ေက်ာက္မဲ သစ္ေတာေရကူးကန္လမ္းေဘး ေရႏႈတ္ေျမာင္းမ်ားကို လမ္းေဘးေနအိမ္မ်ားက ေဆာင္ရြက္ေပးရမည္

ေက်ာက္မဲ သစ္ေတာေရကူးကန္လမ္းေဘး ေရႏႈတ္ေျမာင္းမ်ားကို လမ္းေဘးေနအိမ္မ်ားက ေဆာင္ရြက္ေပးရမည္
ဇူလိုင် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ျပည္သူ႔ေဆးရံုသို႔သြားရာလမ္းတစ္ခုျဖစ္သည့္ အမွတ္(၂)ရပ္ကြက္ သစ္ေတာေရကူးကန္လမ္း၏ ပ်က္စီးေနသည့္ လမ္းပိုင္း ေပ(၇၀၀)ေက်ာ္အား ၿမိဳ႕နယ္ စည္ပင္သာယာေရးမွ ျပင္ဆင္မည္ျဖစ္ေသာ္လည္း လမ္းေဘးေရႏႈတ္ေျမာင္းႏွင့္ ေရဆင္းေျမာင္းမ်ား အတြက္ လမ္းေဘးေနအိမ္မ်ားက ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ပင္လံုလမ္းမႀကီးႏွင့္ ရန္ကင္းလမ္းမႀကီးအား ဆက္သြယ္ထားေသာ သစ္ေတာေရကူးကန္လမ္း၏ ပ်က္စီးေနသည့္အပိုင္းအား ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနဘတ္ဂ်က္ျဖင့္ ကတၱရာ ထပ္ပိုးလႊာခင္းမည္္ျဖစ္ေၾကာင္း သိရွိရသည္။

“အဓိက ကေတာ့ အဲဒီလမ္းက ၿမိဳ႕တြင္း ပတ္လမ္းပိုင္းထဲမွာလည္း ပါေနတယ္။ အမွတ္(၂)ရပ္ကြက္နဲ႔ အဲဒီဘက္ အျခမ္းမွာ ေနထိုင္တဲ့ျပည္သူေတြဟာ ပင္လံုလမ္း(ျပည္သူ႔ေဆးရံုႀကီး)ဘက္ကိုလာေနရတဲ့ အဓိကလမ္းမႀကီး လည္းျဖစ္တယ္။ ဒါေၾကာင့္ အဲဒီလမ္းမွာ ပ်က္စီးေနတဲ့အပိုင္းေတြကို အရင္ဆံုးျပင္ဆင္ေပးမွာျဖစ္ပါတယ္။ ဒီလမ္းသူ/လမ္းသားေတြရဲ့အက်ိဳးတစ္ခုတည္းမဟုတ္ဘဲ တစ္ၿမိဳ႕လံုးနဲ႔သက္ဆိုင္တဲ့လမ္းပိုင္းျဖစ္လို႔ အရင္ဆံုး ျပင္ဆင္ေပးမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏိုင္ငံေတာ္မွ ခ်ေပးသည့္ဘတ္ဂ်က္တြင္ လမ္းပိုင္းျပင္ဆင္ရန္သာပါရိွၿပီး ေရႏႈတ္ေျမာင္းမ်ားလုပ္ေဆာင္ရန္ မပါရွိသည့္အတြက္ ျပည္သူမ်ား၏ပါဝင္မႈျဖင့္ လုပ္ေဆာင္ရန္စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လမ္းသူ/လမ္းသားေတြကလည္း လမ္းျပင္ဆင္ဖို႔အတြက္ လုိလုိလားလားသေဘာတူပါတယ္။ ၿမိဳ႕နယ္စည္ပင္က ေခၚယူေဆြးေႏြးတိုင္ပင္တာလည္းလုပ္ထားၿပီးပါၿပီ။ လမ္းသူ/လမ္းသားေတြ အေနနဲ႔ကေတာ့ မိမိအိမ္ေရွ႕ေရႏႈတ္ေျမာင္း ကုန္က်စရိတ္ေလာက္ပဲရွိမွာပါ။ အခုလို လမ္းျမန္ျမန္ ပ်က္စီးသြားတာကလည္း အိမ္သံုး၊စီးပြားေရးလုပ္ငန္းသံုးတဲ့ ေရေတြကို ေျမာင္းမေဖာက္ဘဲ လမ္းေပၚ ထုတ္ၾကလို႔ လမ္းကျမန္ျမန္ပ်က္စီးရတာပါ။ လက္ရွိအေနအထားမွာ ခ်ိဳင့္ခြက္ေတြအရမ္းႀကီးမားတဲ့အတြက္ ဆိုင္ကယ္စီးရတာေတာင္ခက္ခဲတယ္”ဟု သစ္ေတာေရကူးကန္လမ္းမွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

အဆိုပါသစ္ေတာေရကူးကန္လမ္းမွာ ၿမိဳ႕အဝင္ပင္လံုလမ္းရွိ ျပည္သူ႔ေဆးရံုႀကီးအနီးႏွင့္ အျခားတစ္ဖက္ရွိ ၿမိဳ႕အဝင္ လမ္းပိုင္းတစ္ခုျဖစ္သည့္ ရန္ကင္းလမ္းမႀကီးတို႔အား ဆက္သြယ္ေပးထားသည့္ လမ္းမႀကီး တစ္ခုျဖစ္ၿပီး လမ္းအရွည္မွာ (၃၁၅၀)ေပရွိကာ ၂၀၁၂ -၂၀၁၃ ဘ႑ာႏွစ္အတြင္းက ရန္ကင္းလမ္းသို႔ အဝင္ပိုင္းမွ လမ္းအရွည္ ေပ(၂၅၀)အား ထပ္ပိုးလႊာခင္း၍ ျပင္ဆင္မႈျပဳလုပ္ထားခဲ့ေၾကာင္း သိရသည္။

