ရွမ္းျပည္နယ္တြင္း ေစ်းမ်ားတြင္ ၾကက္အရွင္မ်ား ေနရာ၌ပင္ ခ်က္ခ်င္းသတ္၍ ေရာင္းခ်ျခင္းအား တားျမစ္ထားထားေသာ္လည္း လိုက္နာျခင္း မရွိဟုဆို

ရွမ္းျပည္နယ္တြင္း ေစ်းမ်ားတြင္ ၾကက္အရွင္မ်ား ေနရာ၌ပင္ ခ်က္ခ်င္းသတ္၍ ေရာင္းခ်ျခင္းအား တားျမစ္ထားထားေသာ္လည္း လိုက္နာျခင္း မရွိဟုဆို
ဇူလိုင် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေစ်းမ်ားတြင္ ႀကက္အရွင္မ်ားအား တစ္ခါတည္းသတ္၍ေရာင္းခ်ျခင္းကို တားျမစ္စာမ်ားျဖင့္ အေၾကာင္းၾကားထားေသာ္လည္း ေစ်းသည္မ်ားမွာ လိုက္နာျခင္းမရွိဘဲ ေစ်းထဲမွာပင္ ၾကက္ရွင္မ်ား သတ္ျဖတ္ျခင္းမ်ားျပဳလုပ္ေနေသာေၾကာင့္ ဇူလိုင္လအတြင္း သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမ်ားႏွင့္ ကြင္းဆင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ကုန္ လံုျခံဳစိတ္ခ်ရမႈဆိုင္ရာလုပ္ငန္းေကာ္မတီမွ သိရသည္။

"ၾကက္အရွင္ေတြကို အမွတ္(၅)ေစ်းမွာ တင္မကဘူး။ တျခားေနရာေတြမွာေတာင္ သတ္ေနတာေတြ႕ေနရတယ္။ ဒါေတြကိုလည္း ကြ်န္ေတာ္တို႔က လိုက္လံတားဆီးးကာကြယ္သြားမွာပါ။ ယဥ္ေက်းမႈအရေရာ က်န္းမာေရး၊ ဘာသာေရး အရေရာ မသင့္ေတာ္ပါဘူး။ ဒါကိုမလုပ္ဖို႔ မသတ္ဖို႔ကို တရား၀င္စာထုတ္ၿပီးေတာ့ အေၾကာင္းၾကားစာလည္းပို႔ၿပီးထားၿပီ။ လိုက္နာမႈလည္းမရွိဘူး။ ႀကီးႀကပ္ေပးမယ့္ လူလည္း မရွိေတာ့ သက္ဆိုင္ရာ တာ၀န္ရွိသူေတြနဲ႕ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႕ ပူးေပါင္းညိွႏိႈင္းျပီး ဒီကိစၥကို ရပ္တန္႔သြားေအာင္ ဒီလအတြင္းမွာ ေဆာင္ရြက္သြားမွာပါ။"ဟု ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီ ဥကၠဌ ဦးျမသန္း က ေျပာသည္။

ေစ်းမ်ားတြင္ ႀကက္အရွင္မ်ားအား တစ္ခါတည္းသတ္၍ ေရာင္းခ်ျခင္းကို ၂၀၁၇ခုႏွစ္ ဇြန္လ(၂၃)ရက္ေန႔က စ၍ တားျမစ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီကို ၂၀၁၄ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန၊ ရွမ္းျပည္နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္း ဦးစီးဌာန၊ စည္ပင္သာယာေရးဌာန၊ ျပည္နယ္စိုက္ပ်ဳိးေရးဦးစီးဌာန၊ ျပည္နယ္အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ရွမ္းျပည္နယ္ အေကာက္ခြန္ဦးစီးဌာန၊ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း၊ စားေသာက္ကုန္ထုတ္လုပ္ တင္သြင္းေရာင္းခ်သူမ်ားအသင္း၊ ဆီကုန္သည္မ်ားအသင္း၊ ပဲေျပာင္းႏွမ္းအသင္း တို႔မွ ေကာ္မတီ၀င္ (၁၂) ဦးျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - #ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဈေးများတွင် ကြက်အရှင်များအား တစ်ခါတည်းသတ်၍ရောင်းချခြင်းကို တားမြစ်စာများဖြင့် အကြောင်းကြားထားသော်လည်း ဈေးသည်များမှာ လိုက်နာခြင်းမရှိဘဲ ဈေးထဲမှာပင် ကြက်ရှင်များ သတ်ဖြတ်ခြင်းများပြုလုပ်နေသောကြောင့် ဇူလိုင်လအတွင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းကော်မတီမှ သိရသည်။

"ကြက်အရှင်တွေကို အမှတ်(၅)ဈေးမှာ တင်မကဘူး။ တခြားနေရာတွေမှာတောင် သတ်နေတာတွေ့နေရတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က လိုက်လံတားဆီးကာကွယ်သွားမှာပါ။ ယဉ်ကျေးမှုအရရော ကျန်းမာရေး၊ ဘာသာရေး အရရော မသင့်တော်ပါဘူး။ ဒါကိုမလုပ်ဖို့ မသတ်ဖို့ကို တရားဝင်စာထုတ်ပြီးတော့ အကြောင်းကြားစာလည်းပို့ပြီးထားပြီ။ လိုက်နာမှုလည်းမရှိဘူး။ ကြီးကြပ်ပေးမယ့် လူလည်း မရှိတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဒီကိစ္စကို ရပ်တန့်သွားအောင် ဒီလအတွင်းမှာ ဆောင်ရွက်သွားမှာပါ။"ဟု ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဦးမြသန်း က ပြောသည်။

ဈေးများတွင် ကြက်အရှင်များအား တစ်ခါတည်းသတ်၍ ရောင်းချခြင်းကို ၂၀၁၇ခုနှစ် ဇွန်လ(၂၃)ရက်နေ့က စ၍ တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးဌာန၊ ရေသန့်လုပ်ငန်းရှင်များအသင်း၊ စားသောက်ကုန်ထုတ်လုပ် တင်သွင်းရောင်းချသူများအသင်း၊ ဆီကုန်သည်များအသင်း၊ ပဲပြောင်းနှမ်းအသင်း တို့မှ ကော်မတီဝင် (၁၂) ဦးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~