တာချီလိတ်မြို့ရေပေးဝေရေး ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းစီမံကိန်းအား ပြည်နယ်စည်ပင်ဝန်ကြီးစစ်ဆေး

တာချီလိတ်မြို့ရေပေးဝေရေး ပုဂ္ဂလိကနှင့်အကျိုးတူ ပူးပေါင်းစီမံကိန်းအား ပြည်နယ်စည်ပင်ဝန်ကြီးစစ်ဆေး
ဇူလိုငျ 16, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အား ရေပေးဝေရေးအတွက် ပုဂ္ဂလိကနှင့် အကျိုးတူ ဆောင်ရွက်လျှက်ရှိသော ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဇူလိုင်လ (၁၆)ရက်နေ့တွင် သွားရောက် စစ်ဆေးသည်။

တာချီလိတ်မြို့တွင် ရေပေးဝေရေးလုပ်ငန်းစတင်နိုင်ရေးအတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးဝေရေး ကုမ္ပဏီလိမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပြီး မြို့ပေါ်ရပ်ကွက်အချို့အား ၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလကုန်ခန့်တွင် ရေစတင် ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုးနှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးဝေရေးကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတို့က ပြည်နယ်ဝန်ကြီးအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - ဝေယံလင်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အား ရေပေးဝေရေးအတွက် ပုဂ္ဂလိကနှင့် အကျိုးတူ ဆောင်ရွက်လျှက်ရှိသော ရေပေးေဝရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ဇူလိုင်လ (၁၆)ရက်နေ့တွင် သွားရောက် စစ်ဆေးသည်။

တာချီလိတ်မြို့တွင် ရေပေးဝေရေးလုပ်ငန်းစတင်နိုင်ရေးအတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးေဝရေး ကုမ္ပဏီလိမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နပြေီး မြို့ပေါ်ရပ်ကွက်အချို့အား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန်ခန့်တွင် ရေစတင် ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေးလုပ်ငန်းခွင် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးလှမျိုးနှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးေဝရေးကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတို့က ပြည်နယ်ဝန်ကြီးအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~