က်ိဳင္းတံုၿမိဳ႕တြင္ ထုတ္လုပ္သည့္ ေရသန္႔အမွတ္တံဆိပ္ (၃)ခုအား ထုတ္လုပ္ခြင့္ ယာယီရပ္ဆုိင္းၿပီး (၂)ခုအား ပိတ္သိမ္း

က်ိဳင္းတံုၿမိဳ႕တြင္ ထုတ္လုပ္သည့္ ေရသန္႔အမွတ္တံဆိပ္ (၃)ခုအား ထုတ္လုပ္ခြင့္ ယာယီရပ္ဆုိင္းၿပီး (၂)ခုအား ပိတ္သိမ္း
ဇူလိုင် 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ထုတ္လုပ္သည့္ မင္စိမ္း၊ စမ္းေရ ႏွင့္ KK အမွတ္တံဆိပ္ ေရသန္႔မ်ားတြင္ PH 7 မျပည့္မီသျဖင့္ ထုတ္လုပ္မႈ လုပ္ငန္းယာယီရပ္ဆုိင္းၿပီး ေစ်းကြက္အတြင္းမွ ျပန္လည္ သိမ္းဆည္းရန္ ဇူလိုင္လ(၁၈)ရက္ေန႔က ခရိုင္အစားအေသာက္ႏွင့္ ေဆး၀ါး ကြပ္ကဲေရးဦးစီးဌာန(FDA)က ညႊန္ၾကားလုိက္သည္။

က်ိဳင္းတုံခရိုင္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၏ ဦးေဆာင္မႈျဖင့္ ဇူလိုင္လအတြင္း ေရသန္ ့လုပ္ငန္းမ်ားကို ကြင္းဆင္းစစ္ေဆးလ်က္ရွိရာ ဇူလို္င္လ (၁၃)ရက္ေန ့ကလည္း FDA ေထာက္ခံခ်က္ မရိွသည့္ ေရသန္ ့လုပ္ငန္းႏွစ္ခုျဖစ္သည့္ စိတ္စြမ္းအင္ႏွင့္ စိန္လင္းလက္တို႔အား စစ္ေဆးေတြ႔ရိွရသျဖင့္ ထုတ္လုပ္ခြင့္ ပိတ္သိမ္းခဲ့ေၾကာင္း သိရသည္။

"ေရသန္႔ လုပ္ငန္းေတြျဖစ္တဲ့ လျပည့္၀န္း၊ မင္စိမ္း၊ စမ္းေရနဲ ့ KK တို႔ကို FDA ဦးေဆာင္တဲ့ ပူးေပါင္းအဖြဲ ့က စစ္ေဆးလိုက္ေတာ့ ေရသန္႔စက္အားလုံးက FDA က သတ္မွတ္ထားတဲ့ စံႏႈန္းေတြအတိုင္း ေဆာက္လုပ္ထားၿပီး သန္ ့ရွင္းသပ္ရပ္မႈရိွေပမယ့္ လျပည့္၀န္းကလြဲလို ့ က်န္တဲ့ေရသန္ ့လုပ္ငန္း(၃)ခုက ေရသန္ ့စက္ေတြမွာ သုံးတဲ့ R.O စက္ေတြက အခ်ိန္အဆ မွားေနတဲ့အတြက္ ေရသန္ ့ရဲ႕ စံသတ္မွတ္ခ်က္ျဖစ္တဲ့ PH 7 က မျပည့္ဘူး ျဖစ္ေနတယ္။ ဒါေၾကာင့္ အဲဒီ ေရသန္ ့လုပ္ငန္း (၃)ခုကို FDA ကေနၿပီး ေရသန္ ့ထုတ္လုပ္ခြင့္ ယာယီရပ္ဆိုင္းထားခိုင္းၿပီးေတာ့ ေစ်းကြက္အတြင္း ေရာက္ေနတဲ့ ေရသန္ ့ ေတြကိုလည္း ျပန္ၿပီး သိမ္းခိုင္းထားပါတယ္"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူ အျငင္းပြားမႈေျဖရွင္းေရးအဖြဲ ့မွ အတြင္းေရးမွဴး ဦးသန္းစုိးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရသန္ ့ထုတ္လုပ္ခြင့္ ယာယီရပ္ဆိုင္းလိုက္ရသည့္ ေရသန္ ့လုပ္ငန္းမ်ားအနက္ မင္စိမ္း ေရသန္ ့ လုပ္ငန္းမွာ FDA ၏ ေထာက္ခံခ်က္ လက္မွတ္ရရိွထားၿပီး စမ္းေရ ႏွင့္ KK ေရသန္ ့လုပ္ငန္းတို ့မွာလည္း FDA ၏ ေထာက္ခံခ်က္လက္မွတ္ သက္တမ္းကုန္ဆုံးသြား၍ ျပန္လည္သက္တမ္းတိုးရန္ ေလွ်ာက္ထားဆဲ ေရသန္ ့လုပ္ငန္းမ်ား ျဖစ္ေၾကာင္း သိရသည္။

