ဆိုင္ကယ္ ၃စီးျဖင္႔ သယ္ေဆာင္လာသည္႔ ခိုးဝင္ဘဂၤါလီ ၃ဦးအား ဂုတ္ႀကီးရဲကင္းစခန္းမွ ဖမ္းဆီးရမိ

ဆိုင္ကယ္ ၃စီးျဖင္႔ သယ္ေဆာင္လာသည္႔ ခိုးဝင္ဘဂၤါလီ ၃ဦးအား ဂုတ္ႀကီးရဲကင္းစခန္းမွ ဖမ္းဆီးရမိ
သြဂုတ် 1, 2017
By Tachileik News Agency

ဆိုင္ကယ္(၃)စီးျဖင့္ တင္ေဆာင္လာသည့္ ဘဂၤါလီ(၃)ဦးအား မေကြးတိုင္းေဒသႀကီး ငဖဲၿမိဳ႕နယ္ မင္ဘူး - အမ္းကားလမ္းအတိုင္းသြားသည့္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဘက္တြင္ ဂုတ္ႀကီးရဲကင္းစခန္းမွ ၾသဂုတ္ (၁)ရက္ နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္သိရသည္။

“ဘဂၤါလီ (၃)ေယာက္ကို ဆိုင္ကယ္ (၃)စီးနဲ႔ တင္ေဆာင္လာတယ္ဆိုတာ သတင္းရလို႔ သတင္း ေပါက္ၾကားျခင္း မရိွေအာင္ သိုသိုသိပ္သိပ္နဲ႔ အဖဲြ႔ (၂)ဖဲြ႔ခဲြၿပီး ေရွာင္ကြင္းလမ္းမွာတစ္ဖဲြ႔ ဂုတ္ႀကီးရဲကင္းစခန္း ေရွ႕မွာတစ္ဖဲြ႔ ေဒသခံေတြနဲ႔ အတူေစာင္႔ၿပီး ခက္ခက္ခဲခဲနဲ႔ ဖမ္းဆီးခဲ့ၾကရတာပါ”ဟု ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘဂၤါလီ (၃)ဦးအား ဆိုင္ကယ္ (၃)စီးႏွင့္ သယ္ေဆာင္လာေၾကာင္း သတင္းအရ ၾသဂုတ္(၁)ရက္ သန္းေခါင္ေက်ာ္ အခ်ိန္မွစ၍ ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳး ဦးစီး၍ အဖဲြ႔(၂)ဖဲြ႔ခဲြကာ (၂)ေနရာမွ ေစာင့္ ဆိုင္းေနၾကစဥ္ နံနက္(၅)နာရီအခ်ိန္ခန္႔၌ ဆိုင္ကယ္(၃)စီးသည္ အရိွန္ျဖင့္ ေမာင္းႏွင္လာသည္ကို ေတြ႔ရ၍ စစ္ေဆးရန္ ရပ္တန္႔ေစခဲ့ေသာ္လည္း ဆိုင္ကယ္မ်ားကို ရပ္တန္႔ေပးျခင္း မရိွဘဲ ထြက္ေျပး ေမာင္းႏွင္သြားၾကသျဖင္႔ ေဒသခံမ်ားႏွင္႔အတူ ဝိုင္းဝန္းဖမ္းဆီးႏိုင္မႈေၾကာင့္ သယ္ေဆာင္လာသူ(၃)ဦးႏွင့္ ခိုးဝင္ဘဂၤါလီ (၃)ဦးတို႔အား ဆိုင္ကယ္(၃)စီးႏွင့္တကြ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခိုးဝင္ ဘဂၤါလီ(၃)ဦးအား ဆိုင္ကယ္မ်ားျဖင္႔ အခေၾကးေငြယူ၍ သယ္ေဆာင္လာၾကသည့္ အမ္းၿမိဳ႕နယ္ မီးေလာင္ေခ်ာင္းေက်းရြာေန ငေမာင္(ခ)ေမာင္ဟား(၃၇ႏွစ္)၊ အမ္းၿမိဳ႕နယ္ ကၽြဲတလင္းေက်းရြာ ေန ခင္ေမာင္(၂၄ႏွစ္)၊ အမ္းၿမိဳ႕နယ္ ထန္းေခ်ာင္းေက်းရြာေန ေက်ာ္လင္း(ခ)ငမင္(၂၁ႏွစ္)တို႔အား အေရးယူ ေပးပါရန္ ဂုတ္ႀကီးရဲကင္းစခန္းမွဴး ရဲအုပ္ေက်ာ္မ်ိဳးက တရားလိုျပဳလုပ္တိုင္တန္းသျဖင္႔ ငဖဲၿမိဳ႕မရဲစခန္းမွ (ပ)၁၆၀/၂၀၁၇၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၆၇ အရ အမႈဖြင္႔အေရးယူထားေၾကာင္း သိရသည္။

