မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးမွ သံသယလူနာႏွစ္ဦးတြင္ H1 N1 ေရာဂါပိုးမေတြ႔ရေၾကာင္း ထုတ္ျပန္

မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးမွ သံသယလူနာႏွစ္ဦးတြင္ H1 N1 ေရာဂါပိုးမေတြ႔ရေၾကာင္း ထုတ္ျပန္
ဇူလိုင် 28, 2017
By Tachileik News Agency

မေကြးတိုင္းေဆးရံုႀကီးသို႔ ဇူလိုင္(၂၈)ရက္ နံနက္ပိုင္းက တုပ္ေကြးဖ်ားသည့္လူနာ(၂) ဦးအား H1 N1 သံသယရိွသျဖင္႔ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ႔ရာ H1 N1 ေရာဂါပိုး မေတြ႔ရိွရေၾကာင္း မေကြးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနက မီဒီယာမ်ားသို႔ အတည္ျပဳေျပာၾကားလိုက္သည္။

“ဒီမနက္ ေဆးရံုကိုေရာက္ရိွလာတဲ႔ လူနာႏွစ္ဦးကို H1 N1 သံသယရိွတဲ႔အတြက္ လိုအပ္သလို စမ္းသပ္ စစ္ေဆးမႈေတြျပဳလုပ္ခဲ့တာမွာ အမ်ားစိုးရိမ္ေနၾကသလို H1 N1 ပိုး မေတြ႔ရပါဘူး။ ရန္ကုန္ ဓာတ္ခဲြခန္း ကိုေတာင္ ပို႔စစ္ဖို႔ မလိုအပ္ဘဲ လံုးဝ Negative ပါ”ဟု တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရ ဦးစီးဌာနမွဴး ေဒါက္တာ ထြန္းေအာင္ၾကည္က အတည္ျပဳေျပာၾကားသည္။

မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးသို႔ ဇူလိုင္(၂၈)ရက္ နံနက္ပိုင္းက တက္ေရာက္လာသည္႔ လူနာ(၂)ဦးတြင္ H1 N1 ပုိး ေတြ႔ရိွရသည္ဟု အြန္လိုင္းမွ သတင္းမ်ား ထြက္လာသျဖင့္ ေဒသခံျပည္သူမ်ား စိုးရိမ္ ပူပန္ေနၾကျခင္းျဖစ္သည္။

“မေကြးတိုင္းေဒသႀကီးအတြင္းမွာေတာ႔ ဒီေန႔အထိ H1 N1 ျပင္းထန္တုပ္ေကြးသံသယရိွလူနာ တစ္ဦးတစ္ေယာက္မွ မေတြ႔ရိွရေသးပါဘူး။ တေလာေလးက မေကြးေဆးရံုႀကီးကို တက္ေရာက္လာတဲ႔ နတ္ေမာက္ကလူနာမွာ H1 N1 ဗိုင္းရပ္စ္ပိုး ေတြ႔ရိွရတယ္ဆိုတဲ့ သတင္းဟာလည္း မွန္ကန္မႈမရိွပါဘူး”ဟု မေကြးတိုင္းေဒသႀကီး အထူးေရာဂါႏိွမ္နင္းေရး အဖဲြ႔ေခါင္းေဆာင္ ေဒါက္တာခ်မ္းေျမ႕ေအးေသာင္က ေျပာၾကားသည္။

ရန္ကုန္ေဆးရံုႀကီးတြင္ H1N1 စစ္ေဆးေတြ႔ရိွရသည့္ လူနာနစ္ဦးမွာ မေကြးတုိင္းေဒသႀကီး နတ္ေမာက္ၿမိဳ႕နယ္ အတြင္းရိွ ေဂြး ကုန္းေက်းရြာတြင္ ရက္ပိုင္းတည္း ခိုေနထိုင္ခဲ့သည့္ သတင္းအရ က်န္းမာေရးဌာနက နတ္ေမာက္ၿမိဳ႕နယ္အတြင္းမွ ေဂြးကုန္းေက်းရြာ (၅)ရြာလံုးအား နယ္ေျမ ကြင္းဆင္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ က်န္းမာေရးဌာနအေနနဲ႔ နယ္ေျမကြင္းဆင္းၿပီးစံုစမ္းၾကည္႔တဲ႔အခါ ေဂြးကုန္းဆိုတဲ႔ေက်းရြာက နတ္ေမာက္ၿမိဳ႕နယ္မွာ (၅) ရြာေတာင္ရိွေနတာေၾကာင္႔ အဲဒီ (၅)ရြာလံုးက အဖ်ားေရာဂါျဖစ္ပြား လူနာေတြအေပၚ ေစာင္႔ၾကပ္ ႀကည္႔ရႈစစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရိွပါတယ္။ ဒါလည္း ဒီေန႔အထိ H1 N1 ျပင္းထန္တုပ္ေကြးေရာဂါ လံုးဝမေတြ႔ရပါဘူး”ဟု ေဒါက္တာခ်မ္းေျမ႕ေအးေသာင္က ေျပာသည္။

