တာခ်ီလိတ္ - မိုင္းဆတ္သြား ၿမိဳ႕ေရွာင္လမ္းတြင္ ရႊံ႕ႏြံၾကား နစ္ေနသည့္ ယာဥ္ေပၚက သစ္ခြဲသား ၇ တန္ ဖမ္းဆီးရမိ

တာခ်ီလိတ္ - မိုင္းဆတ္သြား ၿမိဳ႕ေရွာင္လမ္းတြင္ ရႊံ႕ႏြံၾကား နစ္ေနသည့္ ယာဥ္ေပၚက သစ္ခြဲသား ၇ တန္ ဖမ္းဆီးရမိ
ဇူလိုင် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္(၃)မိုင္ခန္႔အကြာ တာခ်ီလိတ္ - မိုင္းဆတ္လမ္း၏ ေျမာက္ဘက္ (၃)ဖာလုံခန္႔ရိွ တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းတြင္ ရႊံ႕ႏြံတြင္း နစ္ေနသည့္ကားေပၚမွ ပိေတာက္ခြဲသား (၇)တန္ခန္႔အား ဇူလိုင္လ (၂၄)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲ ၀န္းက်င္က ပိုင္ရွင္မဲ့ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမႉး ဗိုလ္မႉးႀကီး ေအးမင္းဦးပါ (၁၅)ဦး ၊ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးလွဝင္း ပါ သစ္ေတာဝန္ထမ္း (၁၁)ဦး၊ ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမိုးေက်ာ္ေအာင္၊ တာခ်ီလိတ္ၿမိဳ႕ စစ္ဖက္ေရးရာလုံၿခံဳေရးတပ္ဖြဲ႕မွ ဗိုလ္ႀကီး ပိုင္သက္ ပါ (၂)ဦး၊ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ ရဲအုပ္ မင္းမင္းထိုက္ပါ (၅)ဦး စုစုေပါင္း (၃၄)ဦး ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိတ္ - မိုင္းဆတ္သြား ကားလမ္းတစ္ေလွ်ာက္ သတင္းအရ စစ္ေၾကာင္းထိုး စစ္ေဆးရွာေဖြရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ယာဥ္မွာ ရႊံ႕ႏြံတြင္း နစ္ေနျခင္းျဖစ္ၿပီး ဖမ္းဆီးရမိသည့္ ယာဥ္ႏွင့္ သစ္ခြဲသားမ်ားအား တာခ်ီလိတ္ၿမိဳ႕သို႔ သယ္ေဆာင္ကာ (၆)ဘီးယာဥ္၏ ပိုင္ရွင္ႏွင့္ သစ္ပိုင္ရွင္တို႔အား ရွာေဖြ ေဖာ္ထုတ္ႏုိင္ေရး လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ သစ္မ်ားႏွင့္ပတ္သက္၍ သက္ဆိုင္သူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ျပည္သူပိုင္ပစၥည္းကာကြယ္ေစာင့္ေရွာက္ေရး အက္ဥပေဒပုဒ္မ ၆(၁)ျဖင့္ အေရးယူနိုင္ရန္အမႈဖြင့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့်(၃)မိုင်ခန့်အကွာ တာချီလိတ် - မိုင်းဆတ်လမ်း၏ မြောက်ဘက် (၃)ဖာလုံခန့်ရှိ တာချီလိတ်မြို့ရှောင်လမ်းတွင် ရွှံ့နွံတွင်း နစ်နေသည့်ကားပေါ်မှ ပိတောက်ခွဲသား (၇)တန်ခန့်အား ဇူလိုင်လ (၂၄)ရက်နေ့ နေ့လယ် (၁)နာရီခွဲ ဝန်းကျင်က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးပါ (၁၅)ဦး၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးလှဝင်း ပါ သစ်တောဝန်ထမ်း (၁၁)ဦး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်အောင်၊ တာချီလိတ်မြို့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး ပိုင်သက် ပါ (၂)ဦး၊ တာချီလိတ်မြို့မ ရဲစခန်းမှ ရဲအုပ် မင်းမင်းထိုက်ပါ (၅)ဦး စုစုပေါင်း (၃၄)ဦး ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းတစ်လျှောက် သတင်းအရ စစ်ကြောင်းထိုး စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မှာ ရွှံ့နွံတွင်း နစ်နခြေင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် ယာဉ်နှင့် သစ်ခွဲသားများအား တာချီလိတ်မြို့သို့ သယ်ဆောင်ကာ (၆)ဘီးယာဉ်၏ ပိုင်ရှင်နှင့် သစ်ပိုင်ရှင်တို့အား ရှာဖွေ ဖော်ထုတ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သစ်များနှင့်ပတ်သက်၍ သက်ဆိုင်သူများအား တာချီလိတ်မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူနိုင်ရန်အမှုဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~