မေကြးတုိင္း ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ ရန္ပံုေငြျဖင့္ လမ္းေဖာက္ရန္ ယာဥ္ယႏၱရားမ်ား ဝယ္ယူမည္

မေကြးတုိင္း ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ ရန္ပံုေငြျဖင့္ လမ္းေဖာက္ရန္ ယာဥ္ယႏၱရားမ်ား ဝယ္ယူမည္
သြဂုတ် 5, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွရရိွေသာ ရန္ပံုေငြမွ က်ပ္သန္း(၁၆၀၀)ကို လမ္းေဖာက္လုပ္ရန္ ယာဥ္ႏွင့္ ယႏၱရားမ်ားဝယ္ယူသြားမည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ထံမွ သိရသည္။

“တိုင္းေဒသႀကီးဖံြ႔ၿဖိဳး တိုးတက္ေရးအတြက္ လမ္းေတြေဖာက္လုပ္ႏိုင္ဖို႔၊ ေက်းရြာခ်င္းဆက္လမ္းေတြ ေဖာက္လုပ္ႏိုင္ဖို႔ ယာဥ္နဲ႔ ယႏၱရားေတြဝယ္ႏိုင္ေအာင္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းကရရိွတဲ႔ ရန္ပံုေငြထဲက က်ပ္သန္း(၁၆၀၀) သံုးစဲြသြားမွာျဖစ္ပါတယ္”ဟု တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားသည္။

၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ ေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ က်ပ္သန္းေပါင္း (၁၅၈၅) သန္းရရိွခဲ႔ေၾကာင္း သိရသည္။

“တိုင္းဥပေဒခ်ဳပ္က ဖဲြ႔စည္းပံုအေျခခံဥပေဒမူအရ ေကာက္ခြင္႔ရိွတယ္ဆိုတာေၾကာင္႔ မေကြးတိုင္းကေန စစ္ကိုင္းတိုင္း မံုရြာက ေရနံခ်က္ဖိုေတြဆီကို ဆီေဘာက္ဆာေတြနဲ႔သယ္တဲ႔အခါမွာ တိုင္းရန္ပံုေငြ အေနနဲ႔ တစ္ပီပါကို က်ပ္ သံုးေထာင္ႏွဳန္း ေကာက္ခံခဲ႔တာျဖစ္ၿပီး တခ်ိဳ႕ ျပည္ေထာင္စုအစိုးရဆီေရာက္ၿပီးတဲ့ထဲက မ်ားေသာအားျဖင္႔ေတာ႔ တိုင္းဖံြ႔ၿဖိဳးေရးလုပ္ငန္းေတြအတြက္ သံုးစဲြသြားမွာပါ”ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္း သရက္ခရိုင္ မင္းလွၿမိဳ႕နယ္၌ ၂၀၀၅-၂၀၀၆ မွစတင္၍ ေရနံလက္ယက္ တြင္းတိမ္ လုပ္ငန္းမ်ားကို စြမ္းအင္ဝန္ႀကီးဌာန၏ ခြင္႔ျပဳခ်က္ျဖင္႔ စတင္တူးေဖာ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ေရနံတြင္းမ်ားမွ တိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးရန္ပံုေငြအျဖစ္ ေကာက္ခံေနျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှရရှိသော ရန်ပုံငွေမှ ကျပ်သန်း(၁၆၀၀)ကို လမ်းဖောက်လုပ်ရန် ယာဉ်နှင့် ယန္တရားများဝယ်ယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ သိရသည်။

“တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းတွေဖောက်လုပ်နိုင်ဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ဖောက်လုပ်နိုင်ဖို့ ယာဉ်နဲ့ ယန္တရားတွေဝယ်နိုင်အောင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကရရှိတဲ့ ရန်ပုံငွေထဲက ကျပ်သန်း(၁၆၀၀) သုံးစွဲသွားမှာဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ကျပ်သန်းပေါင်း (၁၅၈၅) သန်းရရှိခဲ့ကြောင်း သိရသည်။

“တိုင်းဥပဒေချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေမူအရ ကောက်ခွင့်ရှိတယ်ဆိုတာကြောင့် မကွေးတိုင်းကနေ စစ်ကိုင်းတိုင်း မုံရွာက ရေနံချက်ဖိုတွေဆီကို ဆီဘောက်ဆာတွေနဲ့သယ်တဲ့အခါမှာ တိုင်းရန်ပုံငွေ အနေနဲ့ တစ်ပီပါကို ကျပ် သုံးထောင်နှုန်း ကောက်ခံခဲ့တာဖြစ်ပြီး တချို့ ပြည်ထောင်စုအစိုးရဆီရောက်ပြီးတဲ့ထဲက များသောအားဖြင့်တော့ တိုင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သုံးစွဲသွားမှာပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း သရက်ခရိုင် မင်းလှမြို့နယ်၌ ၂၀၀၅-၂၀၀၆ မှစတင်၍ ရေနံလက်ယက် တွင်းတိမ် လုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရေနံတွင်းများမှ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ခံနခြေင်းဖြစ်သည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~