ဝမ္ဆာရြာအနီး ဖမ္းမိသည့္ က်ပ္သိန္း ၁၅၀၀ ခန္႔တန္ဖိုးရိွ မူးယစ္ေဆးမ်ား သယ္လာသူ ထြက္ေျပးတိမ္းေရွာင္ေန

ဝမ္ဆာရြာအနီး ဖမ္းမိသည့္ က်ပ္သိန္း ၁၅၀၀ ခန္႔တန္ဖိုးရိွ မူးယစ္ေဆးမ်ား သယ္လာသူ ထြက္ေျပးတိမ္းေရွာင္ေန
ဇူလိုင် 3, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ဝမ္ဆာရြာအနီး က်ိဳင္းတံု - လြိဳင္ေမြ ကားလမ္းတြင္ ဇူလိုင္လ (၂)ရက္ေန႔ ညေန(၅)နာရီခြဲခန္႔က က်ပ္သိန္း(၁၅၀၀)ခန္႔ တန္ဖိုးရိွသည္႔ KETAMINE ဟု ယူဆရေသာ အျဖဴေရာင္ ပုံေဆာင္ခဲ (၅၀)ကီလိုခန္႔ ဖမ္းဆီးရရိွမႈမွ တရားခံမွာ ထြက္ေျပးလြတ္ေျမာက္လွ်က္ရိွေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သတင္းအရ က်ိဳင္းတံု - လိြဳင္ေမြ ကားလမ္း ဝမ္ဆာရြာအနီးတြင္ ေစာင့္ဆိုိင္းေနစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ မသကၤာဖြယ္လူတစ္ဦးအား တားဆီးရန္ေဆာင္ရြက္ရာ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားက ဆိုင္ကယ္အားထားခဲ့ၿပီး လမ္းေဘးရိွ ရာဘာေတာအတြင္းသို႔ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ႏွင့္အတူက်န္ခဲ့သည့္ လက္ဆြဲအိတ္အားရွာေဖြရာ အိတ္အတြင္းမွ GUANYINWANG စာတမ္းပါ  KETAMINE ဟုယူဆရေသာ အျဖဴေရာင္ ပုံေဆာင္ခဲ (၁)ကီလိုဂရမ္ခန္႔စီပါဝင္သည့္ အထုပ္ေပါင္း (၅၀)ထုပ္ စုစုေပါင္း အေလးခ်ိန္(၅၀)ကီလိုဂရမ္ခန္႔၊ ကာလတန္ဖိုး တစ္ကီလိုလ်ွင္ ခန္႔မွန္းက်ပ္သိန္း(၃၀)ႏႈန္းျဖင့္ စုစုေပါင္းတန္ဖိုး က်ပ္သိန္း (၁၅၀၀)ခန္႔အား ရွာေဖြေတြ႕ရွိခဲ႔ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္နွင္႔ ပတ္သက္၍ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္လာၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၅/၂၀၁၇၊ မူး/စိတ္ ၁၉(က) အရ အမႈဖြင့္ထားကာ ထြက္ေျပးလြတ္ေျမာက္ေနသည့္ တရားခံအား ဖမ္းဆီးရရိွႏိုင္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု #က်ိဳင္းတံုၿမိဳ႕မရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ဝမ်ဆာရွာအနီး ဖမ်းမိသည့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်လာသူ ထွက်ပြေးတိမ်းရှောင်နေ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝမ်ဆာရွာအနီး ကျိုင်းတုံ - လွိုင်မွေ ကားလမ်းတွင် ဇူလိုင်လ (၂)ရက်နေ့ ညနေ(၅)နာရီခွဲခန့်က ကျပ်သိန်း(၁၅၀၀)ခန့် တန်ဖိုးရှိသည့် KETAMINE ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ (၅၀)ကီလိုခန့် ဖမ်းဆီးရရှိမှုမှ တရားခံမှာ ထွက်ပြေးလွတ်မြောက်လျှက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျိုင်းတုံ - လွိုင်မွေ ကားလမ်း ဝမ်ဆာရွာအနီးတွင် စောင့်ဆိိုင်းနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် မသင်္ကာဖွယ်လူတစ်ဦးအား တားဆီးရန်ဆောင်ရွက်ရာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားက ဆိုင်ကယ်အားထားခဲ့ပြီး လမ်းဘေးရှိ ရာဘာတောအတွင်းသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်နှင့်အတူကျန်ခဲ့သည့် လက်ဆွဲအိတ်အားရှာဖွေရာ အိတ်အတွင်းမှ GUANYINWANG စာတမ်းပါ  KETAMINE ဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ (၁)ကီလိုဂရမ်ခန့်စီပါဝင်သည့် အထုပ်ပေါင်း (၅၀)ထုပ် စုစုပေါင်း အလေးချိန်(၅၀)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး တစ်ကီလိုလျှင် ခန့်မှန်းကျပ်သိန်း(၃၀)နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၅၀၀)ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများသယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၆၅/၂၀၁၇၊ မူး/စိတ် ၁၉(က) အရ အမှုဖွင့်ထားကာ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံအား ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ကျိုင်းတုံမြို့မရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~