ကုလအထူးသံတမန္ မစၥယန္ဟီလီ၏ လားရိႈးခရီးစဥ္အတြက္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕အင္အား ၃၀၀ ခန္႔ျဖင့္ လံုၿခံဳေရး ေဆာင္ရြက္မည္

ကုလအထူးသံတမန္ မစၥယန္ဟီလီ၏ လားရိႈးခရီးစဥ္အတြက္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕အင္အား ၃၀၀ ခန္႔ျဖင့္ လံုၿခံဳေရး ေဆာင္ရြက္မည္
ဇူလိုင် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕သို႔ ဇူလိုင္လ(၁၄) ရက္ေန႔တြင္ လာေရာက္မည့္ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ဆိုင္ရာ အထူးအေျခအေန အစီရင္ခံစာ တင္သြင္းသူ မစၥယန္ဟီလီ၏ ခရီးစဥ္အတြင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွ အင္အား(၃၀၀)ခန္႔အသံုးျပဳ၍ လံုၿခံဳေရး ရယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လံုၿခံဳေရးကေတာ့ အပိုင္း(၇)ပိုင္း ခြဲျခားထားပါတယ္။ ေနရာ၊ လမ္းေၾကာင္း ၊ လူပုဂၢိဳလ္၊ ယာဥ္တန္း၊ နယ္ေျမ အေရးေပၚလံုၿခံဳေရးနဲ႔ မီးေဘး လံုၿခံဳေရးဆိုၿပီးေတာ့ အပိုင္း(၇)ပိုင္းနဲ႔ ေဆာင္ရြက္ သြားမွာျဖစ္ပါတယ္။ ေနရာ လံုၿခံဳေရးအေနနဲ႔ေတာ့ သူေရာက္မယ့္ေန႔မွာ လားရိႈးေလဆိပ္မွာ လံုၿခံဳေရး ယူေပးမယ္။ သူတည္းမယ့္ဟိုတယ္မွာ လံုၿခံဳေရးယူေပးမယ္။ လံုၿခံဳေရးအင္အား စုစုေပါင္းကေတာ့ (၃၀၀)ေလာက္ အသံုးျပဳထားမွာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွွဴးရံုးမွ ဒုရဲမွဴး စိုးထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၎၏ လားရိႈးခရီးစဥ္အတြင္း ေဒသတြင္း မီဒီယာမ်ားအား သတင္းထုတ္ျပန္ရန္ အစီအစဥ္ ပါဝင္ျခင္း မရိွေၾကာင္း လားရိႈးၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“ဒါက UN ကေန တိုက္ရိုက္စီမံကိုင္တြယ္တဲ့ ပုဂၢိဳလ္ျဖစ္တဲ့အတြက္ မီဒီယာေတြ သတင္းရယူဖို႔ ေတြ႔ဆံု ေမးျမန္းမႈေတြလုပ္ဖို႔ ဆိုတာကေတာ့ သူ႔ရဲ့ အစီအစဥ္ထဲမွာ မပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ သိထားရတာကလည္း လားရိႈးက IDP ေတြကို လိုက္ၿပီးပို႔ေဆာင္လမ္းညႊန္ဖို႔ရာေလာက္ပဲ သိထားတာပါ”ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကုလသမဂၢက ေစလႊတ္သည့္ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ အထူးအေျခအေန အစီရင္ခံစာ တင္သြင္းသူ မစၥယန္ဟီလီသည္ ဇူလိုင္လ (၉)ရက္ေန႔ကတည္းက ျမန္မာႏုိင္ငံတြင္ ေရာက္ရိွေနၿပီး ရခုိင္ျပည္နယ္ ခရီးစဥ္ အၿပီးတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ပိုင္း ၊ လားရိႈးၿမိဳ႕မွ စစ္ေဘးေရွာင္စခန္းမ်ား၊ လားရိႈးၿမိဳ႕ အက်ဥ္းေထာင္ ႏွင့္ နမၼတူၿမိဳ႕ရွိ စစ္ေဘးေရွာင္စခန္းမ်ားသို႔ သြားေရာက္ရန္ စီစဥ္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

