မိုင်းလားသို့ ပို့ဆောင်ရန် သယ်ဆောင်လာပြီး တာချီလိတ်မြို့ ၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသည့် ကျားသေအား မီးရှို့သဂြုင်္ိဟ်
မိုင်းလားသို့ ပို့ဆောင်ရန် သယ်ဆောင်လာပြီး တာချီလိတ်မြို့ ၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသည့် ကျားသေအား မီးရှို့သဂြုင်္ိဟ်
ဇူလိုငျ 11, 2017
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ယန်း စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တစ်စီးပေါ်မှ ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးရမိထားသည့်ကျားသေအား ဇူလိုင်(၁၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်က တာချီလိတ်မြို့မသုသာန်တွင် သစ်တောဦးစီးရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာများက မီးရှို့သဂြုင်္ိဟ် လိုက်ကြောင်း သိရသည်။
"သစ်တောဦးစီးဌာနအနေနဲ့ကတော့ တောရိုင်းတိရစ္ဆာန်နဲ့သဘာဝအပင်တွေ ဖမ်းဆီးရမိရင် ကျွန်တော်တို့က Wildlife ( သဘာ၀၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)ရဲ့ အက်ဥပဒေအရ တရားစွဲရတယ်၊ အခုလို ကျားအသေမိရင်လည်း ကျွန်တော်တို့က သဘာ၀၀န်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနရဲ့ ညွှန်ကြားချက်အရ ဒီဥပဒေနဲ့တရားစွဲမယ် ၊ ရလာတဲ့အသေကို မီးရှို့ ဖျက်ဆီးခွင့် စသည်ဖြင့် တင်ပြရပါတယ်၊ ညွှန်ကြားချက်ရမှသာလျှင် ကျွန်တော်တို့က ဆောင်ရွက် ပါတယ်"ဟု တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။
"တောရိုင်းတိရစ္တာန်ရဲ့ အသေကောင်တို့ အရိုးတို့ ဆင်စွယ်တို့ကို သူများနိုင်ငံတွေမှာလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိပါတယ်၊ ညွှန်ကြားချက်အတိုင်း မီးရှို့ဖျက်ဆီးရပါတယ်၊ ဒါတွေကို သိမ်းထားမယ်ဆိုရင် နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ၊ အကြောင်း အမျိုးမျိုးကြောင့် ထွက်သွားပြီးတော့ ရောင်းဝယ် ဖောက်ကားတာတွေ ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့က မီးရှို့ဖျက်ဆီးရခြင်း ဖြစ်ပါတယ်"ဟု လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးလွင် မှ ဆက်လက်ရှင်းပြသည်။
ဖမ်းဆီးရမိသော ကျားသေမှာ အထီးဖြစ်ပြီး အလေးချိန်အနေဖြင့် (၁၂၅)ကီလိုရှိကြောင်း သိရသည်။
စစ်ဆေးမေးမြန်းတာမရပါဘူး၊ ကားသမားကတော့ သယ်ယူရွှေ့ပြောင်းပေးတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ကားသမားရယ် ၊ သူ(ငြိမ်းချမ်း)ရယ်ကို ကျွန်တော်တို့ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က)နဲ့ ရဲစခန်းမှာ တိုင်ကြားထားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလှဝင်းကရှင်းပြသည်။
