လားရိႈးၿမိဳ႕တြင္ က်င္းပသည့္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္တြင္ နမ့္ဖတ္ကာ၊လားရိႈးႏွင့္ ဟိုပန္မွၿပိဳင္ပြဲဝင္သံုးဦး ေရြးခ်ယ္ခံရ

လားရိႈးၿမိဳ႕တြင္ က်င္းပသည့္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္တြင္ နမ့္ဖတ္ကာ၊လားရိႈးႏွင့္ ဟိုပန္မွၿပိဳင္ပြဲဝင္သံုးဦး ေရြးခ်ယ္ခံရ
ဇူလိုင် 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ ဇူလိုင္လ(၃၀)ရက္ေန႔ ညပိုင္းက ျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ သီခ်င္းဆိုၿပိဳင္ပြဲတြင္ နမ့္ဖတ္ကာ၊ လားရိႈးႏွင့္ ဟိုပန္ၿမိဳ႕မ်ားမွ ၿပိဳင္ပြဲဝင္ (၃)ဦး ေရြးခ်ယ္ခံရေၾကာင္း သိရသည္။

“သီခ်င္း ဆိုၿပိဳင္ပြဲအတြက္ ရွမ္း/ေျမာက္ကေန စာရင္းေပးသြင္းထားတာက ဦးေရ(၂၅၀)ေလာက္ရွိပါတယ္။ ပဏာမ အသံစစ္ေဆးမႈမွာ(၂၂၅)ဦးလာၿပီး အသံစစ္တယ္။ ေနာက္တစ္ဆင့္မွာ(၃၇) ဦးကို ေရြးခ်ယ္ၿပီးေတာ့မွ အဲဒီ ထဲကမွ ဆန္ခါတင္ယွဥ္ၿပိဳင္မယ့္(၁၀)ဦးကိုေရြးထုတ္ၿပီး ယွဥ္ၿပိဳင္ေစခဲ့တာ ျဖစ္ပါတယ္။ အမွတ္အမ်ားဆံုးအျဖစ္ နမ့္ဖတ္ကာက ထြယ္ဆန္ရာ၊ လားရိႈးၿမိဳ႕က စည္သူဘုန္းျမင့္ နဲ႔ ဟိုပန္ၿမိဳ႕က ရဲရင့္ေအာင္တို႔ကို အကဲျဖတ္ဒိုင္ေတြက ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္ “ဟု ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန တြဲဖက္ျပည္နယ္ရံုး ( လားရိႈး) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးစိုင္းထြန္းေနလိႈင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပဏာမ အသံစစ္ေဆးမႈမ်ားအား လားရိႈးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဇူလိုင္လ(၂၇)ရက္ေန႔မွ စတင္ျပဳလုပ္ ခဲ့ျခင္းျဖစ္ၿပီး ဆန္ခါတင္(၁၀)ဦးတို႔၏ သီဆိုယွဥ္ၿပိဳင္မႈမ်ားအား ဇူလိုင္လ(၃၀)ရက္ေန႔က က်င္းပခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ၿပိဳင္ပြဲတြင္ မင္းခ်စ္သူ၊ ေအာင္ႏိုင္စန္း၊ ခင္ျမတ္မြန္တို႔က အကဲျဖတ္ဒိုင္မ်ားအျဖစ္ ေဆာင္ရြက္ ေပးခဲ့ၿပီး ဧည့္သည္ အဆိုရွင္မ်ားအေနျဖင့္ အဆိုေတာ္ဟန္ထြန္းႏွင့္ မို႔မို႔လြင္တို႔မွ သီဆိုေဖ်ာ္ေျဖခဲ့ေၾကာင္း သိရသည္။

ေရြးခ်ယ္ခံရသူ(၃)ဦးမွာ Level 2 ၿပိဳင္ပြဲအျဖစ္ မႏၱေလးၿမိဳ႕တြင္ ဆက္လက္ယွဥ္ၿပိဳင္သြား ရမည္ျဖစ္ေၾကာင္း သိရသည္

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃၀)ရက်နေ့ ညပိုင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် နမ့်ဖတ်ကာ၊ လားရှိုးနှင့် ဟိုပန်မြို့များမှ ပြိုင်ပွဲဝင် (၃)ဦး ရွေးချယ်ခံရကြောင်း သိရသည်။

“သီချင်း ဆိုပြိုင်ပွဲအတွက် ရှမ်း/မြောက်ကနေ စာရင်းပေးသွင်းထားတာက ဦးရေ(၂၅၀)လောက်ရှိပါတယ်။ ပဏာမ အသံစစ်ဆေးမှုမှာ(၂၂၅)ဦးလာပြီး အသံစစ်တယ်။ နောက်တစ်ဆင့်မှာ(၃၇) ဦးကို ရွေးချယ်ပြီးတော့မှ အဲဒီ ထဲကမှ ဆန်ခါတင်ယှဉ်ပြိုင်မယ့်(၁၀)ဦးကိုရွေးထုတ်ပြီး ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ အမှတ်အများဆုံးအဖြစ် နမ့်ဖတ်ကာက ထွယ်ဆန်ရာ၊ လားရှိုးမြို့က စည်သူဘုန်းမြင့် နဲ့ ဟိုပန်မြို့က ရဲရင့်အောင်တို့ကို အကဲဖြတ်ဒိုင်တွေက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ် “ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး ( လားရှိုး) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပဏာမ အသံစစ်ဆေးမှုများအား လားရှိုးမြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ(၂၇)ရက်နေ့မှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆန်ခါတင်(၁၀)ဦးတို့၏ သီဆိုယှဉ်ပြိုင်မှုများအား ဇူလိုင်လ(၃၀)ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် မင်းချစ်သူ၊ အောင်နိုင်စန်း၊ ခင်မြတ်မွန်တို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက် ပေးခဲ့ပြီး ဧည့်သည် အဆိုရှင်များအနဖြေင့် အဆိုတော်ဟန်ထွန်းနှင့် မို့မို့လွင်တို့မှ သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ရွေးချယ်ခံရသူ(၃)ဦးမှာ Level 2 ပြိုင်ပွဲအဖြစ် မန္တလေးမြို့တွင် ဆက်လက်ယှဉ်ပြိုင်သွား ရမည်ဖြစ်ကြောင်း သိရသည်

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~