မြန်မာ - ထိုင်း ချစ်ကြည်ရေးအနေဖြင့် ကျိုင်းတုံ - ချင်းရိုင်း ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ကျိုင်းတုံမြို့တွင် စတင်

မြန်မာ - ထိုင်း ချစ်ကြည်ရေးအနေဖြင့် ကျိုင်းတုံ - ချင်းရိုင်း ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ကျိုင်းတုံမြို့တွင် စတင်
ဇူလိုငျ 8, 2017
By Tachileik News Agency

မြန်မာ - ထိုင်း ချစ်ကြည်ရေးအနေဖြင့် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျိုင်းတုံ - ချင်းရိုင်း ဒေသထွက်ကုန်ပြပွဲနှင့် ချစ်ကြည်ရေးဈေးရောင်းပွဲတော်ကို စတင်ဖွင့်လှစ်ခြင်းအဖြစ် ဇူလိုင်လ(၈)ရက်နေ့ ညနေ(၅)နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒေသဖွံ့ ဖြိုးရေးညွှန်ကြားရေးမှူး ဆာဆီထောင်း အင်းထကွန်းမှ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဖတ်ကြားပေးခဲ့ပြီး ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယဝေ့ဆီဖွန်ကျိုင်း နှင့် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့ မှ အသီးသီး မိန့် ခွန်းပြောကြားခဲ့ကြသည်။

ယခုလို ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဒေသတစ်ခု ထွက်ကုန်တစ်မျိုး ထုတ်လုပ်သူများမှ အိမ်နီးချင်းနိုင်ငံတွင် ဒေသထွက်ကုန်များ ပြသခွင့်ရရန်နှင့် နှစ်နိုင်ငံအကြား ထုတ်ကုန်နည်းပညာ ဖလှယ်ခွင့်ရရှိရန်၊ ဒေသအတွင်း ၀င်ငွေတိုး မြင့်စေရန်နှင့် ဒေသထွက်ကုန်များကို ရောင်းချနိုင်ရန်အပြင် ဈေးကွက်ရှာနိုင်ရန်၊ ဒေသထွက်ကုန်များကို ထုတ်လုပ်သူများအနေဖြင့် မိမိ၏ ကုန်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်နှင့် နှစ်နိုင်ငံ စီးပွားရေး ပူးတွဲဆောင်ရွက်မှု ပိုမိုတွင်ကျယ်လာစေရန်တို့ အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့  ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယဝေ့ဆီဖွန်ကျိုင်းနှင့် ချင်းရိုင်းခရိုင် ဒေသဖွံ့ ဖြိုးရေးညွှန်ကြားရေးမှူး ဆာဆီထောင်း အင်းထကွန်းဦးဆောင်သည့် ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း ချစ်ကြည်ရေးအနဖြေင့် ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျိုင်းတုံ - ချင်းရိုင်း ဒေသထွက်ကုန်ပြပွဲနှင့် ချစ်ကြည်ရေးဈေးရောင်းပွဲတော်ကို စတင်ဖွင့်လှစ်ခြင်းအဖြစ် ဇူလိုင်လ(၈)ရက်နေ့ ညနေ(၅)နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒေသဖွံ့ဖြိုးရေးညွှန်ကြားရေးမှူး ဆာဆီထောင်း အင်းထကွန်းမှ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဖတ်ကြားပေးခဲ့ပြီး ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယေဝ့ဆီဖွန်ကျိုင်း နှင့် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းတို့မှ အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။

ယခုလို ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဒေသတစ်ခု ထွက်ကုန်တစ်မျိုး ထုတ်လုပ်သူများမှ အိမ်နီးချင်းနိုင်ငံတွင် ဒေသထွက်ကုန်များ ပြသခွင့်ရရန်နှင့် နှစ်နိုင်ငံအကြား ထုတ်ကုန်နည်းပညာ ဖလှယ်ခွင့်ရရှိရန်၊ ဒေသအတွင်း ဝင်ငွေတိုး မြင့်စေရန်နှင့် ဒေသထွက်ကုန်များကို ရောင်းချနိုင်ရန်အပြင် ဈေးကွက်ရှာနိုင်ရန်၊ ဒေသထွက်ကုန်များကို ထုတ်လုပ်သူများအနဖြေင့် မိမိ၏ ကုန်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန်နှင့် နှစ်နိုင်ငံ စီးပွားရေး ပူးတွဲဆောင်ရွက်မှု ပိုမိုတွင်ကျယ်လာစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

သုံးရက်တာ ကျင်းပမည့် အဆိုပါ ဈေးရောင်းပွဲတော်သို့ ထိုင်းနိုင်ငံမှ ဒေသတစ်ခု၊ ထွက်ကုန်တစ်မျိုးမှ ဒေသထွက်ကုန် လုပ်ငန်းရှင်များနှင့် ဒေသဖွံ့ဖြိုးရေးဌာနမှ ဌာနဆိုင်ရာ အရာရှိများ အပါအဝင် စုစုပေါင်း(၅၅)ဦး လာရောက်၍ ဈေးဆိုင်ခန်း (၅၀)ကို ဖွင့်လှစ်ကာ၎င်းတို့၏ ဒေသထွက် စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ ရိုးရာအဝတ်အထည်၊ အိမ်တွင်းအလှဆင်ပစ္စည်းနှင့် ဆေးဝါးများကို ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျိုင်းတုံမြို့မှလည်း ဈေးဆိုင်ခန်း(၁၀)ခန်းဖွင့်လှစ်၍ ရိုးရာအဝတ်အထည်နှင့် စားသောက်ကုန်များကို ဇူလိုင်လ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ်နံနက် (၉)နာရီမှ ည(၈)နာရီအထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယေဝ့ဆီဖွန်ကျိုင်းနှင့် ချင်းရိုင်းခရိုင် ဒေသဖွံ့ဖြိုးရေးညွှန်ကြားရေးမှူး ဆာဆီထောင်း အင်းထကွန်းဦးဆောင်သည့် ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့် ဌာနဆိုင်ရာ အရာရှိများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~