မစၥယန္ဟီလီ၏ ခရီးစဥ္တြင္ သြားေရာက္ရန္ စီစဥ္ထားသည့္ လားရိႈးၿမိဳ႕ရွိ သာသနာ(၂၅၀၀)ေက်ာင္းတိုက္မွ စစ္ေဘးေရွာင္စခန္း၊ ေအာင္မဂၤလာနမ့္ဆန္ေက်ာင္းတိုက္မွ စစ္ေဘးေရွာင္စခန္းမ်ားမွ စစ္ေဘးေရွာင္မ်ားမွာ ဇူလိုင္လ( ၄ )ရက္ေန႔ကတည္းက ေနရပ္ျပန္သြားၾကၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း  - ေနၿဖိဳးျမင့္၊ ႏိုႏို
Photo - UN News Centre



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဇူလိုင်လ(၁၄) ရက်နေ့တွင် လာရောက်မည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအခြေအနေ အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အင်အား(၃၀၀)ခန့်အသုံးပြု၍ လုံခြုံရေး ရယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကတော့ အပိုင်း(၇)ပိုင်း ခွဲခြားထားပါတယ်။ နေရာ၊ လမ်းကြောင်း၊ လူပုဂ္ဂိုလ်၊ ယာဉ်တန်း၊ နယ်မြေ အရေးပေါ်လုံခြုံရေးနဲ့ မီးဘေး လုံခြုံရေးဆိုပြီးတော့ အပိုင်း(၇)ပိုင်းနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နေရာ လုံခြုံရေးအနေနဲ့တော့ သူရောက်မယ့်နေ့မှာ လားရှိုးလေဆိပ်မှာ လုံခြုံရေး ယူပေးမယ်။ သူတည်းမယ့်ဟိုတယ်မှာ လုံခြုံရေးယူပေးမယ်။ လုံခြုံရေးအင်အား စုစုပေါင်းကတော့ (၃၀၀)လောက် အသုံးပြုထားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စိုးထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၎င်း၏ လားရှိုးခရီးစဉ်အတွင်း ဒေသတွင်း မီဒီယာများအား သတင်းထုတ်ပြန်ရန် အစီအစဉ် ပါဝင်ခြင်း မရှိကြောင်း လားရှိုးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ဒါက UN ကနေ တိုက်ရိုက်စီမံကိုင်တွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် မီဒီယာတွေ သတင်းရယူဖို့ တွေ့ဆုံ မေးမြန်းမှုတွေလုပ်ဖို့ ဆိုတာကတော့ သူ့ရဲ့ အစီအစဉ်ထဲမှာ မပါဘူး။ ကျွန်တော်တို့အနေနဲ့ သိထားရတာကလည်း လားရှိုးက IDP တွေကို လိုက်ပြီးပို့ဆောင်လမ်းညွှန်ဖို့ရာလောက်ပဲ သိထားတာပါ”ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုလသမဂ္ဂက စေလွှတ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအခြေအနေ အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် ဇူလိုင်လ (၉)ရက်နေ့ကတည်းက မြန်မာနိုင်ငံတွင် ရောက်ရှိနပြေီး ရခိုင်ပြည်နယ် ခရီးစဉ် အပြီးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)ပိုင်း၊ လားရှိုးမြို့မှ စစ်ဘေးရှောင်စခန်းများ၊ လားရှိုးမြို့ အကျဉ်းထောင် နှင့် နမ္မတူမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စယန်ဟီလီ၏ ခရီးစဉ်တွင် သွားရောက်ရန် စီစဉ်ထားသည့် လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်းတိုက်မှ စစ်ဘေးရှောင်စခန်း၊ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်မှ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များမှာ ဇူလိုင်လ( ၄ )ရက်နေ့ကတည်းက နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်၊ နိုနို
Photo - UN News Centre

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~