ျပည္ေတာ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား အခက္အခဲ မရွိေစေရး တာခ်ီလိတ္မွ စုေပါင္း ကူညီ

ျပည္ေတာ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား အခက္အခဲ မရွိေစေရး တာခ်ီလိတ္မွ စုေပါင္း ကူညီ
ဇူလိုင် 10, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ၊ ခ်င္းရိုင္းခရိုင္အတြင္း ေရာက္ရွိေနသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအနက္ စုစုေပါင္း (၁၁)ဦးသည္ ဇူလိုင္လ(၁၀)ရက္ေန႔တြင္ တာခ်ီလိတ္သို႔ ေရာက္ရွိလာရာ ျမန္မာဘက္မွ ေကာ္မတီဝင္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည္မ်ားကို ကူညီ ေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ဇူလိုင္လ(၁၀)ရက္ေန႔တြင္ ထိုင္းႏိုင္ငံ ၊ မယ္ဆိုင္လ၀က ရံုး၌ ေနရပ္ျပန္လိုေသာ ေရႊ႕ေျပာင္း ျမန္မာလုပ္သားမ်ား၏ စာရင္းမ်ားကို ထိုင္းလ၀ကမွ စိစစ္ၿပီးေနာက္ CNCMC ေကာ္မတီ မွ မယ္ဆိုင္တြင္ ကူညီေဆာင္ရြက္ေပးကာ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ မယ္ဆိုင္လ၀က ရံုးသို႔ လာေရာက္၍ ေန႔လယ္စာျဖင့္ ေပးေ၀လွဴဒါန္းေပးေၾကာင္းႏွင့္ တာခ်ီလိတ္သို႔ CNCMC ေကာ္မတီ ႏွင့္ တာခ်ီလိတ္နာေရး ကူညီမႈအသင္းတို႔မွ ၎တို႔၏ ယာဥ္ႏွစ္စီးျဖင့္ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအား ႀကိဳဆိုေခၚေဆာင္လာခဲ့ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတား ျမန္မာဘက္တြင္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ ေနရပ္ျပန္ေရႊ႕ေျပာင္းလုပ္သားမ်ား ျပန္လည္ႀကိဳဆို လက္ခံေရး ေကာ္မတီ၊ CNCMC ေကာ္မတီ၊ အပါအ၀င္ ျပည္ခိုင္ၿဖဳိးပါတီ(USDP)၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ(NLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ(SNLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(SNDP)ႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း၊ တာခ်ီလိတ္ ေဂၚရခါးလူမႈကူညီေရးအသင္း စသည့္ လူမႈေရး အသင္းအဖြဲ႔မ်ားက ပါ၀င္ကာ ႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည္မ်ားကို ကူညီေပးခဲ့ၾကျခင္းျဖစ္ေၾကာင္း ႏွင့္   အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ(NLD)က တစ္ဦးလွ်င္ က်ပ္(၁၀၀၀၀)စီ ေထာက္ပံ့ေပးေၾကာင္းလည္း သိရသည္။

ဇူလိုင္လ(၁၀)ရက္ေန႔တြင္ ေနရပ္ျပန္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားထဲ၌ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ ျဖတ္သန္း၀င္ေရာက္ျခင္းမဟုတ္ဘဲ နယ္စပ္ေခ်ာင္းျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းမွ ျဖတ္ကူးျခင္းေၾကာင့္ ထိုင္းတပ္မေတာ္မွ ဖမ္းဆီးကာ မယ္ဆိုင္လ၀က သို႔ ပို႔ေဆာင္ခံရသူ အမ်ဳိးသားႏွစ္ဦးလည္း ပါ၀င္ေၾကာင္း သိရသည္။

