ေက်ာက္မဲၿမိဳ႕ရွိ M II K ေရကူးကန္တြင္ ေရလာကူးသည့္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆံုး

ေက်ာက္မဲၿမိဳ႕ရွိ M II K ေရကူးကန္တြင္ ေရလာကူးသည့္ အမ်ိဳးသားတစ္ဦး ေရနစ္ေသဆံုး
ဇူလိုင် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၂)ရပ္ကြက္၊ သစ္ေတာလမ္းရွိ ပုဂၢလိက တာဝန္ယူ ဖြင့္လွစ္ထားသည့္ M II K ေရကူးကန္တြင္ ဇူလိုင္လ (၁၆) ရက္ နံနက္ (၁၀)နာရီ မိနစ္ (၄၀)၀န္းက်င္က အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆံုးမႈျဖစ္ပြားေၾကာင္း သိရသျဖင့္ သက္ဆုိင္ရာက စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

“သူက ကြ်န္ေတာ့္ထက္ ေရကူးကြ်မ္းတယ္။ ဝုန္းဆိုခုန္ဆင္းသြားတာ ေရငုတ္ေနတယ္မွတ္လို႔ ခဏေစာင့္ၾကည့္ေသးတယ္။ ေတာ္ေတာ္ၾကာလို႔ ေပၚမလာေတာ့မွ ကြ်န္ေတာ္လိုက္ရွာတာ မေတြ႔ဘူး။ အဲဒါနဲ႔ေရကူးကန္က တာဝန္ရွိသူေတြကိုအေၾကာင္းၾကားလိုက္တာ။ အဲဒီကတစ္ဆင့္ မီးသတ္အဖြဲ႔ ေရာက္လာၿပီး လာရွာေပးေတာ့မွ ေတြ႔တာ။ ေတြ႔တဲ့အခ်ိန္မွာ ေသေနၿပီ”ဟု ေရကူးကန္တြင္ အတူေရလာကူးသူ ကိုသိန္းသန္းေထြးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၇) ရပ္ကြက္မွ အသက္(၂၅)ႏွစ္ဝန္းက်င္ တြတ္ပီဆိုသူသည္ သူငယ္ခ်င္းျဖစ္သူႏွင့္အတူ ေရလာကူးခ်ိန္တြင္ ေရကူးကန္၌ အေစာင့္ဝန္ထမ္းမရိွေၾကာင္း သိရၿပီး ေရနစ္သြားခ်ိန္တြင္ သူငယ္ခ်င္းျဖစ္သူက ေရငုပ္ရွာရာမေတြ႕သျဖင့္ ေရကူးကန္အနီးရိွ M II Kဘီယာဆိုင္မွ ဝန္ထမ္းအား အကူအညီေတာင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနစ္သည့္သတင္းေၾကာင့္ မီးသတ္အဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္၊ ရဲတပ္ဖြဲ႔ဝင္မ်ား ေရာက္ရိွလာၿပီး မီးသတ္ရဲေဘာ္(၅)ဦး ဆင္းရွာရာမွ အေလာင္းအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အျဖဴေရာင္ႏွလံုးသား ပရဟိတအသင္းက လာၿပီးသယ္လာခဲ့ေပးတယ္လို႔ သိရတယ္။ ခႏၶာကိုယ္ကေတာ့ ျပည္သူ႔ ေဆးရံု ရင္ခြဲရံုမွာပို႔ထားတယ္။ ေသဆံုးသူရဲ့ မိသားစုဝင္ေတြကို ဆက္သြယ္ထားပါတယ္။ မိသားစုဝင္ေတြေရာက္လာမွ ထပ္ၿပီးေမးျမန္းရဦးမွာပါ။ စစ္ေဆးေနဆဲပဲရွိပါေသးတယ္”ဟု ေရနစ္ေသဆံုးမႈျဖစ္စဥ္အား လာေရာက္စစ္ေဆး ေနသူေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔မွ ရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေရကူးကန္တြင္ ယခုႏွစ္အတြင္း ကေလးငယ္ တစ္ဦးေရနစ္မႈျဖစ္ပြားခဲ့ေသာ္လည္း အခ်ိန္မီကယ္ဆယ္ႏုိင္ခဲ့ေၾကာင္း သိရသည္။

