သိန္းနီၿမိဳ႕မွ စစ္ေဘးေရွာင္ ၆၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာလိုအပ္ေန

သိန္းနီၿမိဳ႕မွ စစ္ေဘးေရွာင္ ၆၀၀ ေက်ာ္အတြက္ စားနပ္ရိကၡာလိုအပ္ေန
ဇူလိုင် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ရွိ ေက်ာင္းဆ်န္ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ဇူလိုင္လ(၁၉)ရက္ေန႔မွစတင္ ေရာက္ရွိေနသည့္ ခမ္းတိန္းေက်းရြာအုပ္စုရိွ ေက်းရြာ(၇)ရြာမွ စစ္ေဘးေရွာင္ (၆၀၀)ေက်ာ္အတြက္ စားနပ္ရိကၡာ လိုအပ္ေနေၾကာင္း သိရသည္။

“အဓိက ကေတာ့ သူတို႔စားဖို႔ ဆန္လိုအပ္ပါတယ္။ ေန႔စဥ္စားဖို႔ ဟင္းခ်က္စရာတို႔လိုပါတယ္။ ေနတာကေတာ့ ေက်ာင္းဆ်န္ဘုန္းႀကီးေက်ာင္းမွာ အကုန္လံုး စုၿပီးေန ေနတယ္။ သူတို႔ေနတဲ့ ေက်းရြာေတြ အနီးမွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြက္ အကုန္ပစ္ထားၿပီးေတာ့ ေျပးလာၾကတာလို႔ သိရတယ္။ ေနရပ္ျပန္ဖို႔ ကေတာ့ ေလာေလာဆယ္ အဆင္မေျပေသးဘူးလို႔ ေျပာၾကတယ္”ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသည့္ သိန္းနီၿမိဳ႕ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဦးစိုင္းေအာင္လွက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇူလိုင္လ (၂၁)ရက္ေန႔တြင္ ေျပာသည္။

အဆိုပါ ေက်းရြာမ်ားမွ စစ္ေဘးေရွာင္(၁၆၉)ဦးမွာ ဇူလိုင္လ(၁၉)ရက္ေန႔တြင္ သိန္းနီၿမိဳ႕သို႔ စတင္ ေရာက္ရွိလာျခင္းျဖစ္ၿပီး ဇူလိုင္လ (၂၁) ရက္ေန႔တြင္ လူဦးေရ(၆၀၀)ေက်ာ္အထိ တိုးလာျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုေလာေလာဆယ္ လူကယ္ျပန္အဖြဲ႔၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနနဲ႔ ေဒသခံျပည္သူေတြက လွဴဒါန္း ထားတာေတြရွိတယ္။ အဓိကကေတာ့ စားနပ္ရိကၡာလိုအပ္တယ္။ ေရရွည္အတြက္ကေတာ့ မေျပာတတ္ေသးဘူး” ဟု လားရိႈးၿမိဳ႕ရွိ ေရႊေၾကးစည္လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးစိုင္းညီညီဟန္က ေျပာသည္။

သိႏၷီၿမိဳ႕အတြင္း ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္ေဒသခံမ်ားအတြက္ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ေက်ာင္းဆ်န္ဘုန္းေတာ္ႀကီးေက်ာင္းမွ စစ္ေဘးေရွာင္စခန္းသို႔လည္းေကာင္း၊ ဦးစိုင္းေအာင္လွ ဖုန္း- 09-257342992 သို႔လည္းေကာင္း ဆက္သြယ္လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ရှိ ကျောင်းဆျန်ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ(၁၉)ရက်နေ့မှစတင် ရောက်ရှိနေသည့် ခမ်းတိန်းကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာမှ စစ်ဘေးရှောင် (၆၀၀)ကျော်အတွက် စားနပ်ရိက္ခါ လိုအပ်နေကြောင်း သိရသည်။

“အဓိက ကတော့ သူတို့စားဖို့ ဆန်လိုအပ်ပါတယ်။ နေ့စဉ်စားဖို့ ဟင်းချက်စရာတို့လိုပါတယ်။ နေတာကတော့ ကျောင်းဆျန်ဘုန်းကြီးကျောင်းမှာ အကုန်လုံး စုပြီးနေ နေတယ်။ သူတို့နေတဲ့ ကျေးရွာတွေ အနီးမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အကုန်ပစ်ထားပြီးတော့ ပြေးလာကြတာလို့ သိရတယ်။ နေရပ်ပြန်ဖို့ ကတော့ လောလောဆယ် အဆင်မပြေသေးဘူးလို့ ပြောကြတယ်”ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် သိန်းနီမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းအောင်လှက တာချီလိတ်သတင်း အေဂျင်စီသို့ ဇူလိုင်လ (၂၁)ရက်နေ့တွင် ပြောသည်။

အဆိုပါ ကျေးရွာများမှ စစ်ဘေးရှောင်(၁၆၉)ဦးမှာ ဇူလိုင်လ(၁၉)ရက်နေ့တွင် သိန်းနီမြို့သို့ စတင် ရောက်ရှိလာခြင်းဖြစ်ပြီး ဇူလိုင်လ (၂၁) ရက်နေ့တွင် လူဦးရေ(၆၀၀)ကျော်အထိ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

“အခုလောလောဆယ် လူကယ်ပြန်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဒေသခံပြည်သူတွေက လှူဒါန်း ထားတာတွေရှိတယ်။ အဓိကကတော့ စားနပ်ရိက္ခါလိုအပ်တယ်။ ရေရှည်အတွက်ကတော့ မပြောတတ်သေးဘူး” ဟု လားရှိုးမြို့ရှိ ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးစိုင်းညီညီဟန်က ပြောသည်။

သိန္နီမြို့အတွင်း ရောက်ရှိနေသည့် စစ်ဘေးရှောင်ဒေသခံများအတွက် လှူဒါန်းလိုသူများအနဖြေင့် ကျောင်းဆျန်ဘုန်းတော်ကြီးကျောင်းမှ စစ်ဘေးရှောင်စခန်းသို့လည်းကောင်း၊ ဦးစိုင်းအောင်လှ ဖုန်း- 09-257342992 သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~