ရွမ္းျပည္နယ္မွ (၃၃၀)ဦး ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္

ရွမ္းျပည္နယ္မွ (၃၃၀)ဦး ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္
ဇူလိုင် 8, 2017
By Tachileik News Agency

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္အတြက္ ရွမ္းျပည္နယ္အတြင္းမွ ေလွ်ာက္လႊာ လာယူသူ (၄၀၀)ေက်ာ္ ရွိခဲ့ေသာ္လည္း ေလွ်ာက္လႊာျပန္တင္သူ (၃၃၀)သာရိွေၾကာင္း ျမန္မာ့အသံႏွင့္ရုပ္ျမင္သံၾကား ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းၾကည္ထံမွ သိရသည္။

“ရွမ္းျပည္နယ္အတြင္းမွာ ဆိုရင္ေတာ့ ေလွ်ာက္လႊာယူသြားတာက (၄၀၀)ေက်ာ္ေလာက္ရွိတယ္။ ေလွ်ာက္လႊာ ျပန္လာတင္တဲ့ အခ်ိန္က်ေတာ့ ေစာင္ေရ(၃၃၀) ပဲျပန္လာတင္တယ္။ တစ္ကယ္တမ္း ပထမေန႔မွာအသံစစ္တဲ့အခ်ိန္က (၂၁၆)ဦးပဲ လာစစ္တယ္။ ။(၂၁၆)ဦးထဲကေန(၄၈) ဦးကို ေရြးခ်ယ္လိုက္တယ္။ အဲ့ဒီ(၄၈)ဦးထဲကေန ရွမ္းျပည္နယ္အေနနဲ႔ တစ္ကယ့္ၿပိဳင္ပြဲ၀င္ (၁၀)ဦးကို ေရြးခ်ယ္ၿပီးပါၿပီ။ အခုလက္ရွိ(၁၀)ဦးကိုေတာ့ မနက္ျဖန္ တနဂၤေႏြေန႔ ညေနပိုင္းမွာ တိုက္ရိုက္ ထုတ္လႊင့္ေပးသြားမွာပါ”ဟု ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား ဒုတိယညြန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းၾကည္ထံမွ သိရသည္။

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္အတြက္ အသံစစ္ျခင္းအား ဇူလိုင္လ (၅)ရက္ႏွင့္ (၆)ရက္ေန႔မ်ားတြင္ ျပဳလုပ္ခဲ့ၿပီး ဇူလိုင္လ (၇)ရက္နွင့္ (၈)ရက္ေန႔မ်ားတြင္ ေလ့က်င့္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

က်င္းပေနသည့္ ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္အား ဇူလိုင္လ (၉)ရက္ေန႔မွ စတင္၍ အပတ္စဥ္ တနဂၤေႏြေန႔တုိင္း တိုက္ရိုက္ထုတ္လႊင့္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အစီအစဥ္ေတြက အပတ္စဥ္ တနဂၤေႏြေန႔တိုင္းမွာ တိုက္ရိုက္ အစီအစဥ္အေနနဲ႔ ထုတ္လႊင့္မွာပါ။ ေတာင္ႀကီးၿပီးရင္ ျမစ္ႀကီးနားကိုသြားမယ္။ မနက္ျဖန္ဆိုရင္ (၁၀)ဦးထဲကေန အနည္းဆံုး (၃) ဦးကေန(၅)ဦးအထိ ေရြးခ်ယ္မွာပါ။ ျပည္နယ္နဲ႔တိုင္းေတြမွာလည္း အနည္းဆံုး(၃)ဦးစီေရြးခ်ယ္မွာပါ။ (၁၀)ၿမိဳ႕နယ္ဆိုေတာ့ အေယာက္(၃၀)ပါ။ တစ္ကယ္လို႕မ်ား ယွဥ္ၿပိဳင္တဲ့ၿမိဳ႕ တစ္ခုခုထဲက အသံလည္း အရမ္းေကာင္းတာေတြမ်ားမ်ား ရွိေနတယ္ဆိုရင္ (၃) ဦးမဟုတ္ဘူး (၅)ဦးလည္း ေရြးခ်ယ္မွာပါ။ အနည္းဆံုးေတာ့ (၃) ဦးေရြးခ်ယ္မွာပါ။ အကဲျဖတ္တဲ့ ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ေပါ့ေနာ္။ အကုန္လံုး စစ္ၿပီးသြားရင္ေတာ့ (၃၀)ကေန (၃၅)ဦးအထိဆိုရင္ level 2 အေနနဲ႔ ၿပိဳင္ပြဲ(၄)ပြဲ ထပ္လုပ္မယ္။ level2 မွာက (၁၀)ဦးကိုေရြးခ်ယ္မယ္။ ဖိုင္နယ္မွာ (၁၀)ဦးကေန (၃) ဦးပဲေရြးခ်ယ္မွာပါ။ က်န္တဲ့ (၇)ဦးကို ႏွစ္သိမ့္ဆုအေနနဲ႕ ဆုေငြက်ပ္ သိန္း ( ၃၀ ) စီ ဆုခ်ေပးသြားမွာပါ” ဟု ဦးဝင္းၾကည္က ေျပာသည္။

ၿငိမ္းခ်မ္းေရးဂီတပြဲေတာ္တြင္ အကဲျဖတ္ဒိုင္လူႀကီးမ်ားအေနျဖင့္ စိုင္းခမ္းလိတ္၊ ေနာင္ေနာင္၊ ႏြဲ႕ယဥ္၀င္း တို႕ျဖစ္ၿပီး live show တြင္ေဖ်ာ္ေျဖမည့္အဆိုရွင္မ်ားမွာ ဘိုျဖဴ ႏွင့္ ဘီလီလမင္းေအးတို႔ျဖစ္ေၾကာင္း သိရသည္။

