ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအထိမ္းအမွတ္ အာဆီယံသစ္ေတာစီမံခ်က္အျဖစ္ တာခ်ီလိတ္တြင္ ကြ်န္းပင္ (၃၀၀၀)၀န္းက်င္ စိုက္ပ်ဳိး

ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအထိမ္းအမွတ္ အာဆီယံသစ္ေတာစီမံခ်က္အျဖစ္ တာခ်ီလိတ္တြင္ ကြ်န္းပင္ (၃၀၀၀)၀န္းက်င္ စိုက္ပ်ဳိး
ဇူလိုင် 5, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအထိမ္းအမွတ္ အာဆီယံသစ္ေတာစီမံခ်က္အျဖစ္ စုေပါင္း သစ္ပင္စိုက္ပြဲအား တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ၀မ္ပံုေက်းရြာတြင္ ဇူလိုင္လ(၅)ရက္ေန႔ ေန႔လယ္ပိုင္းက က်င္းပျပဳလုပ္ရာ ျမန္မာ - ထိုင္း စစ္ဖက္ဆိုင္ရာ အႀကီးအကဲမ်ား တက္ေရာက္ေၾကာင္း သိရသည္။

စုေပါင္း သစ္ပင္စိုက္ပ်ဳိးပြဲသို႔ ျမန္မာဘက္မွ ေရႊႀတိဂံတိုင္းစစ္ဌာနခ်ဳပ္မွ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး ႏွင့္ အရာရွိႀကီးမ်ား၊ ရွမ္းျပည္နယ္(က်ဳိင္းတံု) ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္ ႏွင့္ စစ္ဗ်ဴဟာအဖြဲ႔ အေျခခ်(တာခ်ီလိတ္) တာခ်ီလိတ္၊ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊  ဒုတိယခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္၀င္းေဌး ႏွင့္ သက္ဆိုင္ရာ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား ႏွင့္ ထိုင္းႏိုင္ငံဘက္မွ ဖာမိန္းစစ္ေၾကာင္းမွဴး ဗိုလ္ခ်ဳပ္ကီရဒိတ္ကဖံုးဖိတ္ ႏွင့္ အရာရွိႀကီးမ်ား၊ ထိုင္း - ျမန္မာ နယ္ျခားေကာ္မတီ(ထိုင္းဘက္)အဖြဲ႔ေခါင္းေဆာင္ ဗိုလ္ႀကီး စံတီက်န္းစြန္ ႏွင့္ ခ်င္းရိုင္းခရိုင္ ႏွင့္ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ား ပါ၀င္ စိုက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႔သည္ ထိုင္းဘက္တြင္ ပထမဆံုး စုေပါင္းစိုက္ပ်ဳိးခဲ့ၾကၿပီးေနာက္ ျမန္မာႏိုင္င္ငံဘက္သို႔ ေရာက္ရွိကာ ၀မ္ပံုတြင္ စုေပါင္း စိုက္ပ်ဳိးျခင္း ျဖစ္ရာ သစ္ေတာ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားမွလည္း စုေပါင္း ပါ၀င္ စိုက္ပ်ဳိးၾကေၾကာင္း သိရသည္။

အာဆီယံသစ္ေတာစီမံခ်က္အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ၀မ္ပံုေက်းရြာတြင္ ျမန္မာ - ထိုင္း ပူးေပါင္းကာ ကြ်န္းပင္ (၃၀၀၀)၀န္းက်င္ကို စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအထိမ္းအမွတ္ အာဆီယံသစ္ေတာစီမံခ်က္အျဖစ္ စုေပါင္းစိုက္ပ်ဳိးမည့္ သစ္ပင္စိုက္ပြဲအား ၂၀၁၆ခုႏွစ္တြင္ ျပဳလုပ္ရန္ စီစဥ္ခဲ့ေသာ္လည္း ယခု ၂၀၁၇ခုႏွစ္မွသာ ေဆာင္ရြက္ႏိုင္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ေအာင္ေက်ာ္၀င္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အာဆီယံသစ်တောစီမံချက်အဖြစ် စုပေါင်း သစ်ပင်စိုက်ပွဲအား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် ဇူလိုင်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ မြန်မာ - ထိုင်း စစ်ဖက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြောင်း သိရသည်။

စုပေါင်း သစ်ပင်စိုက်ပျိုးပွဲသို့ မြန်မာဘက်မှ ရွှတြေိဂံတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် အရာရှိကြီးများ၊ ရှမ်းပြည်နယ်(ကျိုင်းတုံ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)တာချီလိတ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ထိုင်းနိုင်ငံဘက်မှ ဖာမိန်းစစ်ကြောင်းမှူး ဗိုလ်ချုပ်ကီရဒိတ်ကဖုံးဖိတ် နှင့် အရာရှိကြီးများ၊ ထိုင်း - မြန်မာ နယ်ခြားကော်မတီ(ထိုင်းဘက်)အဖွဲ့ခေါင်းဆောင် ဗိုလ်ကြီး စံတီကျန်းစွန် နှင့် ချင်းရိုင်းခရိုင် နှင့် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများ ပါဝင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ထိုင်းဘက်တွင် ပထမဆုံး စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် မြန်မာနိုင်င်ငံဘက်သို့ ရောက်ရှိကာ ဝမ်ပုံတွင် စုပေါင်း စိုက်ပျိုးခြင်း ဖြစ်ရာ သစ်တော ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များမှလည်း စုပေါင်း ပါဝင် စိုက်ပျိုးကြကြောင်း သိရသည်။

အာဆီယံသစ်တောစီမံချက်အဖြစ် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် မြန်မာ - ထိုင်း ပူးပေါင်းကာ ကျွန်းပင် (၃၀၀၀)ဝန်းကျင်ကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးအထိမ်းအမှတ် အာဆီယံသစ်တောစီမံချက်အဖြစ် စုပေါင်းစိုက်ပျိုးမည့် သစ်ပင်စိုက်ပွဲအား ၂၀၁၆ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယခု ၂၀၁၇ခုနှစ်မှသာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~