မိုင္းျဖတ္ၿမိဳ႕တြင္ အစားအေသာက္ႏွင့္ေဆးဝါးအႏၱရာယ္ကင္းရွင္းေရးအျဖစ္ ေဆးဆိုင္မ်ားႏွင့္ ေရသန္႔မ်ားအား အသိပညာေပးႏွင့္ စစ္ေဆးမႈ လုပ္ေဆာင္

မိုင္းျဖတ္ၿမိဳ႕တြင္ အစားအေသာက္ႏွင့္ေဆးဝါးအႏၱရာယ္ကင္းရွင္းေရးအျဖစ္ ေဆးဆိုင္မ်ားႏွင့္ ေရသန္႔မ်ားအား အသိပညာေပးႏွင့္ စစ္ေဆးမႈ လုပ္ေဆာင္
ဇူလိုင် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ တာခ်ီလိတ္ၿမိဳ႕၊ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန(FDA)မွ ႀကီးမွဴး၍ အစားအေသာက္၊ ေဆး၀ါးႏွင့္ အလွကုန္ပစၥည္း ေဘးအႏၱရာယ္ကင္းရွင္းေရး အသိပညာေပး ေဟာေျပာပြဲကို ဇူလိုင္လ(၇)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

''ကြ်န္ေတာ္တို႔ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနအေနနဲ႔ မုိင္းျဖတ္ၿမိဳ႕မွာရွိတဲ့ မိဘ ျပည္သူေတြကို အစားအေသာက္နဲ႔ျဖစ္ျဖစ္ ေဆး၀ါးနဲ႔ပဲျဖစ္ျဖစ္ ေဘးအႏၱရာယ္ မျဖစ္ေပၚေစရေအာင္ ရည္ရြယ္ခ်က္နဲ႔ အသိပညာေပး ေဟာေျပာပြဲ လာေရာက္ျပဳလုပ္ေပးတာျဖစ္ပါတယ္ " ဟု အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေမာင္တိုးက ေျပာသည္။

အသိပညာေပး ေဟာေျပာပြဲအၿပီးတြင္ မိုင္းျဖတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒု-ဦးစီးမွဴး ဦးေအာင္ျမတ္စိုး၊ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(တာခ်ီလိတ္)မွ ဦးစီးအရာရွိ ဦးေမာင္တိုး၊ ရဲစခန္းမွဴး ဒုရဲမွဴးခင္ေမာင္ေဌး၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန မွ အမႈေဆာင္အရာရွိ ဦးတုိးေဇာ္ထြန္း၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာ ေအးျမတ္၀င္း တုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ေဆးအေရာင္းဆိုင္မ်ား၊ စားေသာက္ကုန္ႏွင့္ အလွကုန္ပစၥည္းအေရာင္းဆိုင္မ်ား၊ ေသာက္ေရသန္႔ စက္႐ံုမ်ားသုိ႔ ပူးေပါင္းအဖြဲ႔ျဖင့္ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် တာချီလိတ်မြို့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ကြီးမှူး၍ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ(၇)ရက်နေ့က ကျင်းပကြောင်း သိရသည်။

''ကျွန်တော်တို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ မိုင်းဖြတ်မြို့မှာရှိတဲ့ မိဘ ပြည်သူတွေကို အစားအသောက်နဲ့ဖြစ်ဖြစ် ဆေးဝါးနဲ့ပဲဖြစ်ဖြစ် ဘေးအန္တရာယ် မဖြစ်ပေါ်စေရအောင် ရည်ရွယ်ချက်နဲ့ အသိပညာပေး ဟောပြောပွဲ လာရောက်ပြုလုပ်ပေးတာဖြစ်ပါတယ် " ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်တိုးက ပြောသည်။

အသိပညာပေး ဟောပြောပွဲအပြီးတွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးအောင်မြတ်စိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(တာချီလိတ်)မှ ဦးစီးအရာရှိ ဦးမောင်တိုး၊ ရဲစခန်းမှူး ဒုရဲမှူးခင်မောင်ဌေး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန မှ အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အေးမြတ်ဝင်း တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆေးအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၊ သောက်ရေသန့် စက်ရုံများသို့ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~