ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္း ဆိုင္ခန္း ခင္းက်င္းျခင္းဆုိင္ရာ စည္းကမ္းသတ္မွတ္ခ်က္မ်ားအား စည္ပင္ေကာ္မတီႏွင့္ ဆိုင္ခန္းပိုင္ရွင္မ်ား ညိႇႏိႈင္းေဆြးေႏြး

ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္း ဆိုင္ခန္း ခင္းက်င္းျခင္းဆုိင္ရာ စည္းကမ္းသတ္မွတ္ခ်က္မ်ားအား စည္ပင္ေကာ္မတီႏွင့္ ဆိုင္ခန္းပိုင္ရွင္မ်ား ညိႇႏိႈင္းေဆြးေႏြး
ဇူလိုင် 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္း ေစ်းဆုိင္ခန္းမ်ား ခင္းက်င္းေရာင္းခ်ျခင္းႏွင့္ ပတ္သက္သည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ဆုိင္ခန္း ပိုင္ရွင္မ်ား ဇူလိုင္လ (၂၇)ရက္ေန႔က ညိႇႏိႈင္းေဆြးေႏြးၾကေၾကာင္း သိရသည္။

“ဒီေန႔ အစည္းအေဝးကေတာ့ ေစ်းသူ/ေစ်းသားေတြနဲ႔ ေစ်းေကာ္မတီေတြ ေတြ႕ဆံု မိတ္ဆက္တဲ့ သေဘာပါပဲ။ ေစ်းသူ/ေစ်းသားေတြရဲ႕လိုအပ္ခ်က္ေတြကုိ ကၽြန္ေတာ္တုိ႔ မွတ္တမ္းယူတယ္။ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကိုေတာ့ ကၽြန္ေတာ္တို႔ ခ်က္ခ်င္း မလုပ္ေပးနိုင္ေသးဘူး။ အခ်ိန္ေတာ့ ယူရအံုးမွာပါ။ ဆိုင္ခန္း ခင္းက်င္းတာေတြနဲ႕ ပတ္သက္ၿပီးေတာ့ စနစ္တက် ျဖစ္ေအာင္ရယ္ ။ ကိုယ့္ရဲ႕ အသိစိတ္ဓာတ္ေတြနဲ႔ ခင္းက်င္းနိုင္ဖို႔ေတြကို ညိႇႏိႈင္းေဆြးေႏြးတယ္။ ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို သူတို႔လိုက္နာဖို႔က အရမ္းလိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ ေစ်းမွာက ဝန္ထမ္းအင္အားေတြ မလံုေလာက္ေသးပါဘူး။ တျဖည္းျဖည္းခ်င္းေတာ့ လုပ္သြားရမွာပါ” ဟု ေတာင္ႀကီးၿမိဳ႕မေစ်း တာဝန္ခံ ဦးခင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဌာနပိုင္ ေစ်းမ်ားတြင္ ေစ်းသည္မ်ား လုိက္နာရမည့္ စည္းကမ္းခ်က္မ်ားကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ (၁၄) ရက္ေန႔တြင္ စတင္ေရးဆြဲခဲ့ေၾကာင္း သိရၿပီး အဆုိပါ စည္းကမ္းခ်က္မ်ားႏွင့္ ပတ္သက္၍ ေတြ႔ဆံုေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔က ေစ်းရံု (၁)ရံု စီပဲ ေခၚယူေတြ႕ဆံုတာပါ။ တစ္ရံုၿပီးမွတစ္ရံု ညိႇႏိႈင္း ေဆြးေႏြးပြဲေတြ ထပ္လုပ္သြားမွာပါ။ သူတို႔ဆိုင္ခန္းခင္း က်င္းတဲ့ေနရာမွာ စနစ္တက် မရွိဘူး။ စည္းကမ္း ေဖာက္ဖ်က္တယ္ ဆိုရင္ေတာ့ ပထမအေနနဲ႔က ပညာေပးမယ္။ ဒုတိယအေနနဲ႔က ဒဏ္ရိုက္မယ္။ တတိယအေနနဲ႔က စည္ပင္ ဥပေဒအတိုင္း ေဆာင္ရြက္သြားမွာပါ။ ေစ်းတြင္း/ေစ်းျပင္မွာရွိတဲ့ ပ်ံက်ေစ်းသည္ေတြကေတာ့ ခင္းတဲ့ေနရာမွာ စည္းကမ္းအတိုင္း သတ္မွတ္ဖို႔ သူတို႔ေတာင္းဆိုတယ္။ သူတို႔ တင္ျပ ေတာင္းခံတာေတြကလည္း အကုန္မွန္ပါတယ္။ ကၽြန္ေတာ္တို႔ အေကာင္အထည္ ေဖာ္နိုင္ဖို႔ကိုေတာ့ တင္ျပေဆာင္ရြက္ေပးမွာပါ”ဟု ဦးခင္ေအးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕မေစ်းတြင္ ေစ်းရံုေပါင္း (၁၉)ရံုရွိၿပီး ဆိုင္ခန္းေပါင္း(၁၈၁၃)၊ ပ်ံက်ေစ်းသည္ (၁၀၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

