RCSS/SSA ၏ ဒုတိယအႀကိမ္ အကူအညီျဖင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ေရာက္လာ

RCSS/SSA ၏ ဒုတိယအႀကိမ္ အကူအညီျဖင့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား တာခ်ီလိတ္သို႔ ေရာက္လာ
ဇူလိုင် 17, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း အလုပ္သမားဥပေဒအေျပာင္းအလဲေၾကာင့္ ခ်င္းမိုင္ေဒသမွေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာ လုပ္သားမ်ားအား RCSS/SSA ၏ ခ်င္းမိုင္ၿမိဳ႕ရိွအဖြဲ႔က တာခ်ီလိတ္ၿမိဳ႕မွ CNCMC ေကာ္မတီျဖင့္ ခ်ိတ္ဆက္ၿပီး ေနရပ္ျပန္ေရးကူညီေနရာ ဇူလိုင္လ(၁၇)ရက္ေန႔အထိ (၅၉)ဦးပို႔ေဆာင္ၿပီးျဖစ္ေၾကာင္း သိရသည္။

"ဒီကေန႔ ဇူလိုင္လ(၁၇)ရက္ေန႔မွာ လာပို႔ေပးတာကေတာ့ (၃၃)ေယာက္ရွိတယ္ဗ်။ ကေလးေရာ၊ လူႀကီးေရာ၊ အခုလာပို႔ေပးတာ ႏွစ္ႀကိမ္ေျမာက္ရွိပါၿပီ။ အခုေလာေလာဆယ္ကေတာ့ အခုလို လာပို႔ေပးတာ ခဏေလာက္ ရပ္ဆိုင္းထားဦးမယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အခု ထိုင္းႏိုင္ငံထဲမွာ ဘတ္အသစ္လုပ္ေပးဖို႔ ဖြင့္ထားတယ္ဆိုေတာ့ ဆိုင္းငံ့ထားပါဦးမယ္။ ျပန္ခ်င္တဲ့သူေတြရွိလာရင္ေတာ့ နည္းလမ္းရွာၿပီး ကူညီေပးပါ့မယ္ခင္ဗ်"ဟု ခ်င္းမိုင္မွ RCSS/SSA ၏ ဆက္ဆံေရးတာ၀န္ခံ ကိုစိုင္းလန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခ်င္းမိုင္ရိွ RCSS/SSA အဖြဲ႕က ေနရပ္ျပန္လိုသည့္ ျမန္မာလုပ္သားမ်ားအား မယ္ဆိုင္ၿမိဳ႕အထိပို႔ေဆာင္ၿပီး မယ္ဆိုင္ၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ CNCMC က ကူညီေခၚေဆာင္ေပးေနရာ ဇူလိုင္လ(၁၆)ရက္ေန႔က ေရာက္လာသည့္ (၃၃)ဦးအား တာခ်ီလိတ္ၿမိဳ႕တြင္ ေရာက္ရိွေနသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုႏွင့္တာဝန္ရိွသူမ်ား၊ တာခ်ီလိတ္ၿမိဳ႕မွ ဌာနဆိုင္ရာမ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စုႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ရွမ္းတုိင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ေစတနာရွင္မ်ားက ႀကိဳဆိုၿပီး လိုအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးၾကသည္။

ဇူလိုင္လ(၁၇)ရက္ေန႔တြင္ ေနရပ္ျပန္လာသူ အမ်ားစုမွာ လဲခ်ား၊ ဆီဆိုင္၊ နမ့္စန္၊ သီေပါ၊ တန္႔ယန္း၊ ေက်းသီး စသည့္ေဒသမ်ားမွ အမ်ားဆံုးပါ၀င္ၿပီး ၎တို႔ေနရပ္ျပန္ႏိုင္ေရးအတြက္ တာခ်ီလိတ္မွ SSPP/SSA က ကားမ်ား စီစဥ္ေပးေၾကာင္း သိရသည္။

ဇူလိုင္လ(၁၇)ရက္ေန႔ နံနက္ပိုင္းက ခ်င္းမိုင္မွ ေခၚေဆာင္လာသည့္ ျမန္မာႏုိင္ငံသားစုစုေပါင္း (၃၃)ဦးအား မယ္ဆိုင္လ၀ကရံုးတြင္ ေစာင့္ဆုိင္းခ်ိန္အတြက္ ေန႔လယ္စာအား တာခ်ီလိတ္ၿမိဳ႕ရွိ 1G1 7 Hotel ( ဦးေအာင္ႏိုင္ မိသားစု )မွ တာဝန္ယူၿပီး တာခ်ီလိတ္ၿမိဳ႕ေရာက္ လာခ်ိန္တြင္ တာခ်ီလိတ္နာေရးကူညီမႈ အသင္းက တာဝန္ယူေပးၾကေၾကာင္း သိရသည္။

အဆိုပါ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား တစ္ဦးလွ်င္ က်ပ္(၅၀၀၀)ႏႈန္းျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ကူညီေပးခဲ့ၿပီး ၎တို႔ထဲတြင္ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးႏွစ္ဦးအား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)က တစ္ဦးလွ်င္ က်ပ္(၅၀၀၀၀)ႏႈန္းျဖင့္ စုစုေပါင္း က်ပ္(၁)သိန္းအား ကူညီေပးေၾကာင္း သိရသည္။

