တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ အသက္(၆၀)ေက်ာ္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ အသက္(၆၀)ေက်ာ္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဇူလိုင် 11, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္၊ ၀မ္လံုလမ္းခြဲရွိ ေနအိမ္တြင္ ဇူလိုင္လ(၁၁)ရက္ေန႔ ေန႔လယ္ပိုင္းက မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀) တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္မွ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ တို႔သည္ မူးယစ္ေဆး၀ါး သတင္းအရ ေဆခမ္းရပ္ကြက္၊ ၀မ္လံု လမ္းခြဲရွိ နန္ဆိုင္ေက်ာက္(က်ား)၏ ေနအိမ္ အတြင္း ၀င္ေရာက္ရွာေဖြရာ ၎အား ေနအိမ္တြင္ အသင့္ေတြ႕ရွိရၿပီး ၎၏ ခႏၶာကိုယ္တြင္ ရွာေဖြမႈမ်ား ျပဳလုပ္ရာ ေဘာင္းဘီတိုအတြင္းမွ အေလးခ်ိန္ (၁၁)ဂရမ္ရွိသည့္ အိုက္စ္အျဖဴေရာင္ ပံုေဆာင္ခဲကို လည္းေကာင္း၊ ေနအိမ္ အိပ္ခန္းအ၀င္ရွိ ၀ါးတိုင္တြင္ ခ်ိတ္ဆြဲထားသည့္ ၾကြပ္ၾကြပ္အိတ္ အတြင္းမွ (၈၆)ဂရမ္ခန္႔ ရွိသည့္ အိုက္စ္အျဖဴေရာင္ ပံုေဆာင္ခဲတို႔ကိုလည္းေကာင္း ေတြ႕ရွိရသည့္အျပင္ အေလးခ်ိန္ (၄)ဂရမ္ခန္႔ရွိသည့္ ဘိန္းစိမ္းႏွင့္ WY စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား (၂)ျပားကိုပါ ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ေတြ႕ရွိရသည့္ အသက္(၆၂)ႏွစ္အရြယ္ နန္ဆိုင္ေက်ာက္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၅/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဝမ်လုံလမ်းခွဲရှိ နေအိမ်တွင် ဇူလိုင်လ(၁၁)ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် တာချီလိတ်ခရိုင်/မြို့နယ်မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ တို့သည် မူးယစ်ဆေးဝါး သတင်းအရ ဆေခမ်းရပ်ကွက်၊ ဝမ်လုံ လမ်းခွဲရှိ နန်ဆိုင်ကျောက်(ကျား)၏ နေအိမ် အတွင်း ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်း၏ ခန္ဓာကိုယ်တွင် ရှာဖွေမှုများ ပြုလုပ်ရာ ဘောင်းဘီတိုအတွင်းမှ အလေးချိန် (၁၁)ဂရမ်ရှိသည့် အိုက်စ်အဖြူရောင် ပုံဆောင်ခဲကို လည်းကောင်း၊ နေအိမ် အိပ်ခန်းအဝင်ရှိ ၀ါးတိုင်တွင် ချိတ်ဆွဲထားသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ (၈၆)ဂရမ်ခန့် ရှိသည့် အိုက်စ်အဖြူရောင် ပုံဆောင်ခဲတို့ကိုလည်းကောင်း တွေ့ရှိရသည့်အပြင် အလေးချိန် (၄)ဂရမ်ခန့်ရှိသည့် ဘိန်းစိမ်းနှင့် WY စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၂)ပြားကိုပါ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်တွေ့ရှိရသည့် အသက်(၆၂)နှစ်အရွယ် နန်ဆိုင်ကျောက်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၅/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~