တာလေမြို့တွင် ခြင်အန္တရာယ်ကြောင့် ကျရောက်နိုင်မည့် ရောဂါများ ကာကွယ်ရေး ခြင်ဆေးဖျန်းမှု လုပ်ဆောင်ကာ ကျန်းမာရေး အသိပညာပေး
တာလေမြို့တွင် ခြင်အန္တရာယ်ကြောင့် ကျရောက်နိုင်မည့် ရောဂါများ ကာကွယ်ရေး ခြင်ဆေးဖျန်းမှု လုပ်ဆောင်ကာ ကျန်းမာရေး အသိပညာပေး
ဇူလိုင် 28, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ တာလေမြို့ရှိ ရပ်ကွက်တစ်ခုနှင့် ကျေးရွာတစ်ခုတို့တွင် ခြင်အန္တရာယ်ကြောင့် ကျရောက်နိုင်သည့် ရောဂါများ ကာကွယ်နိုင်ရန်နှင့် ခြင်ကိုက်ခံရမှု လျော့ပါးရေး အတွက် တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခြင်ဆေးဖျန်းခြင်းကို ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်က လုပ်ဆောင်ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း(တာလေ)တွင် ကျန်းမာရေးအသိပညာပေး ဟောပြောမှုများကို ပြုလုပ်ပြီး တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ပေးဝေကာ ရပ်ကွက်(၃)နှင့် ပေတလကျေးရွာတို့တွင် ခြင်ဆေးဖျန်းကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့ရှိ ရပ်ကွက်တစ်ခုနှင့် ကျေးရွာတစ်ခုတို့တွင် ခြင်အန္တရာယ်ကြောင့် ကျရောက်နိုင်သည့် ရောဂါများ ကာကွယ်နိုင်ရန်နှင့် ခြင်ကိုက်ခံရမှု လျော့ပါးရေး အတွက် တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ခြင်ဆေးဖျန်းခြင်းကို ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်က လုပ်ဆောင်ကြောင်း သိရသည်။
"ကျန်းမာရေးက လာပြီးတော့ အထက(တာလေ)မှာ ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ရပ်ကွက်(၃) နဲ့ နားယောင်းကျေးရွာအုပ်စုထဲက ဗေတလရွာမှာ ခြင်ဆေးဖျန်းပေးသွားပါတယ်။ အဓိက ကတော့ ခြင်အန္တရာယ်ကင်းရေး အတွက်ပါ"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း(တာလေ)တွင် ကျန်းမာရေးအသိပညာပေး ဟောပြောမှုများကို ပြုလုပ်ပြီး တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ပေးေဝကာ ရပ်ကွက်(၃)နှင့် ပေတလကျေးရွာတို့တွင် ခြင်ဆေးဖျန်းကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~