ကျိုင်းတုံ မြို့တော်ခန်းမတွင် ကျင်းပနေသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးဈေးပွဲတော်၌ ချင်းရိုင်းထုတ်ကုန်များ မိတ်ဆက်နေ
ကျိုင်းတုံ မြို့တော်ခန်းမတွင် ကျင်းပနေသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေးဈေးပွဲတော်၌ ချင်းရိုင်းထုတ်ကုန်များ မိတ်ဆက်နေ
ဇူလိုငျ 8, 2017
By Tachileik News Agency
အဆိုပါ ဈေးပွဲတော်တွင် ချင်းရိုင်းမှ ဒေသထွက်ကုန်များဖြစ်သည့် စားသောက်ကုန်များ၊ အ၀တ်အထည်များ၊ လက်မှုပစ္စည်းများနှင့် ဆေးဝါးများကို ကျိုင်းတုံမှ ကုန်သည်များကို မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့  ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယဝေ့ဆီဖွန်ကျိုင်း နှင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘက်မှ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်း၊ ကျိုင်းတုံမြို့ နယ် ကုန်သည်ကြီးများအသင်းမှ နာယက ဦးစိုင်းဇော်မင်းနှင့် ဥက္ကဌ ဦးစိုင်းတစ်ရှဲန်၊ ချင်းရိုင်းမြို့ နှင့် ကျိုင်းတုံမြို့ မှ ကုန်သည်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ဇူလိုင်လ (၈)ရက်နေ့က ကျင်းပလျက်ရှိသော ချင်းရိုင်း - ကျိုင်းတုံ ဒေသထွက်ကုန်နှင့် ချစ်ကြည်ရေးဈေးပွဲတော်တွင် ချင်းရိုင်းမှ ကုန်သည်များက၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ပြသနေကြောင်း သိရသည်။
"အခုလို ကျိုင်းတုံက ကုန်သည်တွေနဲ့ ချင်းရိုင်းက ကုန်သည်တွေ တွေ့ဆုံခွင့်ရတဲ့အတွက် အကျိုးအမြတ် အများကြီး ရရှိစေပါတယ်။ ကျိုင်းတုံက ကုန်သည်တွေအနေနဲ့ ချင်းရိုင်းဒေသထွက်ကုန်တွေကို ကို်ယ့်ဒေသမှာ တစ်ဆင့်ပြန်လည်ရောင်းချဖို့ စိတ်ဝင်စားတယ်ဆိုရင် တစ်နေ့ပဲ တစ်ခါတည်းချိတ်ဆက်ပြီး ဝယ်ယူနိုင်သလို ကျိုင်းတုံက ဒေသထွက်ကုန်တွေကို ချင်းရိုင်းမှာ လာပြချင်တယ်ဆိုရင်လည်း အကူအညီပေးသွားမှာ ဖြစ်ပါတယ်"ဟု ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယေဝ့ဆီဖွန်ကျိုင်းက ပြောကြားသည်။
အဆို်ပါ ဈေးပွဲတော်တွင် ချင်းရိုင်းမှ ဒေသထွက်ကုန်များဖြစ်သည့် စားသောက်ကုန်များ၊ အဝတ်အထည်များ၊ လက်မှုပစ္စည်းများနှင့် ဆေးဝါးများကို ကျိုင်းတုံမှ ကုန်သည်များကို မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ချင်းရိုင်း-ကျိုင်းတုံ ဒေသထွက်ကုန်နှင့် ချစ်ကြည်ရေးဈေးပွဲတော်တွင် ချင်းရိုင်းမှ ကုန်သည်(၅၅)ဦးမှ ဈေးဆိုင်ခန်း (၅၀)နှင့် ကျိုင်းတုံမြို့မှ ဈေးဆိုင်ခန်း (၁၀)ခန်း စုစုပေါင်း ဆိုင်ခန်း(၆၀)ဖွင့်လှစ်ထားပြီး ဈေးရောင်းပွဲတော်ကို ယနေ့ ဇူလိုင်လ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ စတင်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ယနေ့ ညနေ(၅)နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဘွန်ယေဝ့ဆီဖွန်ကျိုင်း နှင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဘက်မှ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်း၊ ကျိုင်းတုံမြို့နယ် ကုန်သည်ကြီးများအသင်းမှ နာယက ဦးစို်င်းဇော်မင်းနှင့် ဥက္ကဌ ဦးစိုင်းတစ်ရှဲန်၊ ချင်းရိုင်းမြို့နှင့် ကျိုင်းတုံမြို့မှ ကုန်သည်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~