တာခ်ီလိတ္ၿမိဳ႕ ရန္ရွင္း(၃)ေက်းရြာတြင္ လင္မယားရွင္း ရန္ျဖစ္ၿပီး ေနအိမ္ဆိုင္ခန္း မီးရႈိ႕

တာခ်ီလိတ္ၿမိဳ႕ ရန္ရွင္း(၃)ေက်းရြာတြင္ လင္မယားရွင္း ရန္ျဖစ္ၿပီး ေနအိမ္ဆိုင္ခန္း မီးရႈိ႕
ဇူလိုင် 2, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္း(၃)ေက်းရြာတြင္ လင္မယားခ်င္း ရန္ျဖစ္စကားမ်ားရာမွ ေနအိမ္ဆိုင္ခန္းအား မီးရႈိ႕မႈ ဇူလိုင္လ(၂)ရက္ေန႔ ည(၇)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္း(၃)ေက်းရြာေန အသက္(၄၂)ႏွစ္ရွိ ဦးစိုင္းခ်ပ္သည္ ဇနီးျဖစ္သူ မဘူးေဖာ့ ႏွင့္ စကားမ်ား ရန္ျဖစ္ရာမွ ခင္ပြန္းျဖစ္သူ စိုင္းခ်ပ္မွာ ေနအိမ္ ေစ်းဆိုင္ခန္းအား မီးရႈိ႕လိုက္ရာ ရပ္ရြာလူထုမွ စုေပါင္း ၿငႇိမ္းသတ္မႈေၾကာင့္ ေဘးအနီးအနားသို႔ ကူးစက္ေလာင္ကြ်မ္းျခင္း မရွိဘဲ ၿငိမ္းသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ ေနအိမ္အား မီးရႈိ႕ခဲ့သူ စိုင္းခ်ပ္အား ဖမ္းဆီးၿပီး ဥပေဒအရ အေရးယူရန္ အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၃)ကျေးရွာတွင် လင်မယားချင်း ရန်ဖြစ်စကားများရာမှ နေအိမ်ဆိုင်ခန်းအား မီးရှို့မှု ဇူလိုင်လ(၂)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၃)ကျေးရွာနေ အသက်(၄၂)နှစ်ရှိ ဦးစိုင်းချပ်သည် ဇနီးဖြစ်သူ မဘူးဖော့ နှင့် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူ စိုင်းချပ်မှာ နေအိမ် ဈေးဆိုင်ခန်းအား မီးရှို့လိုက်ရာ ရပ်ရွာလူထုမှ စုပေါင်း ငြှိမ်းသတ်မှုကြောင့် ဘေးအနီးအနားသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိဘဲ ငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ နေအိမ်အား မီးရှို့ခဲ့သူ စိုင်းချပ်အား ဖမ်းဆီးပြီး ဥပဒေအရ အရေးယူရန် အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~