မကွေးတိုင်းဒေသကြီးအတွင်း GAP စနစ်စတင် အကောင်အထည်ဖော်နေသည့် နှမ်းစိုက်တောင်သူများ သီးနှံဈေးနှုန်းတိုးရလာဖွယ်ရှိ

မကွေးတိုင်းဒေသကြီးအတွင်း GAP စနစ်စတင် အကောင်အထည်ဖော်နေသည့် နှမ်းစိုက်တောင်သူများ သီးနှံဈေးနှုန်းတိုးရလာဖွယ်ရှိ
ဇူလိုငျ 29, 2017
By Tachileik News Agency



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သရက်သီးကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းအား မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်သာ လုပ်ဆောင်နေပြီး လက်ရှိတွင် မကွေးတိုင်းမှ ထုတ်လုပ်သည့် နှမ်းအား GAP စနစ်ဖြင့် စတင်နေခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရေးအတွက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ NGO အဖွဲ့ တစ်ခုဖြစ်သည့် NGA၊ ရွှေသဇင်ကုမ္ပဏီ ၊ တောင်သူကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ထွက်ကုန်များကို တင်ပို့ရန် ဂျပန်ဈေးကွက်ဖြင့် တိုက်ရိုက် ချိတ်ဆက် တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ် အကောင်အထည်ဖော်ရေးအတွက် NAG က ကျေးရွာ(၃၇)ရွာမှ စိုက်ပျိုးဧက(၃၀၉၄)ဧကတွင် ပူးပေါင်းဆောင်ရွက်နေပြီး ITC ( Intrenational Trade Centre )က (၆၆၂)ဧကကို ဆောင်ရွက်နေကြောင်း သိရသည်။

“မင်းလှ၊ မင်းဘူး၊ မကွေးနဲ့ နတ်မောက် မြို့နယ်(၄)ခုမှာ ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ဖို့၊ ဓာတုဆေးကြွင်း အာနိသင်နည်းဖို့ ၊ နိုင်ငံခြားပို့ကုန်အဆင့် အရည်အသွေးပြည့်မီဖို့နဲ့ ကောင်းမွန်စိတ်ချရတဲ့ နိုင်ငံခြားဈေးကွက်ရရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေထားရှိပြီး GAP စနစ်နဲ့ နှမ်းနက် စိုက်ပျိုးနေခြင်း ဖြစ်ပါတယ်”ဟု ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်မှ ထွက်ရှိသည့် သီးနှံများအား တင်ပို့ရာတွင် ဂျပန်ကပေးချေသော ဒေါ်လာဈေးနှင့် ကိုက်ညီသည့် မြန်မာငွေစုစုပေါင်းအပေါ်မှ အကျိုးခံစားခွင့်အား တောင်သူများအတွက် အပြည့်အ၀ပေးချေနိုင်ရန် သဘောတူညီထားသဖြင့် တောင်သူများအနေဖြင့် ယခင်ကရရှိနေသည့် ဈေးနှုန်းထက် နှမ်းတစ်တင်းလျှင် ကျပ်(၈၀၀)မှ ကျပ် (၁၀၀၀)ကြားအထိ တိုးမြင့်ရလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဘေးအန္တရာယ်ကင်းသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်သိမ်းဆည်းခြင်း လုပ်ငန်းစဉ်ဖြစ်သည့် GAP(Good Agricultural practice ) စနစ်အား မကွေးတိုင်းဒေသကြီး မြို့နယ်(၄)ခုတွင် ယခုနှစ်မှ စတင် အကောင်အထည် ဖော်နေရာ တောင်သူများအတွက် သီးနှံဈေးနှုန်းသတ်မှတ်ချက်ကိုပါ သဘောတူညီမှုဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

“တောင်သူတွေအတွက် ဈေးကွက်အာမခံချက်ရှိတဲ့ စီမံချက်တစ်ခုဖြစ်ပြီး မတ် လ ကတည်းက စတင် ဆောင်ရွက်ခဲ့တာပါ။ ရာခိုင်နှုန်း (၆၀) လောက်အောင်မြင်နေပါပြီ”ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးခင်မောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သရက်သီးကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းအား မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်သာ လုပ်ဆောင်နပြေီး လက်ရှိတွင် မကွေးတိုင်းမှ ထုတ်လုပ်သည့် နှမ်းအား GAP စနစ်ဖြင့် စတင်နခြေင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရေးအတွက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ NGO အဖွဲ့ တစ်ခုဖြစ်သည့် NGA၊ ရွှေသဇင်ကုမ္ပဏီ၊ တောင်သူကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်နခြေင်းဖြစ်ပြီး ထွက်ကုန်များကို တင်ပို့ရန် ဂျပန်ဈေးကွက်ဖြင့် တိုက်ရိုက် ချိတ်ဆက် တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စနစ် အကောင်အထည်ဖော်ရေးအတွက် NAG က ကျေးရွာ(၃၇)ရွာမှ စိုက်ပျိုးဧက(၃၀၉၄)ဧကတွင် ပူးပေါင်းဆောင်ရွက်နပြေီး ITC ( Intrenational Trade Centre )က (၆၆၂)ဧကကို ဆောင်ရွက်နေကြောင်း သိရသည်။

“မင်းလှ၊ မင်းဘူး၊ မကွေးနဲ့ နတ်မောက် မြို့နယ်(၄)ခုမှာ ထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ဖို့၊ ဓာတုဆေးကြွင်း အာနိသင်နည်းဖို့၊ နိုင်ငံခြားပို့ကုန်အဆင့် အရည်အသွေးပြည့်မီဖို့နဲ့ ကောင်းမွန်စိတ်ချရတဲ့ နိုင်ငံခြားဈေးကွက်ရရှိဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေထားရှိပြီး GAP စနစ်နဲ့ နှမ်းနက် စိုက်ပျိုးနခြေင်း ဖြစ်ပါတယ်”ဟု ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်မှ ထွက်ရှိသည့် သီးနှံများအား တင်ပို့ရာတွင် ဂျပန်ကပေးချေသော ဒေါ်လာဈေးနှင့် ကိုက်ညီသည့် မြန်မာငွေစုစုပေါင်းအပေါ်မှ အကျိုးခံစားခွင့်အား တောင်သူများအတွက် အပြည့်အဝပေးချေနိုင်ရန် သဘောတူညီထားသဖြင့် တောင်သူများအနဖြေင့် ယခင်ကရရှိနေသည့် ဈေးနှုန်းထက် နှမ်းတစ်တင်းလျှင် ကျပ်(၈၀၀)မှ ကျပ် (၁၀၀၀)ကြားအထိ တိုးမြင့်ရလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~