ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီႏွင့္ ရွမ္းျပည္နယ္ၾကက္ေျခနီအသင္းတို႔ (၈)ႀကိမ္ေျမာက္ ပူးေပါင္း ေသြးလွဴဒါန္း

ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီႏွင့္ ရွမ္းျပည္နယ္ၾကက္ေျခနီအသင္းတို႔ (၈)ႀကိမ္ေျမာက္ ပူးေပါင္း ေသြးလွဴဒါန္း
ဇူလိုင် 12, 2017
By Tachileik News Agency

ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီအသင္းႏွင့္ ရွမ္းျပည္နယ္ၾကက္ေျခနီအသင္းတို႔ (၈) ႀကိမ္ေျမာက္ ပူးေပါင္း ေသြးလွဴဒါန္းျခင္းကို ဇူလိုင္လ (၁၂) ရက္ေန႔က စဝ္စံထြန္းေဆးရံုႀကီးတြင္ လုပ္ေဆာင္ေၾကာင္း သိရသည္။

“ရရွိလာတဲ့ေသြးေတြကိုလည္း ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေဆးရံုႀကီးမွာ သြားေရာက္လွဴဒါန္းပါတယ္။ တကယ္လို႔မ်ား ေဆးရံုႀကီးေတြမွာ အမွန္တကယ္ေသြး လိုအပ္မယ္ဆိုရင္လည္း အျပင္မွာ ရွာစရာမလိုဘဲ ေဆးရံုႀကီးမွာ လြယ္လင့္တကူ ယူလို႔ရေအာင္လည္း ကၽြန္ေတာ္တို႔ စီစဥ္ထားပါတယ္” ဟု ႐ွမ္းျပည္နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႔ ဦးစီးမွဴး (ဒုတိယတန္း) ဦးေအာင္ေက်ာ္မ်ဳ္ိးက ေျပာသည္။

အဆိုပါေသြးလွဴဒါန္းပြဲတြင္ ေက်ာင္းသား/ေက်ာင္းသူ (၂၅၀) ပါဝင္လွဴဒါန္းၾကေၾကာင္း သိရသည္။

“ကၽြန္ေတာ္က ႏွစ္တိုင္း လွဴပါတယ္။ ဒီလိုလွဴလိုက္ျခင္းေၾကာင့္ ကၽြန္ေတာ္တို႔လည္း ကုသိုလ္ရတယ္။ ၿပီးေတာ့ အမွန္တကယ္ေသြးလိုအပ္ေနတဲ့သူေတြအတြက္လည္း အရမ္းကို အဆင္ေျပပါတယ္။ တခ်ဳိ႕ဆို ေသြးလွဴခ်င္ေပမယ့္လည္း ေသြးမျပည့္လို႔ မလွဴရတာရယ္၊ က်န္းမာေရးမေကာင္းတာေတြရယ္ရွိတယ္။ အခုလို လွဴရတဲ႕ အတြက္ ကၽြန္ေတာ္အရမ္း၀မ္းသာပါတယ္”ဟု ေတာင္ႀကီးတကၠသိုလ္ ေက်ာင္းသားတစ္ဦးက ေျပာသည္။

ေတာင္ႀကီးတကၠသိုလ္ ၾကက္ေျခနီအသင္းႏွင့္ ရွမ္းျပည္နယ္ၾကက္ေျခနီအသင္းတို႔ ပူးေပါင္းေသြးလွဴဒါန္းျခင္း အစီအစဥ္အား ႏွစ္စဥ္လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းနှင့် ရှမ်းပြည်နယ်ကြက်ခြေနီအသင်းတို့ (၈) ကြိမ်မြောက် ပူးပေါင်း သွေးလှူဒါန်းခြင်းကို ဇူလိုင်လ (၁၂) ရက်နေ့က စဝ်စံထွန်းဆေးရုံကြီးတွင် လုပ်ဆောင်ကြောင်း သိရသည်။

“ရရှိလာတဲ့သွေးတွေကိုလည်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးမှာ သွားရောက်လှူဒါန်းပါတယ်။ တကယ်လို့များ ဆေးရုံကြီးတွေမှာ အမှန်တကယ်သွေး လိုအပ်မယ်ဆိုရင်လည်း အပြင်မှာ ရှာစရာမလိုဘဲ ဆေးရုံကြီးမှာ လွယ်လင့်တကူ ယူလို့ရအောင်လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဦးစီးမှူး (ဒုတိယတန်း) ဦးအောင်ကျော်မျို်းက ပြောသည်။

အဆိုပါသွေးလှူဒါန်းပွဲတွင် ကျောင်းသား/ကျောင်းသူ (၂၅၀) ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

“ကျွန်တော်က နှစ်တိုင်း လှူပါတယ်။ ဒီလိုလှူလိုက်ခြင်းကြောင့် ကျွန်တော်တို့လည်း ကုသိုလ်ရတယ်။ ပြီးတော့ အမှန်တကယ်သွေးလိုအပ်နေတဲ့သူတွေအတွက်လည်း အရမ်းကို အဆင်ပြေပါတယ်။ တချို့ဆို သွေးလှူချင်ပေမယ့်လည်း သွေးမပြည့်လို့ မလှူရတာရယ်၊ ကျန်းမာရေးမကောင်းတာတွေရယ်ရှိတယ်။ အခုလို လှူရတဲ့ အတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်”ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

တောင်ကြီးတက္ကသိုလ် ကြက်ခြေနီအသင်းနှင့် ရှမ်းပြည်နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်အား နှစ်စဉ်လုပ်ဆောင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~