တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စုတြင္ အသက္(၆၀)၀န္းက်င္ရွိ အမ်ဳိးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္ေက်းရြာအုပ္စုတြင္ အသက္(၆၀)၀န္းက်င္ရွိ အမ်ဳိးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဇူလိုင် 8, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ ပါ၀ုန္းေက်းရြာတြင္ အသက္(၆၀)၀န္းက်င္အရြယ္ရွိ အမ်ဳိးသမီးႀကီးတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ဇူလိုင္လ(၈)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ ပါ၀ုန္းေက်းရြာတြင္ အမ်ဳိးသမီးတစ္ဦး ႀကိဳးဆြဲခ် ေသဆံုးေနေၾကာင္း သတင္းရရွိ၍ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္း ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္ ၾကည့္ရႈစစ္ေဆးရာတြင္ ေသဆံုးသူသည္ ေနအိမ္၏ အိမ္တံခါးမ်ားအား အတြင္းမွပိတ္ကာ ဧည့္ခန္းထုတ္တန္းတြင္ ႀကိဳးဆြဲခ်ေသဆံုးေနျခင္း ျဖစ္သည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ေသဆံုးသူသည္ အသက္ (၅၈)ႏွစ္ရွိၿပီဟု သိရၿပီး အမည္မွာ ေဒၚပါျဖဴျဖစ္ေၾကာင္း ႏွင့္ ၎သည္ မိသားစုမ်ား မရွိေတာ့ဘဲ လြန္ခဲ့သည့္ (၇)ႏွစ္ခန္႔ကစ၍ ေနအိမ္တြင္ တစ္ဦးတည္းေနထိုင္လ်က္ရွိရာ စား၀တ္ေနေရး အဆင္မေျပေၾကာင္း ႏွင့္ စိတ္ေရာဂါခံစားေနရၿပီး စိတ္ပံုမွန္ မဟုတ္ေၾကာင္းကို စစ္ေဆးေတြ႕ရွိရေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ေသဆံုးသူအား ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးႏွင့္ အသင္းသားမ်ားမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/ မဟုတ္စစ္ေဆးႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၃၁/၂၀၁၇အရ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ပါဝုန်းကျေးရွာတွင် အသက်(၆၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇူလိုင်လ(၈)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ပါဝုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းရရှိ၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် သေဆုံးသူသည် နေအိမ်၏ အိမ်တံခါးများအား အတွင်းမှပိတ်ကာ ဧည့်ခန်းထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနခြေင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူသည် အသက် (၅၈)နှစ်ရှိပြီဟု သိရပြီး အမည်မှာ ဒေါ်ပါဖြူဖြစ်ကြောင်း နှင့်၎င်းသည် မိသားစုများ မရှိတော့ဘဲ လွန်ခဲ့သည့် (၇)နှစ်ခန့်ကစ၍ နေအိမ်တွင် တစ်ဦးတည်းနေထိုင်လျက်ရှိရာ စားဝတ်နေရေး အဆင်မပြေကြောင်း နှင့် စိတ်ရောဂါခံစားနေရပြီး စိတ်ပုံမှန် မဟုတ်ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူအား ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးနှင့် အသင်းသားများမှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ်စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၇အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~