H5 N1 ကာကွယ်ရေးအတွက် မကွေးမြို့သို့တင်သွင်းသည့် ကြက်၊ကြက်ဥနှင့် ဝက်တို့ကို စောင့်ကြပ်စစ်ဆေး

H5 N1 ကာကွယ်ရေးအတွက် မကွေးမြို့သို့တင်သွင်းသည့် ကြက်၊ကြက်ဥနှင့် ဝက်တို့ကို စောင့်ကြပ်စစ်ဆေး
သွဂုတျ 2, 2017
By Tachileik News Agency

မကွေးမြို့တွင် H5N1 ကာကွယ်ရေးအဖြစ် ကြက်၊ ဝက်နှင့် ကြက်ဥတင်သွင်းမှုများကို မြို့အဝင်ဂိတ်များမှ နေ့စဉ် စောင့်ကြည့် စစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း များအား မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လုပ်ဆောင်နေကြောင်း သိရသည်။




ဈေးများ၌ ကြက်သားရောင်းချသူများကိုလည်း ကျန်းမာရေးကောင်းသည့်ကြက်နှင့် ကျန်းမာရေး မကောင်းသည့် ကြက်များ၏ အခြေအနေများကို ရှင်းပြ၍ လက်အိတ်စွပ်ရန်၊ ကလီစာနှင့် စွန့်ပစ် ပစ္စည်းများအား ပုံးထဲတွင်စုထည့်၍ မြေမြှုပ်ရန် ပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

H5 N1 ပိုးရှိသည့် ကက်များတွင် အမောက်နှင့်ဇလုပ်များ ပြာနှမ်းနေခြင်း ၊ ခြေထောက်မှ သွေးယိုစီးခြင်း ၊ အသားများ လတ်ဆတ်မှုမရှိဘဲ ပုံမှန်အသားအရောင်ဝင်းဝါနေရမည့်အစား ရောဂါကြောင့်သေ၍ ညိုမည်းနေခြင်းများ တွေ့ရမည်ဖြစ်သဖြင့် သတိထားကြရန်နှင့် စားသုံးသူများအနေဖြင့်လည်း ကြက်သား၊ ဝက်သားများအား ကျက်အောင်ချက်ပြုတ်ရန်နှင့် စဉ်းတီတုံးများကိုလည်း ပြောင်စင်အောင်ဆေးကြောရန် တိုက်တွန်းပြောကြားထားသည်။

သတင်း/ဓာတ်ပုံ  - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့တွင် H1N1 ကာကွယ်ရေးအဖြစ် ကြက်၊ ဝက်နှင့် ကြက်ဥတင်သွင်းမှုများကို မြို့အဝင်ဂိတ်များမှ နေ့စဉ် စောင့်ကြည့် စစ်ဆေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း များအား မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လုပ်ဆောင်နေကြောင်း သိရသည်။

“ဝင်လာတဲ့ ကြက်၊ ဝက်နဲ့ ကြက်ဥတွေမှာ ရောဂါပိုးတွေကပ်ပါလာခြင်းမရှိအောင် အရင်ကတည်းက ဒီလိုစစ်ဆေးမှုတွေကို အခါအားလျော်စွာ ပြုလုပ်ဆောင်ရွက်ခဲ့တာပါ။ အခုတော့ H5 N1 ရောဂါ ကာကွယ်နိုင်ရေး အတွက် နေ့စဉ် စောင့်ကြပ်စစ်ဆေးပြီး ပိုးသတ်ဆေး ဖျန်းတာတွေ ပြုလုပ်လျက် ရှိနေပါတယ်”ဟု မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြက်၊ ဝက်နှင့် ကြက်ဥ တင်သွင်းမှုကို တားမြစ်ထားခြင်းမရှိဘဲ မြို့တွင်း အဝင်အား စစ်ဆေးခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်းအပြင် မြို့တွင်းမှ မွေးမြူရေးခြံများနှင့် ဈေးများတွင် စစ်ဆေးကြပ်မတ်ခြင်း များကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီမြို့နယ်ထဲမှာ မှတ်ပုံတင်ထားတဲ့ ကြက်ခြံ (၅၀)ခန့် ရှိပြီးတော့ ဥစားကြက် ငါးသောင်းကျော်၊ အသားစားကြက် အကောင်ရေ (၇) သိန်းလောက် ရှိပါတယ်။ ကြက်ခြံ လုပ်ငန်းသမားတွေကိုလည်း ဇီဝ လုံခြုံမှုမြှင့် တင်ဖို့၊ သန့်သန့်ရှင်းရှင်းထားရှိဖို့နဲ့ လုံခြုံတဲ့ခြံဝန်းနဲ့ထားရှိမွေးမြူကြဖို့ အသိပေးဟောပြောမှုတွေ ပြုလုပ်ပေးနေပါတယ်”ဟု မကွေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အေးအေးမော်က ပြောသည်။

ဈေးများ၌ ကြက်သားရောင်းချသူများကိုလည်း ကျန်းမာရေးကောင်းသည့်ကြက်နှင့် ကျန်းမာရေး မကောင်းသည့် ကြက်များ၏ အခြေအနေများကို ရှင်းပြ၍ လက်အိတ်စွပ်ရန်၊ ကလီစာနှင့် စွန့်ပစ် ပစ္စည်းများအား ပုံးထဲတွင်စုထည့်၍ မြမြှေုပ်ရန် ပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

H5 N1 ပိုးရှိသည့်ကြက်များတွင် အမောက်နှင့်ဇလုပ်များ ပြာနှမ်းနခြေင်း၊ ခြေထောက်မှ သွေးယိုစီးခြင်း၊ အသားများ လတ်ဆတ်မှုမရှိဘဲ ပုံမှန်အသားအရောင်ဝင်းဝါနေရမည့်အစား ရောဂါကြောင့်သေ၍ ညိုမည်းနခြေင်းများ တွေ့ရမည်ဖြစ်သဖြင့် သတိထားကြရန်နှင့် စားသုံးသူများအနဖြေင့်လည်း ကြက်သား၊ ဝက်သားများအား ကျက်အောင်ချက်ပြုတ်ရန်နှင့် စဉ်းတီတုံးများကိုလည်း ပြောင်စင်အောင်ဆေးကြောရန် တိုက်တွန်းပြောကြားထားသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~