ရွမ္း/ေျမာက္မွ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ ခြဲစိတ္မႈ ခံယူလိုသူမ်ားအား ရန္ကုန္ ဝိတိုရိယေဆးရံုတြင္ အခမဲ့ခြဲစိတ္ေပးမည္

ရွမ္း/ေျမာက္မွ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ ခြဲစိတ္မႈ ခံယူလိုသူမ်ားအား ရန္ကုန္ ဝိတိုရိယေဆးရံုတြင္ အခမဲ့ခြဲစိတ္ေပးမည္
ဇူလိုင် 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသမ်ားမွ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ခြဲစိတ္ကုသမႈခံယူရန္ လိုအပ္သူမ်ားအား ရန္ကုန္ၿမိဳ႕ ဝိတိုရိယေဆးရံုတြင္ အခမဲ့ ခြဲစိတ္ကုသေပးမည္ျဖစ္သျဖင့္ ဇူလိုင္လ (၃၀)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏုိင္ေၾကာင္းသိရသည္။

“ရွမ္း/ေျမာက္ေဒသအတြင္းကေတာ့ ဇူလိုင္လ (၂၇) ရက္အထိ စာရင္းေပးသြင္းထားသူ(၃)ဦးပဲ ရွိပါေသးတယ္။ စာရင္းေပးသြင္းထားတဲ့ သူေတြအတြက္ ေဆးကုသမႈခံယူတဲ့ အခ်ိန္က်ရင္ သြားေရးလာေရး အဆင္ေျပေစဖို႔ ကြ်န္ေတာ္တို႔ အသင္းကေန ကူညီေဆာင္ရြက္ေပးမွာျဖစ္ပါတယ္။ ဇူလိုင္လ(၃၀)ရက္ေန႔ ေနာက္ဆံုးထားၿပီး စာရင္းေပးသြင္း ႏိုင္ပါတယ္။ ခြဲစိတ္ကုသေပးမယ့္ ရက္ကေတာ့ ေအာက္တိုဘာလ(၂)ရက္ေန႔ကေန (၁၃) ရက္ေန႔အထိ ျပဳလုပ္မယ္လို႔ သိရပါတယ္”ဟု လားရိႈးၿမိဳ႕ရွိ ေရႊေၾကးစည္ လူမႈကူညီေရးအသင္းမွ ဥကၠဌ ဦးစိုင္းညီညီဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝိတိုရိယေဆးရံု၏ ဝိတိုရိယက်န္းမာေရးေစာင့္ေရွာက္ေထာက္ပံ့ကူညီေစာင့္ေရွာက္မႈေဖာင္ေဒးရွင္းႏွင့္ အေမရိကန္ႏိုင္ငံ Alliance for Smile Organization မွ ဆရာဝန္အဖြ႔ဲတို႔ ပူးေပါင္း ကုသေပးမည့္ အစီအစဥ္ျဖစ္ေၾကာင္း သိရသည္။

ႏႈတ္ခမ္းကြဲလူနာမ်ားအေနျဖင့္ အနည္းဆံုး အသက္(၁၀)ပတ္ႏွင့္အထက္၊ ကုိယ္အေလးခ်ိန္ (၁၀)ေပါင္ႏွင့္အထက္ ရွိသူမ်ားႏွင့္ အာေခါင္ကြဲလူနာမ်ားအေနျဖင့္ အနည္းဆံုး အသက္ (၁)ႏွစ္ႏွင့္အထက္ ရိွသူမ်ားကိုသာ ခြဲစိတ္ကုသႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ခြဲစိတ္ကုသမႈခံယူမည့္သူမ်ားအတြက္ ရန္ကုန္ၿမိဳ႕သုိ႔ အသြားအျပန္ခရီးစရိတ္ႏွင့္ ေနထိုင္ စားေသာက္ စရိတ္မ်ားကို ေရႊပါရမီက်န္းမာေရးေဖာင္ေဒးရွင္း၊ အလွဴရွင္ေစတနာရွင္မ်ားႏွင့္ ဝိတိုရိယ ေဆးရံုတို႔မွ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ခြဲစိတ္ကုသမႈခံယူရန္ စာရင္းေပးသြင္းလိုပါက ေရႊေၾကးစည္လူမႈကူညီေရးအသင္း( လားရိႈး) ဖုန္း ၀၉ ၄၀၃၇၃၁၅၀၄ သို႔ု႔ ဆက္သြယ္၍ ဇူလိုင္လ(၃၀)ရက္ေန႔ေနာက္ဆံုးထားကာ စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သူများအား ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဖြစ်သဖြင့် ဇူလိုင်လ (၃၀)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

“ရှမ်း/မြောက်ဒေသအတွင်းကတော့ ဇူလိုင်လ (၂၇) ရက်အထိ စာရင်းပေးသွင်းထားသူ(၃)ဦးပဲ ရှိပါသေးတယ်။ စာရင်းပေးသွင်းထားတဲ့ သူတွေအတွက် ဆေးကုသမှုခံယူတဲ့ အချိန်ကျရင် သွားရေးလာရေး အဆင်ပြေစေဖို့ ကျွန်တော်တို့ အသင်းကနေ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဇူလိုင်လ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်း နိုင်ပါတယ်။ ခွဲစိတ်ကုသပေးမယ့် ရက်ကတော့ အောက်တိုဘာလ(၂)ရက်နေ့ကနေ (၁၃) ရက်နေ့အထိ ပြုလုပ်မယ်လို့ သိရပါတယ်”ဟု လားရှိုးမြို့ရှိ ရွှေကြေးစည် လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝိတိုရိယဆေးရုံ၏ ဝိတိုရိယကျန်းမာရေးစောင့်ရှောက်ထောက်ပံ့ကူညီစောင့်ရှောက်မှုဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance for Smile Organization မှ ဆရာဝန်အဖွဲ့တို့ ပူးပေါင်း ကုသပေးမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။

နှုတ်ခမ်းကွဲလူနာများအနဖြေင့် အနည်းဆုံး အသက်(၁၀)ပတ်နှင့်အထက်၊ ကိုယ်အလေးချိန် (၁၀)ပေါင်နှင့်အထက် ရှိသူများနှင့် အာခေါင်ကွဲလူနာများအနဖြေင့် အနည်းဆုံး အသက် (၁)နှစ်နှင့်အထက် ရှိသူများကိုသာ ခွဲစိတ်ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသမှုခံယူမည့်သူများအတွက် ရန်ကုန်မြို့သို့ အသွားအပြန်ခရီးစရိတ်နှင့် နေထိုင် စားသောက် စရိတ်များကို ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ အလှူရှင်စေတနာရှင်များနှင့် ဝိတိုရိယ ဆေးရုံတို့မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသမှုခံယူရန် စာရင်းပေးသွင်းလိုပါက ရွှေကြေးစည်လူမှုကူညီရေးအသင်း( လားရှိုး) ဖုန်း ဝ၉ ၄၀၃၇၃၁၅၀၄ သို့ ဆက်သွယ်၍ ဇူလိုင်လ(၃၀)ရက်နေ့နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~