က်ိဳင္းတံု ၿမိဳ႕မေစ်းႏွင့္ ကားဂိတ္မ်ားတြင္ ရာသီတုပ္ေကြး အသိပညာေပးႏွင့္ Mask မ်ား ျဖန္႔ေဝ

က်ိဳင္းတံု ၿမိဳ႕မေစ်းႏွင့္ ကားဂိတ္မ်ားတြင္ ရာသီတုပ္ေကြး အသိပညာေပးႏွင့္ Mask မ်ား ျဖန္႔ေဝ
ဇူလိုင် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ရာသီတုပ္ေကြး(H1N1)အသိပညာေပး လက္ကမ္းစာေစာင္ႏွင့္ Mask မ်ားအား ၿမိဳ႕မေစ်းႀကီးႏွင့္ ကားဂိတ္ႏွစ္ခုတြင္ ဇူလိုင္လ(၂၈)ရက္က ခရိုင္စားသုံးသူေရးရာ ဦးစီးဌာနနွင္႔ လူမႈေရးအသင္းအဖြဲ႔မ်ား ပူးေပါင္း ျဖန္႔ေဝေပးေနေၾကာင္း သိရသည္။

"ယခုလက္ရိွ ရန္ကုန္နဲ႔ တျခားၿမိဳ႕ေတြမွာျဖစ္ေပၚေနတဲ႔ H1N1နဲ႔ပတ္သက္ၿပီး ေဆာင္ရန္၊ေရွာင္ရန္ေတြကို လူထု ပိုသိဖို႔အတြက္ ေစ်းအတြင္းနဲ႔ မိုင္းလား၊ ယန္းခမ္းကားဂိတ္ေတြမွာ ကၽြန္ေတာ္တို႔ဌာနနဲ႔အတူ လူငယ္အဖြဲ႔ေတြ၊ လူမႈေရးအသင္းေတြ ပူးေပါင္းၿပီးေတာ႔ လက္ကမ္းစာေစာင္ေတြေဝရင္း ဒီေရာဂါနဲ႔ ပတ္သက္ၿပီး အသိပညာေပးတယ္။ ၿပီးရင္ MASK ေတြကိုလည္း ေဝေပးခဲ႔ပါတယ္"ဟု က်ိဳင္းတံုခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရာသီတုပ္ေကြးအသိပညာေပးျခင္းနွင္႔ Mask မ်ားေဝငွျခင္းတို႔အား ခရိုင္စားသုံးသူေရးရာဦးစီးဌာန၊ လူငယ္စင္တာ၊ နွလုံးလွပိုင္ရွင္မ်ားအသင္းနွင္႔ ၿမိဳ႕မိၿမိဳ႕ဖတို႔ ပူးေပါင္းေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရာသီတုပ်ကွေး(H1N1)အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များအား မြို့မဈေးကြီးနှင့် ကားဂိတ်နှစ်ခုတွင် ဇူလိုင်လ(၂၈)ရက်က ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဖြန့်ဝေပေးနေကြောင်း သိရသည်။

"ယခုလက်ရှိ ရန်ကုန်နဲ့ တခြားမြို့တွေမှာဖြစ်ပေါ်နေတဲ့ H1N1နဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်တွေကို လူထု ပိုသိဖို့အတွက် ဈေးအတွင်းနဲ့ မိုင်းလား၊ ယန်းခမ်းကားဂိတ်တွေမှာ ကျွန်တော်တို့ဌာနနဲ့အတူ လူငယ်အဖွဲ့တွေ၊ လူမှုရေးအသင်းတွေ ပူးပေါင်းပြီးတော့ လက်ကမ်းစာစောင်တွေဝေရင်း ဒီရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတယ်။ ပြီးရင် MASK တွေကိုလည်း ဝေပေးခဲ့ပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရာသီတုပ်ကွေးအသိပညာပေးခြင်းနှင့် Mask များဝေငှခြင်းတို့အား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ လူငယ်စင်တာ၊ နှလုံးလှပိုင်ရှင်များအသင်းနှင့် မြို့မိမြို့ဖတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~