"ခ်င္းမိုင္က RCSS/SSA အဖြဲ႔က ေရႊ႕ေျပာင္းျမန္မာလုပ္သား(၃၀)ေက်ာ္ လာမယ္လို႔ ကြ်န္ေတာ္တို႔ဆီကို ဆက္သြယ္လာတယ္။ တနဂၤေႏြေန႔က လာဖို႔လုပ္ေနခ်ိန္မွာ ထိုင္းဘက္ ရံုးပိတ္ရက္ဆိုေတာ့ အဆင္မေျပတာနဲ႔ ဒီေန႔မွပဲ လာခိုင္းလိုက္တာ။ အဲဒီထဲမွာ အမ်ဳိးသား(၁)ဦး နဲ႔ အမ်ဳိးသမီး(၁)ဦး စုစုေပါင္း (၂)ဦးကေတာ့ မွတ္ပံုတင္မရွိလို႔ လမ္းခရီးမွာ အဆင္ေျပေအာင္လို႔ ၿမိဳ႕နယ္လ၀ကက ေထာက္ခံစာ လုပ္ေပး လိုက္တယ္။ ေနာက္ၿပီး ကိုယ္၀န္သည္ အရင့္အမာ (၂)ဦးလည္း ပါလာလို႔ ကြ်န္ေတာ္တို႔မွာ ရွိထားတဲ့ ေရႊ႕ေျပာင္းျမန္မာ လုပ္သားမ်ားအတြက္ လွဴဒါန္းေပးလာၾကတဲ့အထဲကေန တစ္ဦးကို က်ပ္(၅၀၀၀၀)စီ ေထာက္ပံ့ေပးခဲ့ပါတယ္"ဟု CNCMC ၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးစည္သူေမာင္က ေျပာသည္။

ထိုင္းႏိုင္ငံတြင္ အလုပ္သမားဥပေဒအေျပာင္းအလဲေၾကာင့္ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ ေရႊ႕ေျပာင္းလုပ္သားမ်ား ေနရပ္ျပန္ေနၾကျခင္းျဖစ္ရာ ထုိင္း-ျမန္မာနယ္စပ္ဂိတ္ျဖစ္သည့္ တာခ်ီလိတ္တြင္ လည္း ေနရပ္ျပန္ ျမန္မာမ်ားအား ကူညီေရးအတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ၏ လမ္းညႊန္မႈျဖင့္ CNCMC ေကာ္မတီအား ခ်င္းရိုင္းခရိုင္အတြင္းထိ သြားေရာက္ကူညီေစကာ တာခ်ီလိတ္ ဘက္တြင္ လိုအပ္သည္မ်ားကို ကူညီေပးရန္၊ အျခားႏိုင္ငံသားမ်ား ပါ၀င္လာမႈရွိ/မရွိ ႏွင့္ တရားမ၀င္ ပစၥည္းမ်ား ပါ၀င္လာမႈ ရွိ/မရွိအား စိစစ္ လုပ္ေဆာင္ႏိုင္ရန္အတြက္ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆို လက္ခံေရး ေကာ္မတီအား ဖြဲ႔စည္းေပးထားၿပီး ကူညီေဆာင္ရြက္ေနျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား၊ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ တရားမဝင္ ေငြေၾကးေတာင္းခံမႈမ်ား၊ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံမႈမ်ားႀကံဳရၿပီး အခက္အခဲျဖစ္ပါက CNCMC ေကာ္မတီ၏ ဖုန္းနံပါတ္မ်ားျဖစ္သည့္ 0850388887 ၊ 0897558729 သို႔ ဆက္သြယ္ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း အလုပ်သမားဥပဒေအပြောင်းအလဲကြောင့် ချင်းမိုင်ဒေသမှနေရပ်ပြန်လိုသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများအား RCSS/SSA၏ ချင်းမိုင်မြို့ရှိအဖွဲ့က တာချီလိတ်မြို့မှ CNCMC ကော်မတီဖြင့် ချိတ်ဆက်ပြီး နေရပ်ပြန်ရေးကူညီနေရာ ဇူလိုင်လ(၁၇)ရက်နေ့အထိ (၅၉)ဦးပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