ေရကူးကန္သို႔ကေလးငယ္မ်ား လာေရာက္ေရကစားခ်ိန္မ်ားတြင္ အသက္ကယ္ေဘာကြင္းႏွင့္ ေရနစ္သူအား ကယ္ဆယ္ေရးအေစာင့္ထားရွိေသာ္လည္း ယခုျဖစ္စဥ္ျဖစ္ပြားသည့္အခ်ိန္တြင္ အသက္ကယ္ေဘာကြင္း ႏွင့္ ကယ္ဆယ္ေရးအေစာင့္ရိွမေနေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု - #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂)ရပ်ကွက်၊ သစ်တောလမ်းရှိ ပုဂ္ဂလိက တာဝန်ယူ ဖွင့်လှစ်ထားသည့် M II K ရေကူးကန်တွင် ဇူလိုင်လ (၁၆) ရက် နံနက် (၁၀)နာရီ မိနစ် (၄၀)ဝန်းကျင်က အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း သိရသဖြင့် သက်ဆိုင်ရာက စစ်ဆေး လျက်ရှိကြောင်း သိရသည်။

“သူက ကျွန်တော့်ထက် ရေကူးကျွမ်းတယ်။ ဝုန်းဆိုခုန်ဆင်းသွားတာ ရေငုတ်နေတယ်မှတ်လို့ ခဏစောင့်ကြည့်သေးတယ်။ တော်တော်ကြာလို့ ပေါ်မလာတော့မှ ကျွန်တော်လိုက်ရှာတာ မတွေ့ဘူး။ အဲဒါနဲ့ရေကူးကန်က တာဝန်ရှိသူတွေကိုအကြောင်းကြားလိုက်တာ။ အဲဒီကတစ်ဆင့် မီးသတ်အဖွဲ့ ရောက်လာပြီး လာရှာပေးတော့မှ တွေ့တာ။ တွေ့တဲ့အချိန်မှာ သေနပြေီ”ဟု ရေကူးကန်တွင် အတူရေလာကူးသူ ကိုသိန်းသန်းထွေးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ အမှတ်(၇) ရပ်ကွက်မှ အသက်(၂၅)နှစ်ဝန်းကျင် တွတ်ပီဆိုသူသည် သူငယ်ချင်းဖြစ်သူနှင့်အတူ ရေလာကူးချိန်တွင် ရေကူးကန်၌ အစောင့်ဝန်ထမ်းမရှိကြောင်း သိရပြီး ရေနစ်သွားချိန်တွင် သူငယ်ချင်းဖြစ်သူက ရေငုပ်ရှာရာမတွေ့သဖြင့် ရေကူးကန်အနီးရှိ M II Kဘီယာဆိုင်မှ ဝန်ထမ်းအား အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သည့်သတင်းကြောင့် မီးသတ်အဖွဲ့၊ မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မီးသတ်ရဲဘော်(၅)ဦး ဆင်းရှာရာမှ အလောင်းအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဖြူရောင်နှလုံးသား ပရဟိတအသင်းက လာပြီးသယ်လာခဲ့ပေးတယ်လို့ သိရတယ်။ ခန္ဓာကိုယ်ကတော့ ပြည်သူ့ ဆေးရုံ ရင်ခွဲရုံမှာပို့ထားတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ထားပါတယ်။ မိသားစုဝင်တွေရောက်လာမှ ထပ်ပြီးမေးမြန်းရဦးမှာပါ။ စစ်ဆေးနေဆဲပဲရှိပါသေးတယ်”ဟု ရေနစ်သေဆုံးမှုဖြစ်စဉ်အား လာရောက်စစ်ဆေး နေသူကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရေကူးကန်တွင် ယခုနှစ်အတွင်း ကလေးငယ် တစ်ဦးရေနစ်မှုဖြစ်ပွားခဲ့သော်လည်း အချိန်မီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ရေကူးကန်သို့ကလေးငယ်များ လာရောက်ရေကစားချိန်များတွင် အသက်ကယ်ဘောကွင်းနှင့် ရေနစ်သူအား ကယ်ဆယ်ရေးအစောင့်ထားရှိသော်လည်း ယခုဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် အသက်ကယ်ဘောကွင်း နှင့် ကယ်ဆယ်ရေးအစောင့်ရှိမနေကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~