က်ိဳင္းတံုတြင္ H1N1 လူနာႏွစ္ဦးေတြ႔ထား၍ ကာကြယ္ေရးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ရန္ ျပည္နယ္အစိုးရညႊန္ၾကား

က်ိဳင္းတံုတြင္ H1N1 လူနာႏွစ္ဦးေတြ႔ထား၍ ကာကြယ္ေရးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ရန္ ျပည္နယ္အစိုးရညႊန္ၾကား
သြဂုတ် 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရွိ ကုတင္ ၃၀၀ ဆံ့ တပ္မေတာ္ေဆးရံုႀကီးတြင္ ဇူလုိင္လ (၃၁)ရက္ေန႔က H1N1 လူနာႏွစ္ဦးေတြ႔ရိွ ထားသျဖင့္ သီးသန္႔ခန္းတြင္ ကုသေပးေနၿပီး က်ိဳင္းတံုၿမိဳ႕အေနျဖင့္ အထူးသတိထားၿပီး ကာကြယ္ေရးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္ရန္ ၾသဂုတ္လ (၁)ရက္ေန႔တြင္ ျပည္နယ္အစိုးရက ညႊန္ၾကားထားေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္တစ္ခုလံုး အေနအထားနဲ႔ဆုိရင္ က်ိဳင္းတံုမွာ စျဖစ္ေနေတာ့ အထူးသတိထားၿပီး ကာကြယ္ေရး လုပ္ငန္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ဖို႔ေတာ့ အခုပဲ စာထြက္လုိက္ပါၿပီ။ ဒီေရာဂါစျဖစ္တယ္ ဆုိကတည္းက ျပည္နယ္တစ္ခုလံုးအေနနဲ႔ လုပ္ေဆာင္သင့္တာေတြကို လုပ္ေဆာင္ဖုိ႔ ညႊန္ၾကားထားၿပီး ျဖစ္ပါတယ္။ အဓိကကေတာ့ ျပည္သူေတြ က်န္းမာေရး အသိရိွၾကဖို႔ လုပ္ေဆာင္ေပးရမွာ။ လက္ေဆးဖိို႔ အဓိကပါ။ လက္ကို ဘာလုပ္လုပ္ သတိထားၿပီး ေဆးေၾကာႀကဖို႔ လိုပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ(၁)ရက္ေန႔ ညေနပိုင္းက ေျပာသည္။

ံH1N1 အတည္ျပဳ လူနာႏွစ္ဦးေတြ႕ရိွေၾကာင္း ျပည္နယ္က်န္းမာေရးဦးစီးဌာနက ဇူလုိင္လ (၃၁)ရက္ေန႔တြင္ ျပည္နယ္အစိုးရထံ တင္ျပခ်က္အရ ေဒသတြင္း အသိေပးႏိႈးေဆာ္မႈမ်ား လုပ္ေဆာင္ရန္ႏွင့္ ကုသမႈအပိုင္းမ်ား အတြက္ လိုအပ္သည္မ်ား ေဆာင္ရြက္ရန္ ျပည္နယ္အစိုးရက ၾသဂုတ္လ (၁)ရက္ေန႔တြင္ ညြန္ၾကားခ်က္ ထုတ္ျပန္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"လူနာအေနအထားကေတာ့ ေကာင္းတယ္။ သူတို႔ဓာတ္ခြဲေတြ႕ရိွခ်က္ အေျခအေနအရ ေျပာတာေပါ့ေနာ္။ ေလာေလာဆယ္ေတာ့ သူတို႔ႏွစ္ေယာက္ကို သီးသန္႔ထားၿပီး ကုသေနပါတယ္။ ေလာေလာဆယ္ သူတို႔ေနခဲ့တဲ့ ေနရာေတြမွာလည္း ကာကြယ္တဲ့လုပ္ငန္းေတြ လုပ္ေပးခဲ့ပါတယ္။ ေလာေလာဆယ္ လူနာအေျခအေနက ေကာင္းေနပါတယ္"ဟု လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