"ဒီကနေ့ ဇူလိုင်လ(၁၇)ရက်နေ့မှာ လာပို့ပေးတာကတော့ (၃၃)ယောက်ရှိတယ်ဗျ။ ကလေးရော၊ လူကြီးရော၊ အခုလာပို့ပေးတာ နှစ်ကြိမ်မြောက်ရှိပါပြီ။ အခုလောလောဆယ်ကတော့ အခုလို လာပို့ပေးတာ ခဏလောက် ရပ်ဆိုင်းထားဦးမယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ထိုင်းနိုင်ငံထဲမှာ ဘတ်အသစ်လုပ်ပေးဖို့ ဖွင့်ထားတယ်ဆိုတော့ ဆိုင်းငံ့ထားပါဦးမယ်။ ပြန်ချင်တဲ့သူတွေရှိလာရင်တော့ နည်းလမ်းရှာပြီး ကူညီပေးပါ့မယ်ခင်ဗျ"ဟု ချင်းမိုင်မှ RCSS/SSA၏ ဆက်ဆံရေးတာဝန်ခံ ကိုစိုင်းလန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချင်းမိုင်ရှိ RCSS/SSA အဖွဲ့က နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများအား မယ်ဆိုင်မြို့အထိပို့ဆောင်ပြီး မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ CNCMC က ကူညီခေါ်ဆောင်ပေးနေရာ ဇူလိုင်လ(၁၆)ရက်နေ့က ရောက်လာသည့် (၃၃)ဦးအား တာချီလိတ်မြို့တွင် ရောက်ရှိနေသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့်တာဝန်ရှိသူများ၊ တာချီလိတ်မြို့မှ ဌာနဆိုင်ရာများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များက ကြိုဆိုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။

ဇူလိုင်လ(၁၇)ရက်နေ့တွင် နေရပ်ပြန်လာသူ အများစုမှာ လဲချား၊ ဆီဆိုင်၊ နမ့်စန်၊ သီပေါ၊ တန့်ယန်း၊ ကျေးသီး စသည့်ဒေသများမှ အများဆုံးပါဝင်ပြီး၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ်မှ SSPP/SSA က ကားများ စီစဉ်ပေးကြောင်း သိရသည်။

ဇူလိုင်လ(၁၇)ရက်နေ့ နံနက်ပိုင်းက ချင်းမိုင်မှ ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသားစုစုပေါင်း (၃၃)ဦးအား မယ်ဆိုင်လဝကရုံးတွင် စောင့်ဆိုင်းချိန်အတွက် နေ့လယ်စာအား တာချီလိတ်မြို့ရှိ 1G1 7 Hotel ( ဦးအောင်နိုင် မိသားစု )မှ တာဝန်ယူပြီး တာချီလိတ်မြို့ရောက် လာချိန်တွင် တာချီလိတ်နာရေးကူညီမှု အသင်းက တာဝန်ယူပေးကြကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းမြန်မာလုပ်သားများအား တစ်ဦးလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီပေးခဲ့ပြီး၎င်းတို့ထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက်မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)က တစ်ဦးလျှင် ကျပ်(၅၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ကျပ်(၁)သိန်းအား ကူညီပေးကြောင်း သိရသည်။

"ချင်းမိုင်က RCSS/SSA အဖွဲ့က ရွှေ့ပြောင်းမြန်မာလုပ်သား(၃၀)ကျော် လာမယ်လို့ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ တနင်္ဂေနွနေ့က လာဖို့လုပ်နေချိန်မှာ ထိုင်းဘက် ရုံးပိတ်ရက်ဆိုတော့ အဆင်မပြေတာနဲ့ ဒီနေ့မှပဲ လာခိုင်းလိုက်တာ။ အဲဒီထဲမှာ အမျိုးသား(၁)ဦး နဲ့ အမျိုးသမီး(၁)ဦး စုစုပေါင်း (၂)ဦးကတော့ မှတ်ပုံတင်မရှိလို့ လမ်းခရီးမှာ အဆင်ပြေအောင်လို့ မြို့နယ်လဝကက ထောက်ခံစာ လုပ်ပေး လိုက်တယ်။ နောက်ပြီး ကိုယ်ဝန်သည် အရင့်အမာ (၂)ဦးလည်း ပါလာလို့ ကျွန်တော်တို့မှာ ရှိထားတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားများအတွက် လှူဒါန်းပေးလာကြတဲ့အထဲကနေ တစ်ဦးကို ကျပ်(၅၀၀၀၀)စီ ထောက်ပံ့ပေးခဲ့ပါတယ်"ဟု CNCMC၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေအပြောင်းအလဲကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နကြခြေင်းဖြစ်ရာ ထိုင်း-မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် တာချီလိတ်တွင် လည်း နေရပ်ပြန် မြန်မာများအား ကူညီရေးအတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် CNCMC ကော်မတီအား ချင်းရိုင်းခရိုင်အတွင်းထိ သွားရောက်ကူညီစေကာ တာချီလိတ် ဘက်တွင် လိုအပ်သည်များကို ကူညီပေးရန်၊ အခြားနိုင်ငံသားများ ပါဝင်လာမှုရှိ/မရှိ နှင့် တရားမဝင် ပစ္စည်းများ ပါဝင်လာမှု ရှိ/မရှိအား စိစစ် လုပ်ဆောင်နိုင်ရန်အတွက် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆို လက်ခံရေး ကော်မတီအား ဖွဲ့စည်းပေးထားပြီး ကူညီဆောင်ရွက်နခြေင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ၊ ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ တရားမဝင် ငွေကြေးတောင်းခံမှုများ၊ နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံမှုများကြုံရပြီး အခက်အခဲဖြစ်ပါက CNCMC ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သည့် 0850388887၊ 0897558729 သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~