H1 N1 ျပင္းထန္တုပ္ေကြးေရာဂါ ကာကြယ္ႏိုင္ေရးအတြက္ တိုင္းေဒသႀကီး တီဘီဌာနက N 95 Mask မ်ားအား တိုင္းေဒသႀကီးအတြင္းရိွ (၂၅)ၿမိဳ႕နယ္ရိွေဆးရံုမ်ားသို႔ တစ္ၿမိဳ႕နယ္လွ်င္ (၁၂၀)စီ ၊ မေကြးတိုင္းေဆးရံုႀကီးတြင္ (၁၄၈၀)ခု၊ သင္ၾကားေရးေဆးရံုတြင္ (၂၄၀)ခု ေပးပို႔ျဖန္႔ေဝထားၿပီး နတ္ေမာက္ၿမိဳ႕နယ္မွ အဖ်ားေရာဂါျဖစ္ပြား လူနာမ်ားအား ေစာင္႔ၾကပ္ၾကည္႔ရႈ စမ္းသပ္ႏိုင္ရန္အတြက္ Non-Contact Thermometer (၂)ခု ျဖန္႔ေဝထားေၾကာင္း တိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးဦးစီးဌာန ျဖန္႔ျဖဴးေရးဦးစီးအရာရိွ ေဒါက္တာေအာင္ရဲပိုင္၏ ေျပာၾကားခ်က္အရ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဆေးရုံကြီးသို့ ဇူလိုင်(၂၈)ရက် နံနက်ပိုင်းက တုပ်ကွေးဖျားသည့်လူနာ(၂) ဦးအား H1 N1 သံသယရှိသဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ H1 N1 ရောဂါပိုး မတွေ့ရှိရကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မီဒီယာများသို့ အတည်ပြုပြောကြားလိုက်သည်။

“ဒီမနက် ဆေးရုံကိုရောက်ရှိလာတဲ့ လူနာနှစ်ဦးကို H1 N1 သံသယရှိတဲ့အတွက် လိုအပ်သလို စမ်းသပ် စစ်ဆေးမှုတွပြေုလုပ်ခဲ့တာမှာ အများစိုးရိမ်နကြေသလို H1 N1 ပိုး မတွေ့ရပါဘူး။ ရန်ကုန် ဓာတ်ခွဲခန်းကိုတောင် ပို့စစ်ဖို့ မလိုအပ်ဘဲ လုံးဝ Negative ပါ”ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေ ဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်က အတည်ပြုပြောကြားသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင်(၂၈)ရက် နံနက်ပိုင်းက တက်ရောက်လာသည့် လူနာ(၂)ဦးတွင် H1 N1 ပိုး တွေ့ရှိရသည်ဟု အွန်လိုင်းမှသတင်းများထွက်လာသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နကြခြေင်းဖြစ်သည်။

“မကွေးတိုင်းဒေသကြီးအတွင်းမှာတော့ ဒီနေ့အထိ H1 N1 ပြင်းထန်တုပ်ကွေးသံသယရှိလူနာ တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသေးပါဘူး။ တလောလေးက မကွေးဆေးရုံကြီးကို တက်ရောက်လာတဲ့ နတ်မောက်ကလူနာမှာ H1 N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်ဆိုတဲ့သတင်းဟာလည်း မှန်ကန်မှုမရှိပါဘူး”ဟု မကွေးတိုင်းဒေသကြီး အထူးရောဂါနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေးသောင်က ပြောကြားသည်။

ရန်ကုန်ဆေးရုံကြီးတွင် H1N1 စစ်ဆေးတွေ့ရှိရသည့် လူနာနစ်ဦးမှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အတွင်းရှိ ဂွေး ကုန်းကျေးရွာတွင် ရက်ပိုင်းတည်းခိုနေထိုင်ခဲ့သည့်သတင်းအရ ကျန်းမာရေးဌာနက နတ်မောက်မြို့နယ်အတွင်းမှ ဂွေးကုန်းကျေးရွာ (၅)ရွာလုံးအား နယ်မြေ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ကျန်းမာရေးဌာနအနေနဲ့ နယ်မြေကွင်းဆင်းပြီးစုံစမ်းကြည့်တဲ့အခါ ဂွေးကုန်းဆိုတဲ့ကျေးရွာက နတ်မောက်မြို့နယ်မှာ (၅) ရွာတောင်ရှိနေတာကြောင့် အဲဒီ (၅)ရွာလုံးက အဖျားရောဂါဖြစ်ပွား လူနာတွေအပေါ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါလည်း ဒီနေ့အထိ H1 N1 ပြင်းထန်တုပ်ကွေးရောဂါ လုံးဝမတွေ့ရပါဘူး”ဟု ဒေါက်တာချမ်းမြေ့အေးသောင်က ပြောသည်။

H1 N1 ပြင်းထန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီး တီဘီဌာနက N 95 Mask များအား တိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်ရှိဆေးရုံများသို့ တစ်မြို့နယ်လျှင် (၁၂၀)စီ၊ မကွေးတိုင်းဆေးရုံကြီးတွင် (၁၄၈၀)ခု၊ သင်ကြားရေးဆေးရုံတွင် (၂၄၀)ခု ပေးပို့ဖြန့်ဝေထားပြီး နတ်မောက်မြို့နယ်မှ အဖျားရောဂါဖြစ်ပွား လူနာများအား စောင့်ကြပ်ကြည့်ရှု စမ်းသပ်နိုင်ရန်အတွက် Non-Contact Thermometer (၂)ခု ဖြန့်ဝေထားကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖြန့်ဖြူးရေးဦးစီးအရာရှိ ဒေါက်တာအောင်ရဲပိုင်၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~