ထိုင္းႏိုင္ငံ ဘန္ေကာက္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္)၏ အကူအညီျဖင့္ ျပည္ေတာ္ျပန္

ထိုင္းႏိုင္ငံ ဘန္ေကာက္အတြင္းမွ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ား ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္)၏ အကူအညီျဖင့္ ျပည္ေတာ္ျပန္
ဇူလိုင် 18, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ဘန္ေကာက္ အေျခစိုက္ ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္) ( TAI Organization Bangkok )က ဘန္ေကာက္အတြင္းေရာက္ရွိေနၿပီး ေနရပ္ျပန္လိုသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား စုစည္းကာ CNCMC ႏွင့္ ခ်ိတ္ဆက္၍ ထိုင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕သို႔ ဇူလိုင္လ(၁၈)ရက္ေန႔က လာေရာက္ ကူညီပို႔ေဆာင္ေပးရာတြင္ စုစုေပါင္း (၃၃)ဦး ရွိေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔အေနနဲ႔က ထိုင္းႏုိင္ငံအတြင္းမွာ ေရာက္ရွိေနၿပီး အခက္အခဲျဖစ္ေနသူေတြနဲ႔ ဒုကၡေရာက္ ေနသူေတြကို လိုက္လံကူညီေပးပါတယ္။ အခုလည္း ေနရပ္ျပန္လိုသူမ်ားကို ကူညီၿပီး ပို႔ေဆာင္ ေပးႏိုင္ရန္ အတြက္ ကြ်န္ေတာ္တို႔ Facebook မွာ အသိေပးေၾကာ္ျငာတာေတြလုပ္လိုက္ေတာ့ သူတို႔ေတြ ဆက္သြယ္ လာၾကတာပါ။ ကြ်န္ေတာ္တို႔ မေန႔ည(ဇူလိုင္လ ၁၇ ) (၇)နာရီကေန ဘန္ေကာက္ကေန စထြက္ လာၾကတာပါ။"ဟု ဘန္ေကာက္မွ မယ္ဆိုင္အထိ ပို႔ေဆာင္ေပးလာသူ ရွမ္းတိုင္းရင္းသား အဖြဲ႔အစည္း(ဘန္ေကာက္) ( TAI Organization Bangkok )မွ တာ၀န္ရွိသူ ကိုစိုင္းႏြံက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အဖြဲ႔သည္ ထိုင္းႏိုင္ငံအတြင္း ေရာက္ရွိေနၿပီး အခက္အခဲမ်ားႏွင့္ ႀကံဳေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား မ်ားအား တတ္ႏိုင္သည့္ဘက္မွ ကူညီေျဖရွင္းေပးမႈမ်ား လုပ္ေဆာင္ေပးေၾကာင္းႏွင့္ ယခုလို ထိုင္း - ျမန္မာ နယ္စပ္ မယ္ဆိုင္သို႔ ပို႔ေဆာင္ေပးမႈသည္ ပထမအႀကိမ္ျဖစ္ၿပီး ဆက္လက္၍ ေနရပ္ျပန္လာလိုသူမ်ားအား အခမဲ့ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္လ(၁၈)ရက္ေန႔တြင္ ရွမ္းတိုင္းရင္းသားအဖြဲ႔အစည္း(ဘန္ေကာက္) ( TAI Organization Bangkok )၏ အကူအညီျဖင့္ မယ္ဆိုင္သို႔ ေရာက္ရွိလာသူမ်ားႏွင့္ မယ္ဆိုင္လ၀က ရံုးတြင္ ေရာက္ရွိလာသူ စုစုေပါင္း ကေလးငယ္အပါအ၀င္ (၃၆)ဦးအတြက္ မယ္ဆိုင္လ၀ကရံုး၌ CNCMC ၏ စီစဥ္ေပးမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္းႏွင့္ႏိုင္းႏိုင္း ကေဖးႏွင့္အေအးဆိုင္ မိသားစုက ေန႔လယ္စာျဖင့္ ေကြ်းေမြးဒါနျပဳၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္းက