ေက်ာက္မဲခရိုင္ အား/ကာေကာ္မတီဥကၠဌဖလားေဘာလံုးၿပိဳင္ပြဲ ဇူလိုင္ ၂၉ တြင္စတင္မည္

ေက်ာက္မဲခရိုင္ အား/ကာေကာ္မတီဥကၠဌဖလားေဘာလံုးၿပိဳင္ပြဲ ဇူလိုင္ ၂၉ တြင္စတင္မည္
ဇူလိုင် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌဖလား အသက္(၁၈)ႏွစ္ေအာက္ အမ်ိဳးသားေဘာလံုးၿပိဳင္ပြဲအား ဇူလိုင္လ(၂၉)ရက္ေန႔မွ ၾသဂုတ္လ(၁)ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕ရိွ ခရိုင္ျပည္သူ႔အားကစားကြင္းတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

 “ၿပိဳင္ပြဲက်င္းပဖို႔ အတြက္ကေတာ့ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါ၊ နမၼတူ၊ နမ့္ဆန္စတဲ့ ေက်ာက္မဲခရိုင္ႀကီးၾကပ္မႈ ေအာက္မွာရွိတဲ့ၿမိဳ႕ေတြက ေဘာလံုးအသင္းေတြ လာၿပီး ယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားပါတယ္။ နမ့္ဆန္ၿမိဳ႕နယ္ကအသင္း ကေတာ့ ၿပိဳင္ပြဲဝင္ဖို႔အခက္အခဲရွိလို႔ ၿပိဳင္ပြဲမွာ မပါဝင္ေတာ့ဘူးလို႔ သိရပါတယ္။ ဇူလိုင္လ(၂၉)ရက္ေန႔ ကေန ၾသဂုတ္လ(၁)ရက္ေန႔အထိ ေက်ာက္မဲခရိုင္အားကစားကြင္းမွာ တစ္ေန႔ကို ႏွစ္ပြဲႏႈန္းနဲ႔ ၿပိဳင္ပြဲဝင္သြားၾက မွာျဖစ္ပါတယ္” ဟု အားကစားႏွင့္ကာယပညာဦးစီးဌာန ေက်ာက္မဲခရိုင္ရံုးမွ ခရိုင္ဦးစီးအရာရွိ ဦးေနေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲခရိုင္အတြင္းရွိ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါႏွင့္ နမၼတူၿမိဳ႕မ်ားမွ အသက္(၁၈)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးအသင္း(၄)သင္းပါဝင္ကစားၾကမည္ျဖစ္ၿပီး ပထမဆု က်ပ္( ၂ )သိန္းႏွင့္ ဒုတိယဆု က်ပ္(၁)သိန္း ခ်ီးျမွင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲမ်ားတြင္ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႔ခ်ဳပ္မွ အသိအမွတ္ျပဳထားသည့္ ဒိုင္လူႀကီးႏွစ္ဦး လာေရာက္ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌဖလား အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၂၉)ရက်နေ့မှ သြဂုတ်လ(၁)ရက်နေ့အထိ ကျောက်မဲမြို့ရှိ ခရိုင်ပြည်သူ့အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 “ပြိုင်ပွဲကျင်းပဖို့ အတွက်ကတော့ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်စတဲ့ ကျောက်မဲခရိုင်ကြီးကြပ်မှု အောက်မှာရှိတဲ့မြို့တွေက ဘောလုံးအသင်းတွေ လာပြီး ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ နမ့်ဆန်မြို့နယ်ကအသင်း ကတော့ ပြိုင်ပွဲဝင်ဖို့အခက်အခဲရှိလို့ ပြိုင်ပွဲမှာ မပါဝင်တော့ဘူးလို့ သိရပါတယ်။ ဇူလိုင်လ(၂၉)ရက်နေ့ ကနေ သြဂုတ်လ(၁)ရက်နေ့အထိ ကျောက်မဲခရိုင်အားကစားကွင်းမှာ တစ်နေ့ကို နှစ်ပွဲနှုန်းနဲ့ ပြိုင်ပွဲဝင်သွားကြ မှာဖြစ်ပါတယ်” ဟု အားကစားနှင့်ကာယပညာဦးစီးဌာန ကျောက်မဲခရိုင်ရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးနေဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲခရိုင်အတွင်းရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် နမ္မတူမြို့များမှ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်း(၄)သင်းပါဝင်ကစားကြမည်ဖြစ်ပြီး ပထမဆု ကျပ်( ၂ )သိန်းနှင့် ဒုတိယဆု ကျပ်(၁)သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲများတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသိအမှတ်ပြုထားသည့် ဒိုင်လူကြီးနှစ်ဦး လာရောက် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~