ေတာင္ႀကီးၿမိဳ႕တြင္ စစ္ေဆးေတြ႕ရွိရသည့္ ရွမ္းေလး အမွတ္တံဆိပ္ပါရွိေသာ စားသံုးဆီႏွင့္ ပတ္သက္၍ ေစ်းကြက္အတြင္း ျပန္လည္ သိမ္းဆည္းၿပီး မီးရႈိ႕ဖ်က္ဆီးရန္ ဆံုးျဖတ္

ေတာင္ႀကီးၿမိဳ႕တြင္ စစ္ေဆးေတြ႕ရွိရသည့္ ရွမ္းေလး အမွတ္တံဆိပ္ပါရွိေသာ စားသံုးဆီႏွင့္ ပတ္သက္၍ ေစ်းကြက္အတြင္း ျပန္လည္ သိမ္းဆည္းၿပီး မီးရႈိ႕ဖ်က္ဆီးရန္ ဆံုးျဖတ္
ဇူလိုင် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ စားသံုးရန္မသင့္ေသာ စားေသာက္ထုတ္ကုန္မ်ားအား စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ စစ္ေဆးေတြ႕ရွိခဲ့သည့္ ရွမ္းေလး အမွတ္တံဆိပ္ပါရွိေသာ စားသံုးဆီႏွင့္ ပတ္သက္၍ ထုတ္လုပ္ေရာင္းခ်သူ ကိုယ္တိုင္ ေစ်းကြက္အတြင္း ျပန္လည္သိမ္းဆည္းေပးၿပီး မီးရႈိ႕ဖ်က္ဆီးရန္  ဇူလိုင္လ ၁၃ရက္ေန႔က ျပဳလုပ္ေသာ ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္း ေကာ္မတီ အစည္းအေ၀းတြင္ ဆံုးျဖတ္လိုက္ေၾကာင္း သိရသည္။

"ရွမ္းေလးစားသံုးဆီ ထုတ္လုပ္တဲ့ သူက တံဆိပ္ကို တရား၀င္မွတ္ပံုမတင္ထားဘူး။ တျခား ဓာတုဆီအနံ႔နဲ႔ ထည့္ၿပီးေတာ့ ပဲဆီဆိုၿပီးလိမ္ေရာင္းတယ္။ ကြ်န္ေတာ္တို႕သြားေရာက္စစ္ေဆးၿပီး သိမ္းဆည္းတဲ့အခါမွာ သူလက္ထဲမွာက ဆီ (၂)ဘူးေလာက္ပဲ က်န္တယ္။ က်န္တာက ေစ်းကြက္ထဲျဖန္႔ၿပီးေနၿပီဆိုေတာ့ ကြ်န္ေတာ္တို႔ ေစ်းကြက္ထဲမွာ ကာယကံရွင္ ကိုယ္တိုင္ေခၚသြားၿပီး သက္ဆိုင္ရာဌာနေတြနဲ႔ လိုက္လံ သိမ္းဆည္းမယ္။ ဥပေဒအရ ေစ်းကြက္မွာ သိမ္းဆည္းေစျခင္းဆိုတဲ့ဥပေဒပဲပါတယ္။ သူကိုယ္တိုင္သိမ္း သူကိုယ္တိုင္မီးရိႈ႕ဖ်က္ဆီးခိုင္းမွာပါ။သူက ဒုတိယအႀကိမ္ ထပ္လုပ္တယ္ဆိုရင္ အမႈဖြင့္အေရးယူမွဳကို ေဆာင္ရြက္သြားမွာပါ။"ဟု ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္း ေကာ္မတီ ဥကၠဌ ဦးျမသန္းက ေျပာသည္။