ခိုးဝင္ဘဂၤါလီမ်ားျဖစ္ၾကသည့္ အဘူဟာအူဘာ(၁၁ႏွစ္)၊ ဖိုလ္ကာန္(၁၀ႏွစ္)ႏွင့္ အႏူဝါရွား (၁၀ႏွစ္)တို႔အား  ၁၉၄၇ခုႏွစ္ ျမန္မာႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား)အက္ဥပေဒအရ အေရး ယူေဆာင္ရြက္ႏိုင္ေရးအတြက္ ငဖဲၿမိဳ႕နယ္ လ.ဝ.က ျဖင္႔ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရ သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ဆိုင်ကယ်(၃)စီးဖြင့် တင်ဆောင်လာသည့် ဘင်္ဂါလီ(၃)ဦးအား မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မင်ဘူး - အမ်းကားလမ်းအတိုင်းသွားသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်တွင် ဂုတ်ကြီးရဲကင်းစခန်းမှ သြဂုတ် (၁)ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်သိရသည်။

“ဘင်္ဂါလီ (၃)ယောက်ကို ဆိုင်ကယ် (၃)စီးနဲ့ တင်ဆောင်လာတယ်ဆိုတာ သတင်းရလို့ သတင်း ပေါက်ကြားခြင်း မရှိအောင် သိုသိုသိပ်သိပ်နဲ့ အဖွဲ့ (၂)ဖွဲ့ခွဲပြီး ရှောင်ကွင်းလမ်းမှာတစ်ဖွဲ့ ဂုတ်ကြီးရဲကင်းစခန်း ရှေ့မှာတစ်ဖွဲ့ ဒေသခံတွေနဲ့ အတူစောင့်ပြီး ခက်ခက်ခဲခဲနဲ့ ဖမ်းဆီးခဲ့ကြရတာပါ”ဟု ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘင်္ဂါလီ (၃)ဦးအား ဆိုင်ကယ် (၃)စီးနှင့် သယ်ဆောင်လာကြောင်း သတင်းအရ သြဂုတ်(၁)ရက် သန်းခေါင်ကျော် အချိန်မှစ၍ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီး၍ အဖွဲ့(၂)ဖွဲ့ခွဲကာ (၂)နေရာမှ စောင့် ဆိုင်းနကြေစဉ် နံနက်(၅)နာရီအချိန်ခန့်၌ ဆိုင်ကယ်(၃)စီးသည် အရှိန်ဖြင့် မောင်းနှင်လာသည်ကို တွေ့ရ၍ စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ဆိုင်ကယ်များကို ရပ်တန့်ပေးခြင်း မရှိဘဲ ထွက်ပြေး မောင်းနှင်သွားကြသဖြင့် ဒေသခံများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးနိုင်မှုကြောင့် သယ်ဆောင်လာသူ(၃)ဦးနှင့် ခိုးဝင်ဘင်္ဂါလီ (၃)ဦးတို့အား ဆိုင်ကယ်(၃)စီးနှင့်တကွ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးဝင် ဘင်္ဂါလီ(၃)ဦးအား ဆိုင်ကယ်များဖြင့် အခကြေးငွေယူ၍ သယ်ဆောင်လာကြသည့် အမ်းမြို့နယ် မီးလောင်ချောင်းကျေးရွာနေ ငမောင်(ခ)မောင်ဟား(၃၇နှစ်)၊ အမ်းမြို့နယ် ကျွဲတလင်းကျေးရွာ နေ ခင်မောင်(၂၄နှစ်)၊ အမ်းမြို့နယ် ထန်းချောင်းကျေးရွာနေ ကျော်လင်း(ခ)ငမင်(၂၁နှစ်)တို့အား အရေးယူ ပေးပါရန် ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ငဖဲမြို့မရဲစခန်းမှ (ပ)၁၆၀/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ခိုးဝင်ဘင်္ဂါလီများဖြစ်ကြသည့် အဘူဟာအူဘာ(၁၁နှစ်)၊ ဖိုလ်ကာန်(၁၀နှစ်)နှင့် အနူဝါရှား (၁၀နှစ်)တို့အား ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေအရ အရေး ယူဆောင်ရွက်နိုင်ရေးအတွက် ငဖဲမြို့နယ် လ.ဝ.က ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~