ပြင့္ျဖဴၿမိဳ႕နယ္မွ စႏၵကူးနံ႔သာေက်ာင္းေတာ္ရာ ငါးစာေကြၽးဆိပ္ စတင္ ဖြင့္လွစ္

ပြင့္ျဖဴၿမိဳ႕နယ္မွ စႏၵကူးနံ႔သာေက်ာင္းေတာ္ရာ ငါးစာေကြၽးဆိပ္ စတင္ ဖြင့္လွစ္
ဇူလိုင် 8, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၊ ပြင့္ျဖဴၿမိဳ႕နယ္ရိွ သမိုင္းဝင္ စႏၵကူးနံ႔သာ ေက်ာင္းေတာ္ရာဘုရား ငါးေကြၽးဆိပ္ကို ဝါဆိုလျပည့္ေန႔ျဖစ္သည့္ ယေန႔ ဇူလိုင္လ(၈)ရက္ေန႔တြင္ ဖြင့္လွစ္လုိက္ေၾကာင္း သိရသည္။

“လြန္ခဲ႔တဲ႔ ၁၅ နွစ္ေလာက္ကအထိ ဘုရားငါးလို႔ေခၚတြင္တဲ႔ လူတစ္ရပ္မကငါးခူငါးႀကီးေတြဟာ ဒီအခ်ိန္ဆို အမ်ားႀကီးေရာက္လာေလ႔ရိွတယ္။ အဲဒီလိုေရာက္လာမယ္႔ ငါးႀကီးေတြကို သူတို႔လာမယ္႔လမ္းေၾကာင္းမွာ သြားေရာက္ႀကိဳဆိုၿပီး ငါးေကၽြးဆိပ္ကို ႏွစ္စဥ္ ဝါဆိုလျပည္႔ေန႔ကေန သီတင္းကၽြတ္လျပည္႔ေန႔အထိ ဖြင္႔လွစ္ေလ႔ရိွခဲ႔ပါတယ္”ဟု ေက်ာင္းေတာ္ရာဘုရား ေဂါပကအဖဲြ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ပြင့္ျဖဴၿမိဳ႕နယ္ ၊ ဘူးသည္ေက်းရြာအနီး မုန္းေခ်ာင္းနံေဘး႐ွိ ငါးေကြၽးဆိပ္ျဖစ္သည့္ မုန္းေခ်ာင္းႏွင့္ ဧရာဝတီျမစ္ဆံုရာကို ႏွစ္စဥ္ဝါဆိုလျပည့္ေန႔မွ သီတင္းကြၽတ္လျပည့္ေန႔အထိ ဖြင့္လွစ္ေလ့႐ွိၿပီး ငါးစာမ်ားေကၽြးေလ့ရိွေၾကာင္း သိရသည္။

“ငါးႀကီးေတြလာေရာက္မႈက အလြန္ကိုနည္းပါးသြားခဲ႔ေပမယ့္ ဘုရားငါးႀကီးေတြကို ေစာင္႔ၾကည့္ ႀကိဳဆိုသူေတြကေတာ႔ ဒီႏွစ္မွာ အရင္ႏွစ္ေတြကထက္ေတာင္ မ်ားျပားပါတယ္။ ဧရာဝတီျမစ္ေရတက္တဲ႔ ဒီလိုကာလမွာ ေနရာေဒသစံုက ဘုရားဖူးျပည္သူေတြဟာ ေရေၾကာင္းေရာ ကုန္းေၾကာင္းကပါ လာေရာက္ေလ႔ ရိွပါတယ္”ဟု ေက်ာင္းေတာ္ရာ ေဒသခံ တစ္ဦးက ေျပာသည္။

စႏၵကူးနံ႔သာေက်ာင္းေတာ္ရာမွာ ဘုရား႐ွင္ႂကြျမန္းသီတင္းသုံးရာ ေနရာထူးျဖစ္ျခင္း၊ ဝါဆိုလျပည့္ေန႔မွ သီတင္းကြၽတ္လျပည့္ေန႔အထိ ငါးႀကီးမ်ား လာေရာက္ခိုလံႈေလ့ရိွျခင္း၊ လံုးပတ္ႀကီးမားေသာ စႏၵကူးနံ႔သာတိုင္ႀကီးမ်ားျဖင္႔ တည္ေဆာက္ထားသည္႔ ေက်ာင္းေတာ္ရာအျဖစ္ေက်ာ္ၾကားျခင္း တို႔ေၾကာင့္ ဘုရားဖူးအမ်ားအျပား လာေရာက္ေလ့ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား ငါးကျွေးဆိပ်ကို ဝါဆိုလပြည့်နေ့ဖြစ်သည့် ယနေ့ ဇူလိုင်လ(၈)ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကအထိ ဘုရားငါးလို့ခေါ်တွင်တဲ့ လူတစ်ရပ်မကငါးခူငါးကြီးတွေဟာ ဒီအချိန်ဆို အများကြီးရောက်လာလေ့ရှိတယ်။ အဲဒီလိုရောက်လာမယ့် ငါးကြီးတွေကို သူတို့လာမယ့်လမ်းကြောင်းမှာ သွားရောက်ကြိုဆိုပြီး ငါးကျွေးဆိပ်ကို နှစ်စဉ် ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ဖွင့်လှစ်လေ့ရှိခဲ့ပါတယ်”ဟု ကျောင်းတော်ရာဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပွင့်ဖြူမြို့နယ်၊ ဘူးသည်ကျေးရွာအနီး မုန်းချောင်းနံဘေးရှိ ငါးကျွေးဆိပ်ဖြစ်သည့် မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာကို နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဖွင့်လှစ်လေ့ရှိပြီး ငါးစာများကျွေးလေ့ရှိကြောင်း သိရသည်။

“ငါးကြီးတွေလာရောက်မှုက အလွန်ကိုနည်းပါးသွားခဲ့ပေမယ့် ဘုရားငါးကြီးတွေကို စောင့်ကြည့် ကြိုဆိုသူတွေကတော့ ဒီနှစ်မှာ အရင်နှစ်တွေကထက်တောင် များပြားပါတယ်။ ဧရာဝတီမြစ်ရေတက်တဲ့ ဒီလိုကာလမှာ နေရာဒေသစုံက ဘုရားဖူးပြည်သူတွေဟာ ရေကြောင်းရော ကုန်းကြောင်းကပါ လာရောက်လေ့ ရှိပါတယ်”ဟု ကျောင်းတော်ရာ ဒေသခံ တစ်ဦးက ပြောသည်။

စန္ဒကူးနံ့သာကျောင်းတော်ရာမှာ ဘုရားရှင်ကြွမြန်းသီတင်းသုံးရာ နေရာထူးဖြစ်ခြင်း၊ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ငါးကြီးများ လာရောက်ခိုလှုံလေ့ရှိခြင်း၊ လုံးပတ်ကြီးမားသော စန္ဒကူးနံ့သာတိုင်ကြီးများဖြင့် တည်ဆောက်ထားသည့် ကျောင်းတော်ရာအဖြစ်ကျော်ကြားခြင်း တို့ကြောင့် ဘုရားဖူးအများအပြား လာရောက်လေ့ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~