ဂီတပြဲေတာ္အား ေတာင္ႀကီး၊ ျမစ္ႀကီးနား၊ ေမာ္လၿမိဳင္၊ လားရိႈး၊ ပုသိမ္၊ ကေလး၊ ရန္ကုန္ ၊စစ္ေတြ၊ ေနျပည္ေတာ္၊ မႏၱေလးတို႕တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးဂီတပွဲတော်အတွက် ရှမ်းပြည်နယ်အတွင်းမှ လျှောက်လွှာ လာယူသူ (၄၀၀)ကျော် ရှိခဲ့သော်လည်း လျှောက်လွှာပြန်တင်သူ (၃၃၀)သာရှိကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းကြည်ထံမှ သိရသည်။

“ရှမ်းပြည်နယ်အတွင်းမှာ ဆိုရင်တော့ လျှောက်လွှာယူသွားတာက (၄၀၀)ကျော်လောက်ရှိတယ်။ လျှောက်လွှာ ပြန်လာတင်တဲ့ အချိန်ကျတော့ စောင်ရေ(၃၃၀) ပဲပြန်လာတင်တယ်။ တစ်ကယ်တမ်း ပထမနေ့မှာအသံစစ်တဲ့အချိန်က (၂၁၆)ဦးပဲ လာစစ်တယ်။(၂၁၆)ဦးထဲကနေ(၄၈) ဦးကို ရွေးချယ်လိုက်တယ်။ အဲ့ဒီ(၄၈)ဦးထဲကနေ ရှမ်းပြည်နယ်အနေနဲ့ တစ်ကယ့်ပြိုင်ပွဲဝင် (၁၀)ဦးကို ရွေးချယ်ပြီးပါပြီ။ အခုလက်ရှိ(၁၀)ဦးကိုတော့ မနက်ဖြန် တနင်္ဂေနွနေ့ ညနေပိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်ပေးသွားမှာပါ”ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းကြည်ထံမှ သိရသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်အတွက် အသံစစ်ခြင်းအား ဇူလိုင်လ (၅)ရက်နှင့် (၆)ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီး ဇူလိုင်လ (၇)ရက်နှင့် (၈)ရက်နေ့များတွင် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျင်းပနေသည့် ငြိမ်းချမ်းရေးဂီတပွဲတော်အား ဇူလိုင်လ (၉)ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂေနွနေ့တိုင်း တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အစီအစဉ်တွေက အပတ်စဉ် တနင်္ဂေနွနေ့တိုင်းမှာ တိုက်ရိုက် အစီအစဉ်အနေနဲ့ ထုတ်လွှင့်မှာပါ။ တောင်ကြီးပြီးရင် မြစ်ကြီးနားကိုသွားမယ်။ မနက်ဖြန်ဆိုရင် (၁၀)ဦးထဲကနေ အနည်းဆုံး (၃) ဦးကနေ(၅)ဦးအထိ ရွေးချယ်မှာပါ။ ပြည်နယ်နဲ့တိုင်းတွေမှာလည်း အနည်းဆုံး(၃)ဦးစီရွေးချယ်မှာပါ။ (၁၀)မြို့နယ်ဆိုတော့ အယောက်(၃၀)ပါ။ တစ်ကယ်လို့များ ယှဉ်ပြိုင်တဲ့မြို့ တစ်ခုခုထဲက အသံလည်း အရမ်းကောင်းတာတွေများများ ရှိနေတယ်ဆိုရင် (၃) ဦးမဟုတ်ဘူး (၅)ဦးလည်း ရွေးချယ်မှာပါ။ အနည်းဆုံးတော့ (၃) ဦးရွေးချယ်မှာပါ။ အကဲဖြတ်တဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ အကုန်လုံး စစ်ပြီးသွားရင်တော့ (၃၀)ကနေ (၃၅)ဦးအထိဆိုရင် level 2 အနေနဲ့ ပြိုင်ပွဲ(၄)ပွဲ ထပ်လုပ်မယ်။ level2 မှာက (၁၀)ဦးကိုရွေးချယ်မယ်။ ဖိုင်နယ်မှာ (၁၀)ဦးကနေ (၃) ဦးပဲရွေးချယ်မှာပါ။ ကျန်တဲ့ (၇)ဦးကို နှစ်သိမ့်ဆုအနေနဲ့ ဆုငွေကျပ် သိန်း ( ၃၀ ) စီ ဆုချပေးသွားမှာပါ” ဟု ဦးဝင်းကြည်က ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်တွင် အကဲဖြတ်ဒိုင်လူကြီးများအနဖြေင့် စိုင်းခမ်းလိတ်၊ နောင်နောင်၊ နွဲ့ယဉ်ဝင်း တို့ဖြစ်ပြီး live show တွင်ဖျော်ဖြေမည့်အဆိုရှင်များမှာ ဘိုဖြူ နှင့် ဘီလီလမင်းအေးတို့ဖြစ်ကြောင်း သိရသည်။

ဂီတပွဲတော်အား တောင်ကြီး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ လားရှိုး၊ ပုသိမ်၊ ကလေး၊ ရန်ကုန်၊စစ်တွေ၊ နပြေည်တော်၊ မန္တလေးတို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~