မိုးမ်ားသျဖင့္ ႏွမ္းအဓိကစိုက္ပ်ိဳးသည့္ ေဘာလခဲၿမိဳ႕နယ္တြင္ အထြက္ႏႈန္းေလ်ာ့ႏုိင္

မိုးမ်ားသျဖင့္ ႏွမ္းအဓိကစိုက္ပ်ိဳးသည့္ ေဘာလခဲၿမိဳ႕နယ္တြင္ အထြက္ႏႈန္းေလ်ာ့ႏုိင္
သြဂုတ် 2, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ ႏွမ္းအဓိကစိုက္ပ်ိဳးသည့္ ေဘာလခဲၿမိဳ႕နယ္ ႏွမ္းစိုက္ခင္းမ်ား မိုးမ်ားသည့္အတြက္ အပင္ျဖစ္ထြန္းမႈ နည္းၿပီး စိုက္ခင္းပ်က္စီးမႈမ်ား ရိွေနေၾကာင္း သိရသည္။

" ဒီၿမိဳ႕နဲ႔နီးတဲ့ အခင္းေတြေတာ့ ေကာင္းတာမ်ားတယ္။ မိုးမ်ားသြားေတာ့ အပင္ေတြ ပ်က္တာေတြရွိတယ္။ ၿပီးေတာ့ အပင္ မေကာင္းတာေပါ့။ ရြာဖက္ေတြမွာေတာ့ ေတာ္ေတာ္ မေကာင္းၾကဘူး။ ႏွမ္း မေကာင္းဘူးေပါ့။ ခုကရိတ္လို႔ ရခါနီးပါၿပီ"ဟု ႏွမ္းစိုက္ေတာင္သူ ဦးဖိုးလံုးက ေျပာသည္။

ေဘာလခဲၿမိဳ႕နယ္ မိရိုးဖလာစိုက္ပ်ိဳးေရးအျဖစ္ ႏွမ္းတစ္မ်ိဳးကိုသာ အဓိကထား စိုက္ပ်ိဳးျခင္းျဖစ္သျဖင့္ ယခုႏွစ္ ႏွမ္းစိုက္ခင္းမ်ား ျဖစ္ထြန္းမႈနည္းသျဖင့္ ေစ်းႏႈန္းေကာင္းရန္ ေမွ်ာ္လင့္ေနရေၾကာင္း ေဒသခံေတာင္သူမ်ားက ဆုိသည္။

"ဒီမွာက ႏွမ္းတစ္မ်ိဳးပဲ စိုက္ၾကတယ္။ တခ်ိဳ႕တေလေလာက္ပဲ ပဲေတြဘာေတြ စိုက္ၾကတယ္။ ႏွမ္းကေတာ့ ကံနဲ႔လည္းဆိုင္တယ္။ ႏွစ္တိုင္း မေကာင္းဘူး။ ေကာင္းတဲ့ႏွစ္မွ ေကာင္းတာ။ ဒီႏွစ္ကြ်န္မ ေတာင္ယာေဘးက ေကာင္းေနရင္ေတာင္ ကြ်န္မ အခင္းက ေကာင္းခ်င္မွ ေကာင္းတာ။ ဒီႏွစ္ေတာ့ ကြ်န္မအခင္း ေကာင္းတယ္ေလ။ အရင္ႏွစ္က ရႈံးတယ္ "ဟု ႏွမ္းစိုက္ေတာင္သူ ေဒၚအုန္းျမင့္က ေျပာသည္။

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္တြင္ ႏွမ္းအမ်ားဆုံး အဓိက စိုက္ပ်ိဳးၾကၿပီး ဖားေဆာင္း၊ မယ္စဲ့၊ ရြာသစ္ႏွင့္ ရွားေတာတို႔တြင္လည္း အနည္းငယ္စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် နှမ်းအဓိကစိုက်ပျိုးသည့် ဘောလခဲမြို့နယ် နှမ်းစိုက်ခင်းများ မိုးများသည့်အတွက် အပင်ဖြစ်ထွန်းမှု နည်းပြီး စိုက်ခင်းပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

" ဒီမြို့နဲ့နီးတဲ့ အခင်းတွေတော့ ကောင်းတာများတယ်။ မိုးများသွားတော့ အပင်တွေ ပျက်တာတွေရှိတယ်။ ပြီးတော့ အပင် မကောင်းတာပေါ့။ ရွာဖက်တွေမှာတော့ တော်တော် မကောင်းကြဘူး။ နှမ်း မကောင်းဘူးပေါ့။ ခုကရိတ်လို့ ရခါနီးပါပြီ"ဟု နှမ်းစိုက်တောင်သူ ဦးဖိုးလုံးက ပြောသည်။

ဘောလခဲမြို့နယ် မိရိုးဖလာစိုက်ပျိုးရေးအဖြစ် နှမ်းတစ်မျိုးကိုသာ အဓိကထား စိုက်ပျိုးခြင်းဖြစ်သဖြင့် ယခုနှစ် နှမ်းစိုက်ခင်းများ ဖြစ်ထွန်းမှုနည်းသဖြင့် ဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။

"ဒီမှာက နှမ်းတစ်မျိုးပဲ စိုက်ကြတယ်။ တချို့တလေလောက်ပဲ ပဲတွေဘာတွေ စိုက်ကြတယ်။ နှမ်းကတော့ ကံနဲ့လည်းဆိုင်တယ်။ နှစ်တိုင်း မကောင်းဘူး။ ကောင်းတဲ့နှစ်မှ ကောင်းတာ။ ဒီနှစ်ကျွန်မ တောင်ယာဘေးက ကောင်းနေရင်တောင် ကျွန်မ အခင်းက ကောင်းချင်မှ ကောင်းတာ။ ဒီနှစ်တော့ ကျွန်မအခင်း ကောင်းတယ်လေ။ အရင်နှစ်က ရှုံးတယ် "ဟု နှမ်းစိုက်တောင်သူ ဒေါ်အုန်းမြင့်က ပြောသည်။

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် နှမ်းအများဆုံး အဓိက စိုက်ပျိုးကြပြီး ဖားဆောင်း၊ မယ်စဲ့၊ ရွာသစ်နှင့် ရှားတောတို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~