ေက်ာက္မဲၿမိဳ႕တြင္း လူေနရပ္ကြက္မ်ားကို ျဖတ္သန္းသြားသည့္ နမ့္စမ္းေငါင္းေခ်ာင္းအား ေက်ာက္စီေျမထိန္းနံရံအျဖစ္ တည္ေဆာက္

ေက်ာက္မဲၿမိဳ႕တြင္း လူေနရပ္ကြက္မ်ားကို ျဖတ္သန္းသြားသည့္ နမ့္စမ္းေငါင္းေခ်ာင္းအား ေက်ာက္စီေျမထိန္းနံရံအျဖစ္ တည္ေဆာက္
ဇူလိုင် 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္း လူေနရပ္ကြက္မ်ားအား ျဖတ္သန္းစီးဆင္းေနသည့္ နမ့္စမ္းေငါင္းေခ်ာင္းတြင္ ေက်ာက္စီေျမထိန္းနံရံမ်ား တည္ေဆာက္ရန္ က်ပ္သိန္း(၁၈၀)ေက်ာ္ သံုးစြဲထားေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

“ေခ်ာင္းတစ္ေလွ်ာက္မွာ အရင္ဘ႑ာႏွစ္ေတြတုန္းက ေျမထိန္းနံရံမလုပ္ႏိုင္ခဲ့ေသးတဲ့ေနရာေတြမွာ ေက်ာက္စီ ေျမထိန္းနံရံေတြ လုပ္ေပးေနတာျဖစ္ပါတယ္။ ေခ်ာင္းကမ္းပါးႏွစ္ဖက္လံုး မွ်ၿပီး ျပဳလုပ္ေပးေနတာပါ။ စုစုေပါင္း ေပ (၂၅၀)ေက်ာ္ ျပဳလုပ္ေပးသြားမွာပါ။ ကုန္က်စရိတ္ကေတာ့ က်ပ္သိန္း(၁၈၀)ေက်ာ္ ကုန္က်ခံၿပီး ျပဳလုပ္မွာပါ” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ၊ အမွတ္(၃)ရပ္ကြက္ အတြင္း ေခ်ာင္းအားခ်ဲ႕ထြင္၍ ကမ္းပါးႏွစ္ဖက္တြင္ ေက်ာက္စီေျမထိန္းနံရံမ်ား တည္ေဆာက္ျခင္းကို ဇြန္လ ဒုတိယပတ္မွစ၍ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“နမ့္စမ္းေငါင္းေခ်ာင္းက အရင္ကာလေတြတုန္းကဆို ေရစီးေရလာေကာင္းမြန္တယ္။ ေခ်ာင္းရိုးလည္း က်ယ္တယ္။ ေနာက္ပိုင္းမွာ စည္းကမ္းမဲ့ အမိႈက္စြန္႔ပစ္မႈေတြေၾကာင့္ ေခ်ာင္းတိမ္သြားၿပီး မိုးတြင္းကာလ ေရာက္တိုင္း ေရႀကီး ေရလွ်ံမႈျဖစ္တယ္။ အခုလို ေခ်ာင္းကိုလည္း ထိန္းသိမ္းေပးတယ္။ ေျမထိန္းနံရံလည္း လုပ္ေပးလိုက္တဲ့အတြက္ ေရႀကီးေရလွ်ံမႈလည္း ေလ်ာ့က်သြားမယ္လို႔ထင္ပါတယ္ “ဟု အမွတ္(၃)ရပ္ကြက္တြင္ ေနထိုင္သူ ကိုဝင္းထြန္းက ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ မိုးရာသီအတြင္း အဆိုပါေခ်ာင္းမွ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့သည့္အတြက္ ေခ်ာင္းစီးဆင္းရာ တစ္ေလ်ွာက္ရွိ ေက်းရြာမ်ားမွ ရိတ္သိမ္းလက္စ စပါးစိုက္ခင္းမ်ားအတြင္း ေခ်ာင္းေရမ်ား ဝင္ေရာက္ခဲ့ျခင္း၊ ေခ်ာင္းေရႏွင့္အတူ စပါးစိုက္ခင္းမ်ားအတြင္း အမႈိက္မ်ားတင္က်န္ေနခဲ့ျခင္းတို႔လည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါေခ်ာင္းတစ္ေလွ်ာက္၌ ေက်ာက္စီေျမထိန္းနံရံမ်ားတည္ေဆာက္ျခင္း၊ ေခ်ာင္းအတြင္း အမိႈက္မ်ားအား စည္းကမ္းမဲ့မစြန္႔ပစ္ရန္အတြက္ ေခ်ာင္းတစ္ေလွ်ာက္တြင္ သတိေပးဆိုင္းဘုတ္မ်ားအား ၿမိဳ႕နယ္စည္ပင္မွ လိုက္လံစိုက္ထူျခင္းမ်ားကို ၂၀၁၆ ခုႏွစ္ကလည္း ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင်း လူနေရပ်ကွက်များအား ဖြတ်သန်းစီးဆင်းနေသည့် နမ့်စမ်းငေါင်းချောင်းတွင် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ရန် ကျပ်သိန်း(၁၈၀)ကျော် သုံးစွဲထားကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