"ျပည္ေတာ္ျပန္လာတဲ့ သူမ်ားအေနနဲ႔ ကြ်န္ေတာ္တို႔ကို ဆက္သြယ္ႏိုင္သလို မယ္ဆိုင္ လ၀က ရံုးမွာ သြားေရာက္ သတင္းပို႔တာေတြလည္း လုပ္ႏိုင္ပါတယ္။ အဲ့လိုဆိုရင္ ေငြေၾကးကုန္က်မႈမရွိဘဲ တာခ်ီလိတ္ကို ျပန္ခြင့္ရမွာပါ။ အဲ့လို ဆက္သြယ္မႈေတြမလုပ္ဘဲ၊ တျခား အခ်ိတ္အဆက္နဲ႔ ေခ်ာင္းက ကူးတာေတြဆိုရင္ တရားမ၀င္ သြားေရာက္မႈနဲ႔ အခုလိုပဲ ထိုင္းရဲကျဖစ္ေစ၊ လံုၿခံဳေရးကင္းက်ေနတဲ့ ထိုင္းစစ္တပ္ကျဖစ္ေစ ေတြ႕ရင္ လ၀က အခ်ဳပ္ခန္းမွာထားၿပီး အေရးယူ ေဆာင္ရြက္တာေတြရွိပါတယ္။ ဒီေန႔ေတာ့ ေခ်ာင္းကေန ကူးလို႔ ဖမ္းခံရတဲ့ မယ္ဆိုင္လ၀က အခ်ဳပ္ခန္းထဲက ျမန္မာႏိုင္ငံသား ႏွစ္ဦးကိုပါ တစ္ခါတည္း ေခၚလာႏိုင္ရန္အတြက္ ကြ်န္ေတာ္တို႔ CNCMC ေကာ္မတီက ကူညီေဆာင္ရြက္ေပးခဲ့ရပါတယ္။"ဟု ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရး ေကာ္မတီ (CNCMC)၏ လုပ္ငန္းအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္က ေျပာသည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး ထိုင္းႏိုင္ငံအတြင္းမွ နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား ႏွင့္ ထိုင္းရဲစစ္ေဆးေရးဂိတ္မ်ားမွ ေငြၫွစ္ေတာင္းခံမႈမ်ားအျပင္ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံပါက CNCMC ေကာ္မတီ၏ 0850388887 ၊ 0897558729 သို႔ ဖုန္းျဖင့္ဆက္သြယ္၍ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း ရောက်ရှိနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနက် စုစုပေါင်း (၁၁)ဦးသည် ဇူလိုင်လ(၁၀)ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာရာ မြန်မာဘက်မှ ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇူလိုင်လ(၁၀)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်လဝက ရုံး၌ နေရပ်ပြန်လိုသော ရွှေ့ပြောင်း မြန်မာလုပ်သားများ၏ စာရင်းများကို ထိုင်းလဝကမှ စိစစ်ပြီးနောက် CNCMC ကော်မတီ မှ မယ်ဆိုင်တွင် ကူညီဆောင်ရွက်ပေးကာ တာချီလိတ်နာရေးကူညီမှုအသင်းမှ မယ်ဆိုင်လဝက ရုံးသို့ လာရောက်၍ နေ့လယ်စာဖြင့် ပေးေဝလှူဒါန်းပေးကြောင်းနှင့် တာချီလိတ်သို့ CNCMC ကော်မတီ နှင့် တာချီလိတ်နာရေး ကူညီမှုအသင်းတို့မှ၎င်းတို့၏ ယာဉ်နှစ်စီးဖြင့် အဆိုပါ မြန်မာနိုင်ငံသားများအား ကြိုဆိုခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား မြန်မာဘက်တွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားများ ပြန်လည်ကြိုဆို လက်ခံရေး ကော်မတီ၊ CNCMC ကော်မတီ၊ အပါအဝင် ပြည်ခိုင်ဖြိုးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် တာချီလိတ်နာရေးကူညီမှုအသင်း၊ တာချီလိတ် ဂေါ်ရခါးလူမှုကူညီရေးအသင်း စသည့် လူမှုရေး အသင်းအဖွဲ့များက ပါဝင်ကာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များကို ကူညီပေးခဲ့ကြခြင်းဖြစ်ကြောင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က တစ်ဦးလျှင် ကျပ်(၁၀၀၀၀)စီ ထောက်ပံ့ပေးကြောင်းလည်း သိရသည်။

ဇူလိုင်လ(၁၀)ရက်နေ့တွင် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာလုပ်သားများထဲ၌ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဖြတ်သန်းဝင်ရောက်ခြင်းမဟုတ်ဘဲ နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ဖြတ်ကူးခြင်းကြောင့် ထိုင်းတပ်မတော်မှ ဖမ်းဆီးကာ မယ်ဆိုင်လဝက သို့ ပို့ဆောင်ခံရသူ အမျိုးသားနှစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

"ပြည်တော်ပြန်လာတဲ့ သူများအနေနဲ့ ကျွန်တော်တို့ကို ဆက်သွယ်နိုင်သလို မယ်ဆိုင် လဝက ရုံးမှာ သွားရောက် သတင်းပို့တာတွေလည်း လုပ်နိုင်ပါတယ်။ အဲ့လိုဆိုရင် ငွေကြေးကုန်ကျမှုမရှိဘဲ တာချီလိတ်ကို ပြန်ခွင့်ရမှာပါ။ အဲ့လို ဆက်သွယ်မှုတွေမလုပ်ဘဲ၊ တခြား အချိတ်အဆက်နဲ့ ချောင်းက ကူးတာတွေဆိုရင် တရားမဝင် သွားရောက်မှုနဲ့ အခုလိုပဲ ထိုင်းရဲကဖြစ်စေ၊ လုံခြုံရေးကင်းကျနေတဲ့ ထိုင်းစစ်တပ်ကဖြစ်စေ တွေ့ရင် လဝက အချုပ်ခန်းမှာထားပြီး အရေးယူ ဆောင်ရွက်တာတွေရှိပါတယ်။ ဒီနေ့တော့ ချောင်းကနေ ကူးလို့ ဖမ်းခံရတဲ့ မယ်ဆိုင်လဝက အချုပ်ခန်းထဲက မြန်မာနိုင်ငံသား နှစ်ဦးကိုပါ တစ်ခါတည်း ခေါ်လာနိုင်ရန်အတွက် ကျွန်တော်တို့ CNCMC ကော်မတီက ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။"ဟု ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၏ လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး ထိုင်းနိုင်ငံအတွင်းမှ နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ နှင့် ထိုင်းရဲစစ်ဆေးရေးဂိတ်များမှ ငွေညှစ်တောင်းခံမှုများအပြင် နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံပါက CNCMC ကော်မတီ၏ 0850388887၊ 0897558729 သို့ ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~