"ေရသန္ ့စက္ေတြကို သူတို ့ စေထာင္တုန္းကေတာ့ ေရသန္ ့စက္ လာၿပီး တပ္ဆင္ေပးတဲ့ ပညာရွင္ေတြက PH 7 ျပည့္မီေအာင္ ခ်ိန္ေပးခဲ့ေပမယ့္ ေနာက္ပိုင္း သူတို ့ရဲ ့ စက္ေတြကို ျပန္ၿပီးေဆးတာတို ့ ဘာတို ့ လုပ္ရင္းနဲ ့ အခ်ိန္အဆ လြဲသြားတာလို ့ သိရပါတယ္။ ဒါကို PH 7 ျပည့္ေအာင္ ျပန္ခ်ိန္ဖို ့အတြက္ကလည္း အရမ္း မၾကာေလာက္ပါဘူး။ ပညာရွင္ေခၚၿပီးတာနဲ ့ ခ်က္ခ်င္းခ်ိန္လို ့ရပါတယ္။ ဒါေၾကာင့္ သူတို ့ကို PH 7 ျပည့္ေအာင္ ျပန္ခ်ိန္ၿပီးရင္ FDA ကို ျပန္အေၾကာင္းၾကားရမယ္။ ၿပီးရင္ ေနာက္တစ္ေခါက္ ထပ္စစ္ေဆးလို ့ PH 7 ျပည့္ရင္ေတာ့ ျပန္ထုတ္လို ့ ရပါၿပီ"ဟု ဦးသန္းစိုးက ေျပာသည္။

ေရသန္ ့လုပ္ငန္းမ်ား ကြင္းဆင္း စစ္ေဆးျခင္းကို ခရိုင္အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန၊ ခရိုင္ စားသုံးသူေရးရာဦးစီးဌာနႏွွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပုံ- ခရိုင္စားသုံးသူေရးရာဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ထုတ်လုပ်သည့် မင်စိမ်း၊ စမ်းရေ နှင့် KK အမှတ်တံဆိပ် ရေသန့်များတွင် PH 7 မပြည့်မီသဖြင့် ထုတ်လုပ်မှု လုပ်ငန်းယာယီရပ်ဆိုင်းပြီး ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းရန် ဇူလိုင်လ(၁၈)ရက်နေ့က ခရိုင်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)က ညွှန်ကြားလိုက်သည်။

ကျိုင်းတုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဇူလိုင်လအတွင်း ရေသန့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ဇူလို်င်လ (၁၃)ရက်နေ့ကလည်း FDA ထောက်ခံချက် မရှိသည့် ရေသန့်လုပ်ငန်းနှစ်ခုဖြစ်သည့် စိတ်စွမ်းအင်နှင့် စိန်လင်းလက်တို့အား စစ်ဆေးတွေ့ရှိရသဖြင့် ထုတ်လုပ်ခွင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

"ရေသန့် လုပ်ငန်းတွဖြေစ်တဲ့ လပြည့်ဝန်း၊ မင်စိမ်း၊ စမ်းရေနဲ့ KK တို့ကို FDA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးလိုက်တော့ ရေသန့်စက်အားလုံးက FDA က သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဆောက်လုပ်ထားပြီး သန့်ရှင်းသပ်ရပ်မှုရှိပေမယ့် လပြည့်ဝန်းကလွဲလို့ ကျန်တဲ့ရေသန့်လုပ်ငန်း(၃)ခုက ရေသန့်စက်တွေမှာ သုံးတဲ့ R.O စက်တွေက အချိန်အဆ မှားနေတဲ့အတွက် ရေသန့်ရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ PH 7 က မပြည့်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အဲဒီ ရေသန့်လုပ်ငန်း (၃)ခုကို FDA ကနပြေီး ရေသန့်ထုတ်လုပ်ခွင့် ယာယီရပ်ဆိုင်းထားခိုင်းပြီးတော့ ဈေးကွက်အတွင်း ရောက်နေတဲ့ ရေသန့် တွေကိုလည်း ပြန်ပြီး သိမ်းခိုင်းထားပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေသန့်ထုတ်လုပ်ခွင့် ယာယီရပ်ဆိုင်းလိုက်ရသည့် ရေသန့်လုပ်ငန်းများအနက် မင်စိမ်း ရေသန့် လုပ်ငန်းမှာ FDA၏ ထောက်ခံချက် လက်မှတ်ရရှိထားပြီး စမ်းရေ နှင့် KK ရေသန့်လုပ်ငန်းတို့မှာလည်း FDA၏ ထောက်ခံချက်လက်မှတ် သက်တမ်းကုန်ဆုံးသွား၍ ပြန်လည်သက်တမ်းတိုးရန် လျှောက်ထားဆဲ ရေသန့်လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

"ရေသန့်စက်တွေကို သူတို့ စထောင်တုန်းကတော့ ရေသန့်စက် လာပြီး တပ်ဆင်ပေးတဲ့ ပညာရှင်တွေက PH 7 ပြည့်မီအောင် ချိန်ပေးခဲ့ပေမယ့် နောက်ပိုင်း သူတို့ရဲ့ စက်တွေကို ပြန်ပြီးဆေးတာတို့ ဘာတို့ လုပ်ရင်းနဲ့ အချိန်အဆ လွဲသွားတာလို့ သိရပါတယ်။ ဒါကို PH 7 ပြည့်အောင် ပြန်ချိန်ဖို့အတွက်ကလည်း အရမ်း မကြာလောက်ပါဘူး။ ပညာရှင်ခေါ်ပြီးတာနဲ့ ချက်ချင်းချိန်လို့ရပါတယ်။ ဒါကြောင့် သူတို့ကို PH 7 ပြည့်အောင် ပြန်ချိန်ပြီးရင် FDA ကို ပြန်အကြောင်းကြားရမယ်။ ပြီးရင် နောက်တစ်ခေါက် ထပ်စစ်ဆေးလို့ PH 7 ပြည့်ရင်တော့ ပြန်ထုတ်လို့ ရပါပြီ"ဟု ဦးသန်းစိုးက ပြောသည်။

ရေသန့်လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ- ခရိုင်စားသုံးသူရေးရာဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~