ေက်ာက္မဲတြင္ အသက္ ၂၀ အရြယ္ လူငယ္တစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

ေက်ာက္မဲတြင္ အသက္ ၂၀ အရြယ္ လူငယ္တစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
ဇူလိုင် 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္၊ ေအာင္ျခင္းရွစ္ပါးလမ္းတြင္ ဇူလိုင္လ (၂၉)ရက္ေန႔ ေန႔လယ္က ကားတစ္စီးအား စစ္ေဆးရာ ယာဥ္ေမာင္းႏွင္လာသည့္ လူငယ္ထံက မူးယစ္ေဆး ဖမ္းဆီးရမိေၾကာင္း ေက်ာက္မဲ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“မူးယစ္ေဆးဝါးသတင္းအရ ေက်ာက္မဲ ရဲတပ္ဖြဲ႔ရယ္၊ အသိသက္ေသ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ အရန္ မီးသတ္တပ္ဖြဲ႔တု႔ိရယ္ ပါဝင္တဲ့ အဖြဲ႔နဲ႔ ႀကိဳတင္ေစာင့္ဆိုင္းေနတဲ့အခ်ိန္ မသကၤာဖြယ္ရာ ကားတစ္စီးကို ရပ္တန္႔ စစ္ေဆးခဲ့တာပါ။ အဲဒီကားကို ေမာင္းႏွင္လာသူ အမ်ိဳးသား ဝတ္ဆင္ထားတဲ့ ဂ်င္းေဘာင္းဘီေရွ႕အိတ္၊ ေနာက္အိတ္ေတြထဲကေန ဘိန္းျဖဴလို႔ ယူဆရတာအခ်ိဳ႕နဲ႔ စိတ္ၾကြေဆးျပား အခ်ိဳ႕ကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႕မွ ဒုရဲအုပ္ ေကာင္းျမတ္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္ေမာင္းႏွင္လာသည့္ အသက္(၂၀)ခန္႔အရြယ္ အမ်ိဳးသား၏ ေဘာင္းဘီရွည္အိတ္မ်ားအတြင္းမွ ဘိန္းျဖဴဟု ယူဆရေသာ ျဖဴ/ဝါေရာင္ အမႈန္႔(၀.၃)ဂရမ္၊ WY စာတန္းပါ ပန္းေရာင္ေဆးျပား (၁၁၆)ျပား ႏွင့္ 88/1 စာတန္းပါ ပန္းေရာင္ေဆးျပား (၈)ျပား စုစုေပါင္းေဆးျပား(၁၂၆)ျပားႏွင့္အတူ ေငြက်ပ္ ( ၁၉၄၀၀၀)အား ရွာေဖြေတ႔ြရွိခဲ့ေၾကာင္း သိရသည္။

အဆိိုပါ လူငယ္၏ ေနအိမ္အား ထပ္မံရွာေဖြရာ ေနအိမ္ အိပ္ခန္း ကုတင္ေပၚမွ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည္ဟု ယူဆရသည့္ ေဆးထိုးအပ္(၃)ေခ်ာင္း၊ အေပါက္ေဖာက္ထားသည့္ (၃၅၀ ml )ေကာ္ဘူးတစ္ဘူး၊အေအးပိုက္ (၂)ေခ်ာင္းႏွင့္ အရွည္ တစ္ေပခန္႔ရွိသည့္ ခဲျပားလိပ္(၁)ခုတို႔အား ထပ္မံေတြ႔ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား ႏွင့္ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳေသာ ဆက္စပ္ပစၥည္းမ်ား ေရာင္းခ်ရန္ႏွင့္ သံုးစြဲရန္အလို႔ငွာ လက္ဝယ္ထားရွိသူ အဆိုပါအမ်ိဳးသားအား ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၇/၂၀၁၇၊ ပုဒ္မ -၁၅/၁၉(က)/ ၂၀(က) အရ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
Photo -  kmk


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်၊ အောင်ခြင်းရှစ်ပါးလမ်းတွင် ဇူလိုင်လ (၂၉)ရက်နေ့ နေ့လယ်က ကားတစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းနှင်လာသည့် လူငယ်ထံက မူးယစ်ဆေး ဖမ်းဆီးရမိကြောင်း ကျောက်မဲ ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မူးယစ်ဆေးဝါးသတင်းအရ ကျောက်မဲ ရဲတပ်ဖွဲ့ရယ်၊ အသိသက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အရန် မီးသတ်တပ်ဖွဲ့တို့ရယ် ပါဝင်တဲ့ အဖွဲ့နဲ့ ကြိုတင်စောင့်ဆိုင်းနေတဲ့အချိန် မသင်္ကာဖွယ်ရာ ကားတစ်စီးကို ရပ်တန့် စစ်ဆေးခဲ့တာပါ။ အဲဒီကားကို မောင်းနှင်လာသူ အမျိုးသား ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီရှေ့အိတ်၊ နောက်အိတ်တွေထဲကနေ ဘိန်းဖြူလို့ ယူဆရတာအချို့နဲ့ စိတ်ကြွဆေးပြား အချို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ မြို့မရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကောင်းမြတ်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်မောင်းနှင်လာသည့် အသက်(၂၀)ခန့်အရွယ် အမျိုးသား၏ ဘောင်းဘီရှည်အိတ်များအတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါရောင် အမှုန့်(ဝ.၃)ဂရမ်၊ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၁၆)ပြား နှင့် 88/1 စာတန်းပါ ပန်းရောင်ဆေးပြား (၈)ပြား စုစုပေါင်းဆေးပြား(၁၂၆)ပြားနှင့်အတူ ငွေကျပ် ( ၁၉၄၀၀၀)အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်၏ နေအိမ်အား ထပ်မံရှာဖွေရာ နေအိမ် အိပ်ခန်း ကုတင်ပေါ်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးထိုးအပ်(၃)ချောင်း၊ အပေါက်ဖောက်ထားသည့် (၃၅၀ ml )ကော်ဘူးတစ်ဘူး၊အအေးပိုက် (၂)ချောင်းနှင့် အရှည် တစ်ပေခန့်ရှိသည့် ခဲပြားလိပ်(၁)ခုတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ရောင်းချရန်နှင့် သုံးစွဲရန်အလို့ငှါ လက်ဝယ်ထားရှိသူ အဆိုပါအမျိုးသားအား ကျောက်မဲမြို့ မြို့မရဲစခန်းတွင် မယ(ပ)၁၇/၂၀၁၇၊ ပုဒ်မ -၁၅/၁၉(က)/ ၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
Photo - kmk 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~