အေအးႏွင့္မုန္႔မ်ားျဖင့္လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က တစ္ဦးလွ်င္ က်ပ္(၃၀၀၀)ႏႈန္းျဖင့္ လည္းေကာင္း၊ ၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ႏွင့္ ရွမ္းတုိင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီတို႔က လိုအပ္သည္မ်ားကို ျဖည့္စြက္ကူညီေပးေၾကာင္း သိရသည္။

ေနရပ္ျပန္ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္(ေျမာက္ပိုင္း)တို႔မွ အမ်ားဆံုးပါ၀င္သည့္အတြက္ SSPP/SSA က သက္ဆိုင္ရာၿမိဳ႕မ်ားရွိ ေနအိမ္အေရာက္ လိုက္လံ ပို႔ေပးေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခု ေနရပ္ျပန္ႏိုင္ဖို႔ ကား(၃)စီးေလာက္ စီစဥ္ေပးထားပါတယ္။ ပင္လံု၊ လဲခ်ားဘက္ ျပန္တဲ့ဘက္ကို တစ္စီးေပါ့ေနာ္၊ တခ်ဳိ႕ေတြက မိုင္းရွဴးတို႔ မိုင္းေနာင္တို႔ဘက္ကို ေနာက္တစ္စီး၊ အဲ့လို စီစဥ္ေပးထားပါတယ္။ အခမဲ့ပါ၊ ရြာအထိ၊ အိမ္အထိ ပို႔ေပးပါတယ္။ အခုကေတာ့ ဒုတိယအႀကိမ္ပါ။ ေရွ႕ဆက္ၿပီးေတာ့လည္း အခုလို အကူအညီလိုအပ္လာရင္ ကူညီေပးသြားမွာပါ"ဟု SSPP/SSA ၏ တာခ်ီလိတ္ ယာယီ တာ၀န္ခံ ကိုစိုင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံတြင္းမွ တစ္ဆင့္ ေရာက္ရွိလာသည့္ ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအေနျဖင့္ ေနရပ္သို႔ ျပန္ရာတြင္ မွတ္ပံုတင္ေပ်ာက္သြားသူမ်ားႏွင့္ မျပဳလုပ္ရေသးသူမ်ားအား တာခ်ီလိတ္ၿမိဳ႕နယ္လ၀ကမွ စိစစ္ကာ ခရီးသြားရန္ အဆင္ေျပေစေရးအတြက္ အျမန္ဆံုး ကူညီေဆာင္ရြက္ေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ အလုပ္သမားဥပေဒအေျပာင္းအလဲေၾကာင့္ ျမန္မာအပါအဝင္ အိမ္နီးခ်င္းႏုိင္ငံမ်ားမွ ေရႊ႕ေျပာင္းလုပ္သားမ်ား ေနရပ္ျပန္ေနၾကျခင္းျဖစ္ရာ ထုိင္း-ျမန္မာနယ္စပ္ဂိတ္ျဖစ္သည့္ တာခ်ီလိတ္ တြင္လည္း ေနရပ္ျပန္ ျမန္မာမ်ားအား ကူညီေရးအတြက္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ၏ လမ္းညႊန္မႈျဖင့္ CNCMC ေကာ္မတီအား ခ်င္းရိုင္းခရိုင္အတြင္းထိ သြားေရာက္ကူညီေစကာ တာခ်ီလိတ္ ဘက္တြင္ လိုအပ္သည္မ်ားကို ကူညီေပးရန္၊ အျခားႏိုင္ငံသားမ်ား ပါ၀င္လာမႈရွိ/မရွိ ႏွင့္ တရားမ၀င္ ပစၥည္းမ်ား ပါ၀င္လာမႈ ရွိ/မရွိအား စိစစ္ လုပ္ေဆာင္ႏိုင္ရန္အတြက္ ေနရပ္ျပန္ေရႊ႕ေျပာင္း လုပ္သားမ်ား ျပန္လည္ႀကိဳဆို လက္ခံေရး ေကာ္မတီအား ဖြဲ႔စည္းေပးထားၿပီး ကူညီ ေဆာင္ရြက္ေနျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံမွ ေနရပ္ျပန္လာလိုၿပီး နယ္စပ္ဂိတ္မ်ားသို႔ သြားလာရန္ အခက္အခဲ ျဖစ္ေနသူမ်ား၊ ထိုင္းရဲစစ္ေဆးေရး ဂိတ္မ်ားမွ တရားမဝင္ ေငြေၾကးေတာင္းခံမႈမ်ား၊ နယ္စပ္၀င္ေပါက္တြင္ ကားသမားမ်ားမွ ျဖစ္ေစ၊ ပြဲစားမ်ားမွျဖစ္ေစ ေငြေၾကးေတာင္းခံမႈမ်ားႀကံဳရၿပီး အခက္အခဲျဖစ္ပါက CNCMC ေကာ္မတီ၏ ဖုန္းနံပါတ္မ်ားျဖစ္သည့္ 0850388887 ၊ 0897558729 သို႔ ဆက္သြယ္ အကူအညီ ေတာင္းခံႏိုင္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း(ဘန်ကောက်) ( TAI Organization Bangkok )က ဘန်ကောက်အတွင်းရောက်ရှိနပြေီး နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအား စုစည်းကာ CNCMC နှင့် ချိတ်ဆက်၍ ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့သို့ ဇူလိုင်လ(၁၈)ရက်နေ့က လာရောက် ကူညီပို့ဆောင်ပေးရာတွင် စုစုပေါင်း (၃၃)ဦး ရှိကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့က ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနပြေီး အခက်အခဲဖြစ်နေသူတွေနဲ့ ဒုက္ခရောက် နေသူတွေကို လိုက်လံကူညီပေးပါတယ်။ အခုလည်း နေရပ်ပြန်လိုသူများကို ကူညီပြီး ပို့ဆောင် ပေးနိုင်ရန် အတွက် ကျွန်တော်တို့ Facebook မှာ အသိပေးကြော်ငြာတာတွေလုပ်လိုက်တော့ သူတို့တွေ ဆက်သွယ် လာကြတာပါ။ ကျွန်တော်တို့ မနေ့ည(ဇူလိုင်လ ၁၇ ) (၇)နာရီကနေ ဘန်ကောက်ကနေ စထွက် လာကြတာပါ။"ဟု ဘန်ကောက်မှ မယ်ဆိုင်အထိ ပို့ဆောင်ပေးလာသူ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း(ဘန်ကောက်) ( TAI Organization Bangkok )မှ တာဝန်ရှိသူ ကိုစိုင်းနွံက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ အဖွဲ့သည် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနပြေီး အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား တတ်နိုင်သည့်ဘက်မှ ကူညီဖြေရှင်းပေးမှုများ လုပ်ဆောင်ပေးကြောင်းနှင့် ယခုလို ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင်သို့ ပို့ဆောင်ပေးမှုသည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်၍ နေရပ်ပြန်လာလိုသူများအား အခမဲ့ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၁၈)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားအဖွဲ့အစည်း(ဘန်ကောက်) ( TAI Organization Bangkok )၏ အကူအညီဖြင့် မယ်ဆိုင်သို့ ရောက်ရှိလာသူများနှင့် မယ်ဆိုင်လဝက ရုံးတွင် ရောက်ရှိလာသူ စုစုပေါင်း ကလေးငယ်အပါအဝင် (၃၆)ဦးအတွက် မယ်ဆိုင်လဝကရုံး၌ CNCMC၏ စီစဉ်ပေးမှုဖြင့် တာချီလိတ်မြို့ ဗယ်လင်တိုင်းနှင့်နိုင်းနိုင်း ကဖေးနှင့်အအေးဆိုင် မိသားစုက နေ့လယ်စာဖြင့် ကျွေးမွေးဒါနပြုပြီး တာချီလိတ်နာရေးကူညီမှုအသင်းက အအေးနှင့်မုန့်များဖြင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တစ်ဦးလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့က လိုအပ်သည်များကို ဖြည့်စွက်ကူညီပေးကြောင်း သိရသည်။

