ေက်ာက္မဲ ႏွင့္ ဖယ္ခံုၿမိဳ႕တို႔တြင္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ၾသဂုတ္လအတြင္း သင္တန္းမ်ား ဖြင့္မည္

ေက်ာက္မဲ ႏွင့္ ဖယ္ခံုၿမိဳ႕တို႔တြင္ အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ၾသဂုတ္လအတြင္း သင္တန္းမ်ား ဖြင့္မည္
ဇူလိုင် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဖယ္ခံုၿမိဳ႕တြင္ ၾသဂုတ္လ (၄) ရက္ေန႔၌ လူသံုးကုန္အလွကုန္ ထုတ္လုပ္မႈနည္းပညာ သင္တန္း ႏွင့္ ေက်ာက္မဲၿမိဳ႕တြင္ ၾသဂုတ္ (၁၁) ရက္ေန႔၌ ဆိုင္ကယ္ျပဳျပင္ျခင္း သင္တန္းမ်ားကို အေသးစား စက္မႈလက္မႈလုပ္ငန္းဦးစီးဌာနက ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီလိုပညာရပ္ေတြက မိသားစုတစ္ပိုင္တစ္နိုင္ စီးပြားေရးလုပ္ဖို႔အတြက္ အခြင့္အလမ္းေကာင္းတစ္ရပ္ပါ။ သင္တန္းဆင္းသြားတဲ့ သင္တန္းသားေတြကလည္း ဒီထက္ပိုၿပီး ျပည့္ျပည့္စံုစံု ပိုၿပီးထုတ္လုပ္နိုင္ၿပီး နိုင္ငံေတာ္အတြက္လည္း အက်ဳိးျပဳမယ့္သူေတြျဖစ္ဖို႔လိုပါတယ္။ သင္ယူထားတဲ့ပညာရပ္ေတြကိုလည္း နီးစပ္ရာမွာ လက္ဆင့္ကမ္း သင္ၾကားေပးဖို႔ လိုအပ္ပါတယ္။ တျခားနိုင္ငံက ထုတ္လုပ္လာတဲ့ ထုပ္ပိုးမႈေတြကို ေလ့လာဆည္းပူးၿပီး အႏၱရာယ္ကင္းကင္းနဲ႕ ထုတ္လုပ္နိုင္ဖို႔ လိုအပ္ပါတယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္နယ္စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ဇူလိုင္လ (၂၆) ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ လူသံုးကုန္အလွကုန္ ထုတ္လုပ္မႈနည္းပညာသင္တန္းဆင္းပြဲတြင္ ေျပာၾကားသည္။

အဆိုပါ သင္တန္းသို႕ လားရိႈး၊ ေတာင္ႀကီး၊ ဟိုပံုး၊ ေအးသာယာတို႔မွ သင္တန္းသား (၂၃)ဦးျဖင့္ ဇူလိုင္လ (၂၀) ရက္ေန႔ (၂၆) ရက္ေန႔အထိ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

“အသက္ေမြး၀မ္းေက်ာင္း ကာလတိုသင္တန္းေတြကို ေဒသေတြမွာ စဥ္ဆက္မျပတ္ ပို႔ခ်ေနတဲ့ အတြက္ေၾကာင့္ ပညာရပ္ေတြကို လိုလားတဲ့သူေတြက ကၽြန္ေတာ္တို႔ ဌာနကို ဆက္သြယ္ေပးပါ။ သင္တန္းသူ/သင္တန္းသားေတြကလည္း တစ္ခ်ိန္က်ရင္ လုပ္ငန္းရွင္ႀကီးေတြျဖစ္ေအာင္ ႀကိဳးစားေစခ်င္ပါတယ္” ဟု ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက ေျပာသည္။

အေသးစားစက္မႈလက္မႈလုပ္ငန္း ဦးစီးဌာနက ၂၀၁၇ ခုႏွစ္အတြင္း သင္တန္း (၉)ႀကိမ္ဖြင့္လွစ္ထားၿပီး ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - UMA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့တွင် သြဂုတ်လ (၄) ရက်နေ့၌ လူသုံးကုန်အလှကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း နှင့် ကျောက်မဲမြို့တွင် သြဂုတ် (၁၁) ရက်နေ့၌ ဆိုင်ကယ်ပြုပြင်ခြင်း သင်တန်းများကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုပညာရပ်တွေက မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ်ပါ။ သင်တန်းဆင်းသွားတဲ့ သင်တန်းသားတွေကလည်း ဒီထက်ပိုပြီး ပြည့်ပြည့်စုံစုံ ပိုပြီးထုတ်လုပ်နိုင်ပြီး နိုင်ငံတော်အတွက်လည်း အကျိုးပြုမယ့်သူတွဖြေစ်ဖို့လိုပါတယ်။ သင်ယူထားတဲ့ပညာရပ်တွေကိုလည်း နီးစပ်ရာမှာ လက်ဆင့်ကမ်း သင်ကြားပေးဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံက ထုတ်လုပ်လာတဲ့ ထုပ်ပိုးမှုတွေကို လေ့လာဆည်းပူးပြီး အန္တရာယ်ကင်းကင်းနဲ့ ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဇူလိုင်လ (၂၆) ရက်နေ့က တောင်ကြီးမြို့ လူသုံးကုန်အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ပြောကြားသည်။

အဆိုပါ သင်တန်းသို့ လားရှိုး၊ တောင်ကြီး၊ ဟိုပုံး၊ အေးသာယာတို့မှ သင်တန်းသား (၂၃)ဦးဖြင့် ဇူလိုင်လ (၂၀) ရက်နေ့ (၂၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းတွေကို ဒေသတွေမှာ စဉ်ဆက်မပြတ် ပို့ချနေတဲ့ အတွက်ကြောင့် ပညာရပ်တွေကို လိုလားတဲ့သူတွေက ကျွန်တော်တို့ ဌာနကို ဆက်သွယ်ပေးပါ။ သင်တန်းသူ/သင်တန်းသားတွေကလည်း တစ်ချိန်ကျရင် လုပ်ငန်းရှင်ကြီးတွဖြေစ်အောင် ကြိုးစားစေချင်ပါတယ်” ဟု ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ပြောသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွင်း သင်တန်း (၉)ကြိမ်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - UMA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~