တာချီလိတ်မြို့တွင် တရားမ၀င်တိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကား သယ်ဆောင်မှုနှင့် ပတ်သက်၍ ဖမ်းဆီးရရှိမှုများတွင် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က လိပ်ကြက်တူရွေး စုစုပေါင်း (၈၅၃)ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလိပ်များအား လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ( WCS /TSA )သို့ လွှဲပြောင်း ပေးခဲ့ခြင်းမျိုး ရှိခဲ့သော်လည်း ယခု ကျားသေအား မီးရှို့ဖျက်ဆီးလိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများမှ ဝေဖန်မှုများလည်း ရှိကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ယန်း စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ(၉)ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တစ်စီးပေါ်မှ ရှာဖွေတွေ့ရှိပြီး ဖမ်းဆီးရမိထားသည့်ကျားသေအား ဇူလိုင်(၁၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်က တာချီလိတ်မြို့မသုသာန်တွင် သစ်တောဦးစီးရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာများက မီးရှို့သင်္ဂြိုဟ် လိုက်ကြောင်း သိရသည်။
"ဖမ်းဆီးရမိထားတဲ့ ကျားသေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သစ်တောဦးစီးရုံးချုပ်က သဘာဝဝန်းကျင်နှင့် သားငှက် တိရစာ္ဆန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးထံ တင်ပြပြီးတော့ မီးရှို့ဖျက်ဆီးခွင့် တောင်းခံခဲ့ပါတယ်။ အကုန်လုံးကို မီးရှို့ဖျက်ဆီးမှာပါ၊ ဘာမှ မချန်ပါဘူး၊ အခုလိုပဲ ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးရမိခဲ့တာတွေထဲမှာဆိုရင် ဆင်သေတွေ မိတာလည်းရှိပါတယ်၊ ဆင်သေ မိတုန်းကလည်း အခု ကျားသေဖမ်းမိရသလိုပါပဲ မီးရှို့ဖျက်ဆီးခွင့်တောင်းပြီးတော့ မီးရှို့ ဖျက်ဆီးပါတယ်"ဟုရှမ်းပြည်နယ်(အရှေ့ပိုင်း)သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
"သစ်တောဦးစီးဌာနအနေနဲ့ကတော့ တောရိုင်းတိရစာ္ဆန်နဲ့သဘာဝအပင်တွေ ဖမ်းဆီးရမိရင် ကျွန်တော်တို့က Wildlife ( သဘာဝဝန်းကျင်နှင့်သားငှက်တိရစာ္ဆန်ထိန်းသိမ်းရေးဌာန)ရဲ့ အက်ဥပဒေအရ တရားစွဲရတယ်၊ အခုလို ကျားအသေမိရင်လည်း ကျွန်တော်တို့က သဘာဝဝန်းကျင်နှင့် သားငှက် တိရစာ္ဆန်ထိန်းသိမ်းရေးဌာနရဲ့ ညွှန်ကြားချက်အရ ဒီဥပဒေနဲ့တရားစွဲမယ်၊ ရလာတဲ့အသေကို မီးရှို့ဖျက်ဆီးခွင့် စသည်ဖြင့် တင်ပြရပါတယ်၊ ညွှန်ကြားချက်ရမှသာလျှင် ကျွန်တော်တို့က ဆောင်ရွက် ပါတယ်"ဟု တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ပြောသည်။
"တောရိုင်းတိရစာ္တန်ရဲ့ အသေကောင်တို့ အရိုးတို့ ဆင်စွယ်တို့ကို သူများနိုင်ငံတွေမှာလည်း မီးရှို့ဖျက်ဆီးတာတွေ ရှိပါတယ်၊ ညွှန်ကြားချက်အတိုင်း မီးရှို့ဖျက်ဆီးရပါတယ်၊ ဒါတွေကို သိမ်းထားမယ်ဆိုရင် နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ၊ အကြောင်း အမျိုးမျိုးကြောင့် ထွက်သွားပြီးတော့ ရောင်းဝယ် ဖောက်ကားတာတွေ ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် ကျွန်တော်တို့က မီးရှို့ဖျက်ဆီးရခြင်း ဖြစ်ပါတယ်"ဟု လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးလွင် မှ ဆက်လက်ရှင်းပြသည်။
ဖမ်းဆီးရမိသော ကျားသေမှာ အထီးဖြစ်ပြီး အလေးချိန်အနဖြေင့် (၁၂၅)ကီလိုရှိကြောင်း သိရသည်။
သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် ကျားသေအား တာချီလိတ်မှ ကျိုင်းတုံသို့ သယ်ဆောင်ပြီး ကျိုင်းတုံမှ တစ်ဆင့် မိုင်းလားသို့ ပို့ဆောင်ရန်အတွက် ပေးပို့ခိုင်းသူမှာ ထိုင်းဘာသာ စကားဖြင့် ပြောဆိုကာ စေခိုင်းခြင်းဖြစ်ကြောင်းနှင့် ကျားသေအား မည်သည့် ဒေသက လာသည်ကိုတော့ မသိရှိရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
"သယ်ဆောင်လာတဲ့ တရားခံနှစ်ယောက်ကို ရဲစခန်းမှာ ပို့ဆောင်ထားပြီး စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့ အခါကျတော့ တရားခံဖြစ်သူ ငြိမ်းချမ်းက သူကိုယ်တိုင်လည်း ဒီကျားသေကို ယူလာတာမဟုတ်ဘူး၊ လူတစ်ယောက်ကနပြေီး လာပို့တယ်၊ အဲ့ဒီလူကိုလည်း သူမသိဘူးလို့ ပြောတယ်၊ ဆက်လက်ပြီး ကျွန်တော်တို့ မေးစစ်လိုက်တဲ့အချိန်ကျတော့ လာပို့သူဟာ ဘာလူမျိုးလည်းဆိုတော့ ထိုင်းဘာသာစကား ပြောတယ်လို့ ပြောတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်ကလာတယ်၊ ဘယ်သူဆိုတာကိုတော့ ကျွန်တော်တို့
စစ်ဆေးမေးမြန်းတာမရပါဘူး၊ ကားသမားကတော့ သယ်ယူရွှေ့ပြောင်းပေးတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ကားသမားရယ်၊ သူ(ငြိမ်းချမ်း)ရယ်ကို ကျွန်တော်တို့ တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇(က)နဲ့ ရဲစခန်းမှာ တိုင်ကြားထားတာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလှဝင်းကရှင်းပြသည်။
တာချီလိတ်မြို့တွင် တရားမဝင်တိရစာ္ဆန်များ ရောင်းဝယ်ဖောက်ကား သယ်ဆောင်မှုနှင့် ပတ်သက်၍ ဖမ်းဆီးရရှိမှုများတွင် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့က လိပ်ကြက်တူရွေး စုစုပေါင်း (၈၅၃)ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလိပ်များအား လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့( WCS /TSA )သို့ လွှဲပြောင်း ပေးခဲ့ခြင်းမျိုး ရှိခဲ့သော်လည်း ယခု ကျားသေအား မီးရှို့ဖျက်ဆီးလိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများမှေဝဖန်မှုများလည်း ရှိကြောင်း သိရသည်။
"ကျားဆိုတာက တခြား သတ္တဝါတွေလိုမဟုတ်ဘူး၊ အစိတ်အပိုင်းတစ်ခုစီကအစ တန်ဖိုးရှိနေတာ၊ ပြောရမယ်ဆိုရင် ကျားတစ်ကောင်လုံးက သူ့နေရာနဲ့သူ အသုံးဝင်တယ်။ အခုဆိုလည်း ပြတိုက်အတွက် ဖြစ်ဖြစ် အရေခွံတွေ၊ အရိုးတွေကို သိမ်းထားရင်ပဲဖြစ်ဖြစ် ကောင်းမယ်လို့ အားလုံးက မြင်နကြေပေမယ့် မီးရှို့ဖျက်ဆီးလိုက်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူးဗျာ၊ ဖမ်းဆီးရမိတဲ့ အရာတိုင်းကို မီးရှို့ဖျက်ဆီးရမယ်ဆိုတဲ့ ဥပဒေတွေ ညွှန်ကြားချက်တွေကို မပြင်နိုင်သရွေ့ကတော့ တန်ဖိုးရှိတဲ့အရာတွေ အလဟဿ ဖြစ်နေဦးမှာပဲဗျာ။"ဟု ဒေသခံတစ်ဦးအနဖြေင့် ဦးအောင်ဖြိုးရှိန်က ထောက်ပြေဝဖန်လိုက်သည်။
အဆိုပါ ကျားသေနှင့် ပတ်သက်၍ ဒေသခံများမှ ကျားသေသည် ထိုင်းနိုင်ငံက တစ်ဆင့် သယ်ဆောင် လာသည်ဟု ပြောဆိုနေမှုများ ရှိနေသော်လည်း သက်ဆိုင်ရာ၏ စစ်ဆေးမေးမြန်းမှုများအရ ကျားသေအား မည်သည့် ဒေသက သယ်ဆောင်လာသည်ကို မသိရှိရသေးကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~