လက္ရိွ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားအား အသိေပး ေဆြးေႏြးၿပီးေနာက္ ေဖာက္ဖ်က္သည္ကို ေတြ႔ရိွပါက ရွမ္းျပည္နယ္ စည္ပင္သာယာေရးဥပေဒ (၁၀/၂၀၁၃) ၊ စီမံခန္႕ခြဲေရး ဥပေဒပုဒ္မ ရ၅၊ ပုဒ္မခြဲ(ဂ)အရလည္းေကာင္း၊ ေစ်းစည္းကမ္းမ်ားအရ လည္းေကာင္း အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မဈေးအတွင်း ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချခြင်းနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များအား မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဆိုင်ခန်း ပိုင်ရှင်များ ဇူလိုင်လ (၂၇)ရက်နေ့က ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

“ဒီနေ့ အစည်းအဝေးကတော့ ဈေးသူ/ဈေးသားတွေနဲ့ ဈေးကော်မတီတွေ တွေ့ဆုံ မိတ်ဆက်တဲ့ သဘောပါပဲ။ ဈေးသူ/ဈေးသားတွေရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့ မှတ်တမ်းယူတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ ချက်ချင်း မလုပ်ပေးနိုင်သေးဘူး။ အချိန်တော့ ယူရအုံးမှာပါ။ ဆိုင်ခန်း ခင်းကျင်းတာတွေနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ ဖြစ်အောင်ရယ်။ ကိုယ့်ရဲ့ အသိစိတ်ဓာတ်တွေနဲ့ ခင်းကျင်းနိုင်ဖို့တွေကို ညှိနှိုင်းဆွေးနွေးတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို သူတို့လိုက်နာဖို့က အရမ်းလိုအပ်ပါတယ်။ ကျွန်တော်တို့ ဈေးမှာက ဝန်ထမ်းအင်အားတွေ မလုံလောက်သေးပါဘူး။ တဖြည်းဖြည်းချင်းတော့ လုပ်သွားရမှာပါ” ဟု တောင်ကြီးမြို့မဈေး တာဝန်ခံ ဦးခင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနပိုင် ဈေးများတွင် ဈေးသည်များ လိုက်နာရမည့် စည်းကမ်းချက်များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် စတင်ရေးဆွဲခဲ့ကြောင်း သိရပြီး အဆိုပါ စည်းကမ်းချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့က ဈေးရုံ (၁)ရုံ စီပဲ ခေါ်ယူတွေ့ဆုံတာပါ။ တစ်ရုံပြီးမှတစ်ရုံ ညှိနှိုင်း ဆွေးနွေးပွဲတွေ ထပ်လုပ်သွားမှာပါ။ သူတို့ဆိုင်ခန်းခင်း ကျင်းတဲ့နေရာမှာ စနစ်တကျ မရှိဘူး။ စည်းကမ်း ဖောက်ဖျက်တယ် ဆိုရင်တော့ ပထမအနေနဲ့က ပညာပေးမယ်။ ဒုတိယအနေနဲ့က ဒဏ်ရိုက်မယ်။ တတိယအနေနဲ့က စည်ပင် ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ ဈေးတွင်း/ဈေးပြင်မှာရှိတဲ့ ပျံကျဈေးသည်တွေကတော့ ခင်းတဲ့နေရာမှာ စည်းကမ်းအတိုင်း သတ်မှတ်ဖို့ သူတို့တောင်းဆိုတယ်။ သူတို့ တင်ပြ တောင်းခံတာတွေကလည်း အကုန်မှန်ပါတယ်။ ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်ဖို့ကိုတော့ တင်ပြဆောင်ရွက်ပေးမှာပါ”ဟု ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့မဈေးတွင် ဈေးရုံပေါင်း (၁၉)ရုံရှိပြီး ဆိုင်ခန်းပေါင်း(၁၈၁၃)၊ ပျံကျဈေးသည် (၁၀၀၀)ကျော်ရှိကြောင်း သိရသည်။

လက်ရှိ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား အသိပေး ဆွေးနွေးပြီးနောက် ဖောက်ဖျက်သည်ကို တွေ့ရှိပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ (၁၀/၂၀၁၃)၊ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ရ၅၊ ပုဒ်မခွဲ(ဂ)အရလည်းကောင်း၊ ဈေးစည်းကမ်းများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~