နေရပ်ပြန် အဆိုပါ မြန်မာနိုင်ငံသားများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)တို့မှ အများဆုံးပါဝင်သည့်အတွက် SSPP/SSA က သက်ဆိုင်ရာမြို့များရှိ နေအိမ်အရောက် လိုက်လံ ပို့ပေးဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အခု နေရပ်ပြန်နိုင်ဖို့ ကား(၃)စီးလောက် စီစဉ်ပေးထားပါတယ်။ ပင်လုံ၊ လဲချားဘက် ပြန်တဲ့ဘက်ကို တစ်စီးပေါ့နော်၊ တချို့တွေက မိုင်းရှူးတို့ မိုင်းနောင်တို့ဘက်ကို နောက်တစ်စီး၊ အဲ့လို စီစဉ်ပေးထားပါတယ်။ အခမဲ့ပါ၊ ရွာအထိ၊ အိမ်အထိ ပို့ပေးပါတယ်။ အခုကတော့ ဒုတိယအကြိမ်ပါ။ ရှေ့ဆက်ပြီးတော့လည်း အခုလို အကူအညီလိုအပ်လာရင် ကူညီပေးသွားမှာပါ"ဟု SSPP/SSA၏ တာချီလိတ် ယာယီ တာဝန်ခံ ကိုစိုင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်းမှ တစ်ဆင့် ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနဖြေင့် နေရပ်သို့ ပြန်ရာတွင် မှတ်ပုံတင်ပျောက်သွားသူများနှင့် မပြုလုပ်ရသေးသူများအား တာချီလိတ်မြို့နယ်လဝကမှ စိစစ်ကာ ခရီးသွားရန် အဆင်ပြေစေရေးအတွက် အမြန်ဆုံး ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဥပဒေအပြောင်းအလဲကြောင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်နကြခြေင်းဖြစ်ရာ ထိုင်း-မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် တာချီလိတ် တွင်လည်း နေရပ်ပြန် မြန်မာများအား ကူညီရေးအတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် CNCMC ကော်မတီအား ချင်းရိုင်းခရိုင်အတွင်းထိ သွားရောက်ကူညီစေကာ တာချီလိတ် ဘက်တွင် လိုအပ်သည်များကို ကူညီပေးရန်၊ အခြားနိုင်ငံသားများ ပါဝင်လာမှုရှိ/မရှိ နှင့် တရားမဝင် ပစ္စည်းများ ပါဝင်လာမှု ရှိ/မရှိအား စိစစ် လုပ်ဆောင်နိုင်ရန်အတွက် နေရပ်ပြန်ရွှေ့ပြောင်း လုပ်သားများ ပြန်လည်ကြိုဆို လက်ခံရေး ကော်မတီအား ဖွဲ့စည်းပေးထားပြီး ကူညီ ဆောင်ရွက်နခြေင်း ဖြစ်သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာလိုပြီး နယ်စပ်ဂိတ်များသို့ သွားလာရန် အခက်အခဲ ဖြစ်နေသူများ၊ ထိုင်းရဲစစ်ဆေးရေး ဂိတ်များမှ တရားမဝင် ငွေကြေးတောင်းခံမှုများ၊ နယ်စပ်ဝင်ပေါက်တွင် ကားသမားများမှ ဖြစ်စေ၊ ပွဲစားများမှဖြစ်စေ ငွေကြေးတောင်းခံမှုများကြုံရပြီး အခက်အခဲဖြစ်ပါက CNCMC ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သည့် 0850388887၊ 0897558729 သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~