လက္ရိွတြင္ လူထုအသိပညာေပး လုပ္ငန္းမ်ားအား စာသင္ေက်ာင္းမ်ား၊ ေစ်းမ်ားစသည့္ လူစည္ကားရာ ေနရာမ်ားတြင္ လုပ္ေဆာင္ေနမႈမ်ားအား တိုးျမႇင့္လုပ္ေဆာင္ေပးရန္ ညြန္ၾကားထားေၾကာင္း သိရသည္။

က်ဳိင္းတုံၿမိဳ႕ အမွတ္ (၁၁) တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရး သင္တန္းေက်ာင္း၌ တက္ေရာက္ေနသည့္ နယ္ျခားေစာင့္တပ္ဖြဲ႔ဝင္အခ်ဳိ႕မွာ ဖ်ားနာ၍ ေဆးကုသရာမွ H1N1 ေရာဂါပိုးေတြ႕ရိွသူႏွစ္ဦးကို ေတြ႔ရျခင္းျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ H1N1 သံသယလူနာ မရိွေသးေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် ဇူလိုင်လ (၃၁)ရက်နေ့က H1N1 လူနာနှစ်ဦးတွေ့ရှိ ထားသဖြင့် သီးသန့်ခန်းတွင် ကုသပေးနပြေီး ကျိုင်းတုံမြို့အနဖြေင့် အထူးသတိထားပြီး ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် သြဂုတ်လ (၁)ရက်နေ့တွင် ပြည်နယ်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

"ရှမ်းပြည်နယ်တစ်ခုလုံး အနေအထားနဲ့ဆိုရင် ကျိုင်းတုံမှာ စဖြစ်နေတော့ အထူးသတိထားပြီး ကာကွယ်ရေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့တော့ အခုပဲ စာထွက်လိုက်ပါပြီ။ ဒီရောဂါစဖြစ်တယ် ဆိုကတည်းက ပြည်နယ်တစ်ခုလုံးအနေနဲ့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူတွေ ကျန်းမာရေး အသိရှိကြဖို့ လုပ်ဆောင်ပေးရမှာ။ လက်ဆေးဖို့ အဓိကပါ။ လက်ကို ဘာလုပ်လုပ် သတိထားပြီး ဆေးကြောကြဖို့ လိုပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချိီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက ပြောသည်။

ံH1N1 အတည်ပြု လူနာနှစ်ဦးတွေ့ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ (၃၁)ရက်နေ့တွင် ပြည်နယ်အစိုးရထံ တင်ပြချက်အရ ဒေသတွင်း အသိပေးနှိုးဆော်မှုများ လုပ်ဆောင်ရန်နှင့် ကုသမှုအပိုင်းများ အတွက် လိုအပ်သည်များ ဆောင်ရွက်ရန် ပြည်နယ်အစိုးရက သြဂုတ်လ (၁)ရက်နေ့တွင် ညွန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"လူနာအနေအထားကတော့ ကောင်းတယ်။ သူတို့ဓာတ်ခွဲတွေ့ရှိချက် အခြေအနေအရ ပြောတာပေါ့နော်။ လောလောဆယ်တော့ သူတို့နှစ်ယောက်ကို သီးသန့်ထားပြီး ကုသနေပါတယ်။ လောလောဆယ် သူတို့နေခဲ့တဲ့ နေရာတွေမှာလည်း ကာကွယ်တဲ့လုပ်ငန်းတွေ လုပ်ပေးခဲ့ပါတယ်။ လောလောဆယ် လူနာအခြေအနေက ကောင်းနေပါတယ်"ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

လက်ရှိတွင် လူထုအသိပညာပေး လုပ်ငန်းများအား စာသင်ကျောင်းများ၊ ဈေးများစသည့် လူစည်ကားရာ နေရာများတွင် လုပ်ဆောင်နေမှုများအား တိုးမြှင့်လုပ်ဆောင်ပေးရန် ညွန်ကြားထားကြောင်း သိရသည်။

ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း၌ တက်ရောက်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့မှာ ဖျားနာ၍ ဆေးကုသရာမှ H1N1 ရောဂါပိုးတွေ့ရှိသူနှစ်ဦးကို တွေ့ရခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် H1N1 သံသယလူနာ မရှိသေးကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~