးအား ပူဇော်ကန်တော့ပွဲအဖြစ် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ယခင်နှစ်များနည်းတူ ထောက်ပံ့ ပစ္စည်းများဖြင့် လာရောက်လှူဒါန်းလိုသူများအနေဖြင့်လည်း အခမ်းအနား ကျင်းပသည့် နေ့တွင် လာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဘိုးဘွားပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အသက်(၈၀)နှစ် အထက် သက်ကြီးရွယ်အို စုစုပေါင်း (၂၀၁)ဦးရှိသည့်အတွက် ကုန်ကျမှုအဖြစ် ဘတ်(၂)သိန်းကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေထဲက အသက်(၈၀)နှစ်အထက် ဘိုးဘွား (၂၀၁)ဦး ရှိပါတယ်။ တစ်ဦးကို ဘတ်(၁၀၀၀)နှုန်းနဲ့ ထောက်ပံ့လှူဒါန်းဖို့ စီစဉ်ထားရတာမှာ လောလောဆယ် အလှူငွေ ဘတ်(၁)သိန်းတော့ ရထားပါပြီ၊ နောက်ထပ် ဘတ်တစ်သိန်းကျော်လိုနေတဲ့အတွက်၊ စေတနာရှင်များအနဖြေင့် လာရောက်လှူဒါန်းနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သက်ကြီးပူဇော်ကန်တော့ပွဲအတွက် လိုအပ်သည့် ငွေကြေးများနှင့် ပတ်သက်၍ စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက မတင်တင်ခိုင်၏ မြန်မာဖုန်း( 095242490 )၊ ထိုင်းဖုန်း ( 0823868446 )သို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပြီး တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့လည်း လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အို ဘိုးဘွား စုစုပေါင်း (၂၀၁)ဦးအား ပူဇော်ကန်တော့ပွဲအဖြစ် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ယခင်နှစ်များနည်းတူ ထောက်ပံ့ ပစ္စည်းများဖြင့် လာရောက်လှူဒါန်းလိုသူများအနဖြေင့်လည်း အခမ်းအနား ကျင်းပသည့် နေ့တွင် လာရောက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~