ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ ေက်ာင္းသားလူငယ္အမ်ားအျပား တက္ေရာက္ ဂါရ၀ျပဳ

ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ ေက်ာင္းသားလူငယ္အမ်ားအျပား တက္ေရာက္ ဂါရ၀ျပဳ
ဇူလိုင် 19, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္  ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔အခမ္းအနားအား ဗိုလ္ခ်ဳပ္ပန္းၿခံ၌ က်င္းပရာ ျပည္နယ္အစိုးရအဖြဲ႔၊ ဌာနဆုိင္ရာမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ျပည္သူလူထုတို႔ ပူးေပါင္းပါဝင္ၾကၿပီး ေက်ာင္းသားလူငယ္အမ်ားအျပား ပါဝင္ေၾကာင္း သိရသည္။
“ အစိုးရအဖြဲ႕နဲ႔ ဌာနဆုိင္ရာမ်ားက မနက္ (၈)နာရီကတည္းက လြမ္းသူ႔ပန္းေခြခ် အေလးျပဳအခမ္းအနား လုပ္ၾကတယ္။ ၿပီးေတာ့ ၿမိဳ႕လယ္ဓမၼာရံုမွာ ေန႔ဆြမ္းဆက္ကပ္တယ္။ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ျပည္သူလူထုေတြလည္း လြမ္းသူ႔ပန္းေခြခ် အေလးျပဳၾကတယ္။ ေက်ာင္းသူေက်ာင္းသားေတြကေတာ့ ပုဂၢလိကေက်ာင္းေတြေရာ၊ အစိုးရေက်ာင္းက ေက်ာင္းသား/ေက်ာင္းသူေတြေရာပါတယ္။ 
အရပ္ဘက္အဖြဲ႕အစည္းေပါင္း (၂၀)ေက်ာ္ေလာက္ပါတယ္”ဟု အာဇာနည္ေန႔ အခမ္းအနားတက္ေရာက္ ဂါရ၀ျပဳခဲ့သည့္ ရွမ္းျပည္ႏုိင္ငံေရးအဖြဲ႕မွ ဦးတင္ေမာင္တိုးက ေျပာသည္။
အာဇာနည္ေခါင္းေဆာင္မ်ားအား အေလးျပဳႏုိင္ရန္ နံနက္ (၁၀)နာရီ (၃၇)မိနစ္အခ်ိန္တြင္ ဥၾသဆြဲျခင္းကိုလည္း ယခုႏွစ္တြင္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ဓာတ္ပံု -  KT 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်(၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားအား ဗိုလ်ချုပ်ပန်းခြံ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်ကြပြီး ကျောင်းသားလူငယ်အများအပြား ပါဝင်ကြောင်း သိရသည်။

“ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာများက မနက် (၈)နာရီကတည်းက လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား လုပ်ကြတယ်။ ပြီးတော့ မြို့လယ်ဓမ္မာရုံမှာ နေ့ဆွမ်းဆက်ကပ်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေလည်း လွမ်းသူ့ပန်းခွေချ အလေးပြုကြတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ပုဂ္ဂလိကကျောင်းတွေရော၊ အစိုးရကျောင်းက ကျောင်းသား/ကျောင်းသူတွေရောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၀)ကျော်လောက်ပါတယ်”ဟု အာဇာနည်နေ့ အခမ်းအနားတက်ရောက် ဂါရဝပြုခဲ့သည့် ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောသည်။

အာဇာနည်ခေါင်းဆောင်များအား အလေးပြုနိုင်ရန် နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်တွင် ဥသြဆွဲခြင်းကိုလည်း ယခုနှစ်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KT  

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~