က်ိဳင္းတံု ေဟြဟိရြာမွ ေပ်ာက္ဆံုးေနသည့္ (၂)ႏွစ္အရြယ္ကေလးအား တစ္ရက္အၾကာတြင္ နမ့္ခင္ေခ်ာင္း၌ ေသလ်က္ျဖင့္ ျပန္ေတြ႔

က်ိဳင္းတံု ေဟြဟိရြာမွ ေပ်ာက္ဆံုးေနသည့္ (၂)ႏွစ္အရြယ္ကေလးအား တစ္ရက္အၾကာတြင္ နမ့္ခင္ေခ်ာင္း၌ ေသလ်က္ျဖင့္ ျပန္ေတြ႔
ဇူလိုင် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ ၊ မိုင္းခြန္အုပ္စု၊ ေဟြဟိရြာမွ ဇူလိုင္လ (၂၉)ရက္ေန႔တြင္ ေပ်ာက္ဆံုးသြားသည့္ အသက္(၂)ႏွစ္အရြယ္ကေလးအား ဇူလိုင္လ (၃၀)ရက္ေန ့ နံနက္ပိုင္းက နမ့္ခင္ေခ်ာင္းအတြင္း၌ ေသဆံုးေနလ်က္ျဖင့္ ရုပ္အေလာင္း ျပန္လည္ေတြ ့ရိွရေၾကာင္း သိရသည္။

"ကေလးရဲ႕ မိဘေတြကိုယ္တိုင္က မေန ့က သူတို ့ကေလးေပ်ာက္သြားတယ္ဆိုၿပီး စခန္းမွာ အမႈ လာဖြင့္ခဲ့ပါတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို ့လည္း ခ်က္ခ်င္း ၿမိဳ ့တြင္းအနီး တစ္၀ိုက္မွာ ရွာေဖြမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီေန ့မနက္က်မွ သူတို ့ရြာသူႀကီးက နမ့္ခင္ေခ်ာင္းထဲမွာ ကေလးအေလာင္းေတြ႔တယ္ ဆိုၿပီး ဖုန္းဆက္အေၾကာင္းၾကားလို ့ သြားၿပီး စစ္ေဆးခဲ့ပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲအရာရိွတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေပ်ာက္ဆံုးေနသည့္ ေမာင္ေလာ္ဆာအား မိုင္းခြန္အုပ္စု ၊ ၀ိန္းေက်ာက္ေက်းရြာအနီးရိွ နမ့္ခင္ေခ်ာင္း အတြင္းမွ ျပန္လည္ေတြ ့ရိွခဲ့ျခင္းျဖစ္ၿပီး ခႏၶာကို္ယ္တြင္ ျပင္ပဒဏ္ရာမရိွဘဲ ေရနစ္ေသဆံုးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

"ဒီမနက္ ရဲစခန္းက ကၽြန္ေတာ္တို႔ကို အေၾကာင္းၾကားလာတဲ့အတြက္ မနက္(၉)နာရီခြဲေလာက္မွာ ကေလးရဲ႕ ရုပ္အေလာင္းကို သြားသယ္ၿပီးေတာ့ ေဆးရုံကို ပို ့ေပးခဲ့ပါတယ္"ဟု က်ဳိင္းတံုၿမိဳ႕ ႏွလုံးလွပိုင္ရွင္မ်ား အခမဲ့လူမႈကူညီေရးအသင္း ဥကၠဌ ဦးေက်ာ္သူေအာင္က ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာင္ေလာ္ဆာေသဆံုးမႈမွာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ စုံစမ္းစစ္ေဆးလ်က္ရိွၿပီး က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၂၃/၂၀၁၇)အရ ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - က်ဳိင္းတံုၿမိဳ႕ ႏွလုံးလွပိုင္ရွင္မ်ား အခမဲ့လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု၊ ဟွေဟိရွာမှ ဇူလိုင်လ (၂၉)ရက်နေ့တွင် ပျောက်ဆုံးသွားသည့် အသက်(၂)နှစ်အရွယ်ကလေးအား ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းက နမ့်ခင်ချောင်းအတွင်း၌ သေဆုံးနေလျက်ဖြင့် ရုပ်အလောင်း ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

"ကလေးရဲ့ မိဘတွေကိုယ်တိုင်က မနေ့က သူတို့ကလေးပျောက်သွားတယ်ဆိုပြီး စခန်းမှာ အမှု လာဖွင့်ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ချက်ချင်း မြို့တွင်းအနီး တစ်ဝိုက်မှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မနက်ကျမှ သူတို့ရွာသူကြီးက နမ့်ခင်ချောင်းထဲမှာ ကလေးအလောင်းတွေ့တယ် ဆိုပြီး ဖုန်းဆက်အကြောင်းကြားလို့ သွားပြီး စစ်ဆေးခဲ့ပါတယ်"ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပျောက်ဆုံးနေသည့် မောင်လော်ဆာအား မိုင်းခွန်အုပ်စု၊ ဝိန်းကျောက်ကျေးရွာအနီးရှိ နမ့်ခင်ချောင်း အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ခန္ဓာကို်ယ်တွင် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

"ဒီမနက် ရဲစခန်းက ကျွန်တော်တို့ကို အကြောင်းကြားလာတဲ့အတွက် မနက်(၉)နာရီခွဲလောက်မှာ ကလေးရဲ့ ရုပ်အလောင်းကို သွားသယ်ပြီးတော့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်လော်ဆာသေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၇)အရ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ အခမဲ့လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~