တာချီလိတ် စည်ပင်၏ မြို့တွင်း ရေပေးဝေရေးစနစ် သြဂုတ်လ (၂၄)ရက်အထိ ခေတ္တ ရပ်ဆိုင်း

တာချီလိတ် စည်ပင်၏ မြို့တွင်း ရေပေးဝေရေးစနစ် သြဂုတ်လ (၂၄)ရက်အထိ ခေတ္တ ရပ်ဆိုင်း
သွဂုတျ 17, 2017
By Tachileik News Agency

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ရေပေးဝေနေသည့် ရေစုကန်မှာ သြဂုတ်လ (၁၆)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်နံရံပျက်စီးသွားသည့် အတွက် သြဂုတ်လ (၂၄)ရက်နေ့အထိ ရေပေးဝေမှု ခေတ္တဖြတ်တောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရေစုကန် နံရံပြင်ဆင်ရန် အတွက် သြဂုတ်လ (၁၈)ရက်နေ့မှ သြဂုတ်လ (၂၄)ရက်နေ့အထိ သတ်မှတ်ကာ စည်ပင်သာယာရေးဌာနအနေဖြင့် ရေပေးဝေမှုများကို ဖြတ်တောက်ထားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ အမြန်ဆုံးပြီးမြောက်ပါက မူလအတိုင်း ပြန်လည် ပေးဝေသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ရေပေးဝေရေးကို တာချီလိတ်မြို့တွင်း ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရှိ ၀န်ထမ်းအိမ်ရာတို့မှ အဓိက အားထား အသုံးပြုနေခြင်းဖြစ်ပြီး ကျန်ရပ်ကွက်များတွင် ကိုယ်ပိုင် ရေတွင်းများတူး၍ အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ရေပေးေဝနေသည့် ရေစုကန်မှာ သြဂုတ်လ (၁၆)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်နံရံပျက်စီးသွားသည့် အတွက် သြဂုတ်လ (၂၄)ရက်နေ့အထိ ရေပေးေဝမှု ခေတ္တဖြတ်တောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရေစုကန် နံရံပြင်ဆင်ရန် အတွက် သြဂုတ်လ (၁၈)ရက်နေ့မှ သြဂုတ်လ (၂၄)ရက်နေ့အထိ သတ်မှတ်ကာ စည်ပင်သာယာရေးဌာနအနဖြေင့် ရေပေးေဝမှုများကို ဖြတ်တောက်ထားမည်ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ အမြန်ဆုံးပြီးမြောက်ပါက မူလအတိုင်း ပြန်လည် ပေးေဝသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ရေပေးဝေရေးကို တာချီလိတ်မြို့တွင်း ရပ်ကွက်များ ဖြစ်သည့် ပုန်းထွန်ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်နှင့် ဆန်ဆိုင်း(ခ)ရှိ ဝန်ထမ်းအိမ်ရာတို့မှ အဓိက အားထား အသုံးပြုနခြေင်းဖြစ်ပြီး ကျန်ရပ်ကွက်များတွင် ကိုယ်ပိုင် ရေတွင်းများတူး၍ အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~