ရွမ္းျပည္နယ္အတြင္း ထုတ္ကုန္လုပ္ငန္းမ်ား လိုင္စင္ရွိ/မရွိ ၾသဂုတ္လတြင္ စစ္ေဆးေဆာင္ရြက္မည္

ရွမ္းျပည္နယ္အတြင္း ထုတ္ကုန္လုပ္ငန္းမ်ား လိုင္စင္ရွိ/မရွိ ၾသဂုတ္လတြင္ စစ္ေဆးေဆာင္ရြက္မည္
ဇူလိုင် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ထုတ္လုပ္ေရာင္းခ်ေနေသာ စားေသာက္ကုန္မ်ားမွာ သက္ဆိုင္ရာဌာနမ်ား၏ ဥပေဒႏွင့္အညီ ထုတ္ေ၀ခြင့္ျပဳခ်က္ လိုင္စင္ရရွိေသာ စားေသာက္ကုန္မ်ားျဖစ္ေစရန္ အတြက္ သက္ဆိုင္ရာ ဌာနမ်ားမွ ၾသဂုတ္လတြင္ ပူးေပါင္းစစ္ေဆး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ရွမ္းျပည္နယ္အတြင္းမွာ ထုတ္လုပ္ေရာင္းခ်ေနတဲ့ ကုန္ထုတ္လုပ္ငန္းေတြကို ေကာင္းမြန္ေသာ ထုတ္လုပ္မႈ က်င့္စဥ္အတိုင္း ထုတ္လုပ္ေရာင္းခ်ျခင္း ရွိ/မရွိ၊ က်န္းမာေရးညီညြတ္မႈ ရွိ/မရွိ၊ လုပ္ငန္းေတြမွာ လိုင္စင္ရွိ/မရွိ စတာေတြကို (၄)ဌာန ပူးေပါင္းၿပီး လိုက္လံစစ္ေဆးမွာပါ။ လိုင္စင္မွာပါတဲ့ သတ္မွတ္ ခ်က္ေတြနဲ႔ အညီ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ထုတ္လုပ္ျခင္း ရွိ/မရွိ စတာေတြကိုလည္း စစ္ေဆးသြားမွာပါ"ဟု ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီ ဥကၠဌ ျပည္နယ္ဦးစီးမွဴး ဦးျမသန္းက ေျပာသည္။

ယခင္ကာလက လိုက္လံစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္မရေသးသည့္အတြက္ ေဆာင္ရြက္ႏိုင္ခဲ့ျခင္း မရွိေသာ္လည္း ယခုအခါမွာ ခြင့္ျပဳခ်က္ရရွိၿပီျဖစ္သည့္အတြက္ စစ္ေဆးသည့္ လုပ္ငန္းအား အေကာင္အထည္ေဖာ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ထုတ္ကုန္ ထုတ္လုပ္တ့ဲ သူေတြကို ပညာေပးမယ္၊ တကယ္လို႔မ်ား သူတို႔ရဲ႕ထုတ္ကုန္ေတြက စည္းကမ္းနဲ႔ မကိုက္ညီဘူး ဆိုရင္ေတာ့ ေဖာက္ဖ်က္က်ဳးလြန္တဲ့အတြက္ ဥပေဒအတိုင္း ေဆာင္ရြက္မွာပါ။ ဒါေတြကို စစ္ေဆးဖို႔အတြက္ စီစဥ္ထားတာၾကာပါျပီ။ အစိုးရအဖြဲ႕ကေန ခြင့္ျပဳခ်က္ မရေသးလို႕ပါ။ အခုကေတာ့ ျပည္နယ္အစိုးရကေန ဇူလိုင္လ (၄)က္ေန႔က ခြင့္ျပဳခ်က္ စာက်လာၿပီဆိုေတာ့ ဇူလိုင္လကုန္ျပီး ၾသဂုတ္လဆုိရင္ စစ္ေဆးေဆာင္ရြက္ေတာ့မွာပါ။"ဟု ဦးျမသန္းက ေျပာသည္။

ထုတ္ကုန္မ်ားကို စစ္ေဆးေဆာင္ရြက္ရန္ ျပည္နယ္စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္ စည္ပင္သာယာေရး ေကာ္မတီ၊ ျပည္နယ္စက္မႈႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီးဌာန ၊ ျပည္နယ္အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနတို႔မွ ဌာန(၄) ခု ပူးေပါင္း၍ စစ္ေဆး ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ထုတ်လုပ်ရောင်းချနေသော စားသောက်ကုန်များမှာ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ထုတေ်ဝခွင့်ပြုချက် လိုင်စင်ရရှိသော စားသောက်ကုန်များဖြစ်စေရန် အတွက် သက်ဆိုင်ရာ ဌာနများမှ သြဂုတ်လတွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ရှမ်းပြည်နယ်အတွင်းမှာ ထုတ်လုပ်ရောင်းချနေတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်အတိုင်း ထုတ်လုပ်ရောင်းချခြင်း ရှိ/မရှိ၊ ကျန်းမာရေးညီညွတ်မှု ရှိ/မရှိ၊ လုပ်ငန်းတွေမှာ လိုင်စင်ရှိ/မရှိ စတာတွေကို (၄)ဌာန ပူးပေါင်းပြီး လိုက်လံစစ်ဆေးမှာပါ။ လိုင်စင်မှာပါတဲ့ သတ်မှတ် ချက်တွေနဲ့ အညီ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထုတ်လုပ်ခြင်း ရှိ/မရှိ စတာတွေကိုလည်း စစ်ဆေးသွားမှာပါ"ဟု ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်ဦးစီးမှူး ဦးမြသန်းက ပြောသည်။

ယခင်ကာလက လိုက်လံစစ်ဆေးမှုများ ပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရသေးသည့်အတွက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါမှာ ခွင့်ပြုချက်ရရှိပြီဖြစ်သည့်အတွက် စစ်ဆေးသည့် လုပ်ငန်းအား အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

"ထုတ်ကုန် ထုတ်လုပ်တဲ့ သူတွေကို ပညာပေးမယ်၊ တကယ်လို့များ သူတို့ရဲ့ထုတ်ကုန်တွေက စည်းကမ်းနဲ့ မကိုက်ညီဘူး ဆိုရင်တော့ ဖောက်ဖျက်ကျုးလွန်တဲ့အတွက် ဥပဒေအတိုင်း ဆောင်ရွက်မှာပါ။ ဒါတွေကို စစ်ဆေးဖို့အတွက် စီစဉ်ထားတာကြာပါပြီ။ အစိုးရအဖွဲ့ကနေ ခွင့်ပြုချက် မရသေးလို့ပါ။ အခုကတော့ ပြည်နယ်အစိုးရကနေ ဇူလိုင်လ (၄)က်နေ့က ခွင့်ပြုချက် စာကျလာပြီဆိုတော့ ဇူလိုင်လကုန်ပြီး သြဂုတ်လဆိုရင် စစ်ဆေးဆောင်ရွက်တော့မှာပါ။"ဟု ဦးမြသန်းက ပြောသည်။

ထုတ်ကုန်များကို စစ်ဆေးဆောင်ရွက်ရန် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ် စည်ပင်သာယာရေး ကော်မတီ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ဌာန(၄) ခု ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~