မေကြးတိုင္းေဆးရံုႀကီးမွ လူနာေသဆံုးမႈ H1N1 ဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးေနဆဲ

မေကြးတိုင္းေဆးရံုႀကီးမွ လူနာေသဆံုးမႈ H1N1 ဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆးေနဆဲ
ဇူလိုင် 31, 2017
By Tachileik News Agency
 မေကြးတိုင္း၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ အထူးေရာဂါ ႏွိမ္နင္းေရး အဖဲြ႔ေခါင္းေဆာင္ ေဒါက္တာ ခ်မ္းေျမ႕ေအးေသာင္

မေကြးတိုင္းေဒသႀကီး ျပည္သူ႔ေဆးရံု၌ Influenza (B) အမ်ိဳးအစား လူနာတစ္ဦး ဇူလိုင္(၃၀)ရက္ေန႔က ေသဆံုး သြားသျဖင့္ ၎၏ အာေခါင္ႏွင္႔ ႏွာေခါင္း တို႔ပတ္အား ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခဲြသို႔ ပို႔စစ္ထားေၾကာင္း မေကြးတိုင္းျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

“လူနာေသဆံုးသြားတယ္ ဆိုေပမယ့္ ေဆးရံုကို ေရာက္ရိွလာလို႔ စစ္ေဆးတဲ႔အခါမွာ ျဖစ္ေလ့ျဖစ္ထ ရိွတဲ႔ ရာသီတုပ္ေကြး အမ်ိဳးအစား Influenza (B) ပဲ ေတြ႔ရိွရတာပါ။ အဲဒီလူနာ ေသဆံုးသြားရတာက အျခား ေရာဂါ အေၾကာင္းရင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ H1 N1 ဗိုင္းရပ္ေၾကာင္႔ ဟုတ္/မဟုတ္ ေသခ်ာေအာင္လို႔ သူ႔ရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္တို႔ပတ္ ရယူၿပီး ရန္ကုန္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခဲြ ကို ပို႔စစ္ထားပါတယ္”ဟု မေကြးတိုင္း၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ အထူးေရာဂါ ႏွိမ္နင္းေရး အဖဲြ႔ေခါင္းေဆာင္ ေဒါက္တာ ခ်မ္းေျမ႕ေအးေသာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေသဆံုးလူနာမွာ မင္းဘူးၿမိဳ႕နယ္ ကုန္းသာေက်းရြာမွ အသက္(၄၅)ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ဇူလိုင္(၂၉)ရက္ေန႔က မေကြးတိုင္းေဆးရံုႀကီးသို႔ ေရာက္ရွိလာၿပီး ဇူလိုင္ (၃၀)ရက္ နံနက္ ၂နာရီခဲြ အခ်ိန္ခန္႔တြင္ ေသဆံုးသြားျခင္းျဖစ္ၿပီး ရန္ကုန္မွ စစ္ေဆးခ်က္အေျဖရရိွပါက အေျခအေနကို ဆက္လက္ ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

တိုင္းေဆးရံုႀကီး ဖ်ားနာေဆာင္တြင္ ကုသမႈခံယူေနသည္႔ တုပ္ေကြးသံသယလကၡဏာရိွ လူနာ (၁၀)ဦးအား ဇူလိုင္ (၂၄)ရက္ေန႔မွစ၍ RDT (Rapid diagnostic test) ျဖင္႔ စမ္းသပ္စစ္ေဆးကုေပးလ်က္ရိွရာ ယေန႔အထိ H1 N1 ေရာဂါပိုး ေတြ႔ရိွျခင္း မရိွေသးဟု ဆိုသည္။

တုပ္ေကြးေရာဂါလကၡဏာရိွသူမ်ားအနက္ ျပင္းထန္တုပ္ေကြးေရာဂါလကၡဏာ Influenza (A) အမ်ိဳးအစား (၃)ဦး ေတြ႔ရိွထားေသာ္လည္း စိုးရိမ္ဖြယ္အေျခအေနတြင္မရိွေၾကာင္းသိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ Influenza (B) အမျိုးအစား လူနာတစ်ဦး ဇူလိုင်(၃၀)ရက်နေ့က သေဆုံး သွားသဖြင့်၎င်း၏ အာခေါင်နှင့် နှာခေါင်း တို့ပတ်အား ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲသို့ ပို့စစ်ထားကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“လူနာသေဆုံးသွားတယ် ဆိုပေမယ့် ဆေးရုံကို ရောက်ရှိလာလို့ စစ်ဆေးတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရာသီတုပ်ကွေး အမျိုးအစား Influenza (B) ပဲ တွေ့ရှိရတာပါ။ အဲဒီလူနာ သေဆုံးသွားရတာက အခြား ရောဂါ အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် H1 N1 ဗိုင်းရပ်ကြောင့် ဟုတ်/မဟုတ် သေချာအောင်လို့ သူ့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ပတ် ရယူပြီး ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲ ကို ပို့စစ်ထားပါတယ်”ဟု မကွေးတိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထူးရောဂါ နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ချမ်းမြေ့အေးသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သေဆုံးလူနာမှာ မင်းဘူးမြို့နယ် ကုန်းသာကျေးရွာမှ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဇူလိုင်(၂၉)ရက်နေ့က မကွေးတိုင်းဆေးရုံကြီးသို့ ရောက်ရှိလာပြီး ဇူလိုင် (၃၀)ရက် နံနက် ၂နာရီခွဲ အချိန်ခန့်တွင် သေဆုံးသွားခြင်းဖြစ်ပြီး ရန်ကုန်မှ စစ်ဆေးချက်အဖြေရရှိပါက အခြေအနေကို ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဆေးရုံကြီး ဖျားနာဆောင်တွင် ကုသမှုခံယူနေသည့် တုပ်ကွေးသံသယလက္ခဏာရှိ လူနာ (၁၀)ဦးအား ဇူလိုင် (၂၄)ရက်နေ့မှစ၍ RDT (Rapid diagnostic test) ဖြင့် စမ်းသပ်စစ်ဆေးကုပေးလျက်ရှိရာ ယနေ့အထိ H1 N1 ရောဂါပိုး တွေ့ရှိခြင်း မရှိသေးဟု ဆိုသည်။

တုပ်ကွေးရောဂါလက္ခဏာရှိသူများအနက် ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာ Influenza (A) အမျိုးအစား (၃)ဦး တွေ့ရှိထားသော်လည်း စိုးရိမ်ဖွယ်အခြေအနေတွင်မရှိကြောင်းသိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~