“ချောင်းတစ်လျှောက်မှာ အရင်ဘဏ္ဍာနှစ်တွေတုန်းက မြေထိန်းနံရံမလုပ်နိုင်ခဲ့သေးတဲ့နေရာတွေမှာ ကျောက်စီ မြေထိန်းနံရံတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ ချောင်းကမ်းပါးနှစ်ဖက်လုံး မျှပြီး ပြုလုပ်ပေးနေတာပါ။ စုစုပေါင်း ပေ (၂၅၀)ကျော် ပြုလုပ်ပေးသွားမှာပါ။ ကုန်ကျစရိတ်ကတော့ ကျပ်သိန်း(၁၈၀)ကျော် ကုန်ကျခံပြီး ပြုလုပ်မှာပါ” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက် အတွင်း ချောင်းအားချဲ့ထွင်၍ ကမ်းပါးနှစ်ဖက်တွင် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ခြင်းကို ဇွန်လ ဒုတိယပတ်မှစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နမ့်စမ်းငေါင်းချောင်းက အရင်ကာလတွေတုန်းကဆို ရေစီးရေလာကောင်းမွန်တယ်။ ချောင်းရိုးလည်း ကျယ်တယ်။ နောက်ပိုင်းမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ချောင်းတိမ်သွားပြီး မိုးတွင်းကာလ ရောက်တိုင်း ရကြေီး ရေလျှံမှုဖြစ်တယ်။ အခုလို ချောင်းကိုလည်း ထိန်းသိမ်းပေးတယ်။ မြေထိန်းနံရံလည်း လုပ်ပေးလိုက်တဲ့အတွက် ရကြေီးရေလျှံမှုလည်း လျော့ကျသွားမယ်လို့ထင်ပါတယ် “ဟု အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သူ ကိုဝင်းထွန်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးရာသီအတွင်း အဆိုပါချောင်းမှ ရကြေီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အတွက် ချောင်းစီးဆင်းရာ တစ်လျှောက်ရှိ ကျေးရွာများမှ ရိတ်သိမ်းလက်စ စပါးစိုက်ခင်းများအတွင်း ချောင်းရေများ ဝင်ရောက်ခဲ့ခြင်း၊ ချောင်းရေနှင့်အတူ စပါးစိုက်ခင်းများအတွင်း အမှိုက်များတင်ကျန်နေခဲ့ခြင်းတို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါချောင်းတစ်လျှောက်၌ ကျောက်စီမြေထိန်းနံရံများတည်ဆောက်ခြင်း၊ ချောင်းအတွင်း အမှိုက်များအား စည်းကမ်းမဲ့မစွန့်ပစ်ရန်အတွက် ချောင်းတစ်လျှောက်တွင် သတိပေးဆိုင်းဘုတ်များအား မြို့နယ်စည်ပင်မှ လိုက်လံစိုက်ထူခြင်းများကို ၂၀၁၆ ခုနှစ်ကလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~