အဆိုပါ စစ္ေဆးေတြ႕ရွိခ်က္မွာ ဆီထုတ္လုပ္ငန္းေၾကာင့္ ပတ္ဝန္းက်င္တြင္ ေညႇာ္နံ႔မ်ားခံစားေနရေၾကာင္း တိုင္ၾကားခ်က္အရ စားသံုးသူေရးရာအဖြဲ႕ႏွင့္ တာဝန္ရိွသူမ်ားသည္ သတင္းရရိွထားသည့္ ေတာင္ႀကီးၿမိဳ႕ မဂၤလာဦးရပ္ကြက္၊ ရန္ႀကီးေအာင္လမ္း၊ နယ္ေျမ(၁၄)၊ (မ/၇) ေနအိမ္သို႔ ဇူလိုင္လ (၁၁)ရက္ နံနက္ (၉)နာရီခြဲ၀န္းက်င္က သြားေရာက္စစ္ေဆးရာ လုပ္ငန္းခြင္ေနအိမ္မွ ညအခ်ိန္တြင္ ေရႊ႕ေျပာင္းထားေၾကာင္း သိရသျဖင့္ ဆက္လက္ စံုစမ္းေဖာထုတ္ခ်က္အရ ေညာင္ျဖဴစခန္းရပ္၊ ရတနာလမ္းသြယ္ (၁)၊ ည(၁၇)ေနအိမ္သို႔ နံနက္ (၁၀)နာရီအခ်ိန္တြင္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ႏွင့္ ရပ္ကြက္တာဝန္ရိွသူမ်ား လုိက္ပါလ်က္ သြားေရာက္ စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စားသံုးဆီထုတ္လုပ္ေနသည့္ လုပ္ငန္းခြင္တြင္ ၀ါဆီ( ၁၂၃) ပိႆာ၊ စားအုန္းဆီ( ၉၉၂ ) ပိႆာ၊ ေျမပဲဆီ (၂၀၀) ပိႆာ၊ ႏွမ္းဆီ (၉၈) ပိႆာ၊ တရုတ္စာတန္းပါ ေျမပဲဆီအနံ႔ (၇၀) စီစီခန႔္တို႔အား စစ္ေဆးေတြ႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စားသုံးရန်မသင့်သော စားသောက်ထုတ်ကုန်များအား စစ်ဆေးမှုများ ပြုလုပ်ရာတွင် စစ်ဆေးတွေ့ရှိခဲ့သည့် ရှမ်းလေး အမှတ်တံဆိပ်ပါရှိသော စားသုံးဆီနှင့် ပတ်သက်၍ ထုတ်လုပ်ရောင်းချသူ ကိုယ်တိုင် ဈေးကွက်အတွင်း ပြန်လည်သိမ်းဆည်းပေးပြီး မီးရှို့ဖျက်ဆီးရန် ဇူလိုင်လ ၁၃ရက်နေ့က ပြုလုပ်သော ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်း ကော်မတီ အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

"ရှမ်းလေးစားသုံးဆီ ထုတ်လုပ်တဲ့ သူက တံဆိပ်ကို တရားဝင်မှတ်ပုံမတင်ထားဘူး။ တခြား ဓာတုဆီအနံ့နဲ့ ထည့်ပြီးတော့ ပဲဆီဆိုပြီးလိမ်ရောင်းတယ်။ ကျွန်တော်တို့သွားရောက်စစ်ဆေးပြီး သိမ်းဆည်းတဲ့အခါမှာ သူလက်ထဲမှာက ဆီ (၂)ဘူးလောက်ပဲ ကျန်တယ်။ ကျန်တာက ဈေးကွက်ထဲဖြန့်ပြီးနပြေီဆိုတော့ ကျွန်တော်တို့ ဈေးကွက်ထဲမှာ ကာယကံရှင် ကိုယ်တိုင်ခေါ်သွားပြီး သက်ဆိုင်ရာဌာနတွေနဲ့ လိုက်လံ သိမ်းဆည်းမယ်။ ဥပဒေအရ ဈေးကွက်မှာ သိမ်းဆည်းစခြေင်းဆိုတဲ့ဥပဒေပဲပါတယ်။ သူကိုယ်တိုင်သိမ်း သူကိုယ်တိုင်မီးရှို့ဖျက်ဆီးခိုင်းမှာပါ။သူက ဒုတိယအကြိမ် ထပ်လုပ်တယ်ဆိုရင် အမှုဖွင့်အရေးယူမှုကို ဆောင်ရွက်သွားမှာပါ။"ဟု ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဌ ဦးမြသန်းက ပြောသည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်မှာ ဆီထုတ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်တွင် ညှော်နံ့များခံစားနေရကြောင်း တိုင်ကြားချက်အရ စားသုံးသူရေးရာအဖွဲ့နှင့် တာဝန်ရှိသူများသည် သတင်းရရှိထားသည့် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ နယ်မြေ(၁၄)၊ (မ/၇) နေအိမ်သို့ ဇူလိုင်လ (၁၁)ရက် နံနက် (၉)နာရီခွဲဝန်းကျင်က သွားရောက်စစ်ဆေးရာ လုပ်ငန်းခွင်နေအိမ်မှ ညအချိန်တွင် ရွှေ့ပြောင်းထားကြောင်း သိရသဖြင့် ဆက်လက် စုံစမ်းဖောထုတ်ချက်အရ ညောင်ဖြူစခန်းရပ်၊ ရတနာလမ်းသွယ် (၁)၊ ည(၁၇)နေအိမ်သို့ နံနက် (၁၀)နာရီအချိန်တွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများ လိုက်ပါလျက် သွားရောက် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စားသုံးဆီထုတ်လုပ်နေသည့် လုပ်ငန်းခွင်တွင် ဝါဆီ( ၁၂၃) ပိဿါ၊ စားအုန်းဆီ( ၉၉၂ ) ပိဿါ၊ မြေပဲဆီ (၂၀၀) ပိဿါ၊ နှမ်းဆီ (၉၈) ပိဿါ၊ တရုတ်စာတန်းပါ မြေပဲဆီအနံ့ (၇၀) စီစီခန့်တို့အား စစ်ဆေးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~