သစ္ေတာေရကူးကန္လမ္းနယ္နိမိတ္အတြင္း ေနထိုင္သူမ်ားက ေနအိမ္ၿခံဝန္းအတြင္း ေရမဝင္ေစရန္ ေျမာင္းမေဖာက္ဘဲ အုတ္ခံုအျမင့္မ်ားျပဳလုပ္ထားျခင္းကိုလည္း ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပြည်သူ့ဆေးရုံသို့သွားရာလမ်းတစ်ခုဖြစ်သည့် အမှတ်(၂)ရပ်ကွက် သစ်တောရေကူးကန်လမ်း၏ ပျက်စီးနေသည့် လမ်းပိုင်း ပေ(၇၀၀)ကျော်အား မြို့နယ် စည်ပင်သာယာရေးမှ ပြင်ဆင်မည်ဖြစ်သော်လည်း လမ်းဘေးရေနှုတ်မြောင်းနှင့် ရေဆင်းမြောင်းများ အတွက် လမ်းဘေးနေအိမ်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပင်လုံလမ်းမကြီးနှင့် ရန်ကင်းလမ်းမကြီးအား ဆက်သွယ်ထားသော သစ်တောရေကူးကန်လမ်း၏ ပျက်စီးနေသည့်အပိုင်းအား မြို့နယ်စည်ပင်သာယာရေးဌာနဘတ်ဂျက်ဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းမည်ဖြစ်ကြောင်း သိရှိရသည်။

“အဓိက ကတော့ အဲဒီလမ်းက မြို့တွင်း ပတ်လမ်းပိုင်းထဲမှာလည်း ပါနေတယ်။ အမှတ်(၂)ရပ်ကွက်နဲ့ အဲဒီဘက် အခြမ်းမှာ နေထိုင်တဲ့ပြည်သူတွေဟာ ပင်လုံလမ်း(ပြည်သူ့ဆေးရုံကြီး)ဘက်ကိုလာနေရတဲ့ အဓိကလမ်းမကြီး လည်းဖြစ်တယ်။ ဒါကြောင့် အဲဒီလမ်းမှာ ပျက်စီးနေတဲ့အပိုင်းတွေကို အရင်ဆုံးပြင်ဆင်ပေးမှာဖြစ်ပါတယ်။ ဒီလမ်းသူ/လမ်းသားတွေရဲ့အကျိုးတစ်ခုတည်းမဟုတ်ဘဲ တစ်မြို့လုံးနဲ့သက်ဆိုင်တဲ့လမ်းပိုင်းဖြစ်လို့ အရင်ဆုံး ပြင်ဆင်ပေးမှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်မှ ချပေးသည့်ဘတ်ဂျက်တွင် လမ်းပိုင်းပြင်ဆင်ရန်သာပါရှိပြီး ရေနှုတ်မြောင်းများလုပ်ဆောင်ရန် မပါရှိသည့်အတွက် ပြည်သူများ၏ပါဝင်မှုဖြင့် လုပ်ဆောင်ရန်စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းသူ/လမ်းသားတွေကလည်း လမ်းပြင်ဆင်ဖို့အတွက် လိုလိုလားလားသဘောတူပါတယ်။ မြို့နယ်စည်ပင်က ခေါ်ယူဆွေးနွေးတိုင်ပင်တာလည်းလုပ်ထားပြီးပါပြီ။ လမ်းသူ/လမ်းသားတွေ အနေနဲ့ကတော့ မိမိအိမ်ရှေ့ရေနှုတ်မြောင်း ကုန်ကျစရိတ်လောက်ပဲရှိမှာပါ။ အခုလို လမ်းမြန်မြန် ပျက်စီးသွားတာကလည်း အိမ်သုံး၊စီးပွားရေးလုပ်ငန်းသုံးတဲ့ ရေတွေကို မြောင်းမဖောက်ဘဲ လမ်းပေါ် ထုတ်ကြလို့ လမ်းကမြန်မြန်ပျက်စီးရတာပါ။ လက်ရှိအနေအထားမှာ ချိုင့်ခွက်တွေအရမ်းကြီးမားတဲ့အတွက် ဆိုင်ကယ်စီးရတာတောင်ခက်ခဲတယ်”ဟု သစ်တောရေကူးကန်လမ်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါသစ်တောရေကူးကန်လမ်းမှာ မြို့အဝင်ပင်လုံလမ်းရှိ ပြည်သူ့ဆေးရုံကြီးအနီးနှင့် အခြားတစ်ဖက်ရှိ မြို့အဝင် လမ်းပိုင်းတစ်ခုဖြစ်သည့် ရန်ကင်းလမ်းမကြီးတို့အား ဆက်သွယ်ပေးထားသည့် လမ်းမကြီး တစ်ခုဖြစ်ပြီး လမ်းအရှည်မှာ (၃၁၅၀)ပေရှိကာ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်အတွင်းက ရန်ကင်းလမ်းသို့ အဝင်ပိုင်းမှ လမ်းအရှည် ပေ(၂၅၀)အား ထပ်ပိုးလွှာခင်း၍ ပြင်ဆင်မှုပြုလုပ်ထားခဲ့ကြောင်း သိရသည်။

သစ်တောရေကူးကန်လမ်းနယ်နိမိတ်အတွင်း နေထိုင်သူများက နေအိမ်ခြံဝန်းအတွင်း ရေမဝင်စေရန် မြောင်းမဖောက်ဘဲ အုတ်ခုံအမြင့်များပြုလုပ်ထားခြင်းကိုလည်း ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~