ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းမ်ား တရုတ္အကူအညီျဖင့္ ဖြင့္လွစ္ရန္ စီစဥ္ေန

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းမ်ား တရုတ္အကူအညီျဖင့္ ဖြင့္လွစ္ရန္ စီစဥ္ေန
ဇူလိုင် 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပို္င္း) တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးျဖတ္ျခင္းႏွင့္ ျပန္လည္ထူေထာင္ေရးအတြက္ လူထုအေျချပဳလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ သက္ဆိုင္ရာဌာနအဖြဲ႕အစည္းမ်ားႏွင့္ ခရုိင္ေဆးရုံအုပ္ရုံးခန္း၌ ဇူလိုင္လ (၂၀)ရက္ေန႔က ေတြ႕ဆံုေဆြးေႏြး သေဘာထားရယူေၾကာင္း သိရသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ National Drug Abuse Control Program Manager ျဖစ္သူ ေဒါက္တာ နႏၵမ်ိဳးေအာင္ဝမ္းႏွင့္အဖြဲ႕၊ တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္ႏွင့္ မူးယစ္ေဆးျဖတ္လုပ္ငန္းမ်ားတြင္ ပူးေပါင္းကူညီေနသည့္ ေဒသတြင္းမွအဖြဲ႕အစည္းမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

“သူတို႔က ေဆးျဖတ္စခန္းေတြ၊ ျပန္လည္ထူေထာင္ေရး စခန္းေတြကို အေမရိကန္ေဒၚလာ သံုးသန္း အကုန္က်ခံၿပီး ေဆာင္ရြက္မယ္ဆိုတဲ့ အေၾကာင္း ဒီလုပ္ငန္းစဥ္ကို အသိေပးတာနဲ႔ သေဘာထား ဆႏၵရယူတာပါ။ ရွမ္းျပည္နယ္အတြင္း (၄)ေနရာမွာ လုပ္မယ္လို႔ သိရတယ္။ ရွမ္း/အေရွ႕မွာ က်ိဳင္းတံုနဲ႔ တာခ်ီလိတ္နဲ႔ ရပါတယ္။ တရုတ္ႏုိင္ငံ ယူနန္ျပည္နယ္က အကူအညီေပးတယ္လို႔ သိရပါတယ္”ဟု အဆိုပါ အစည္းအေဝးအား တက္ေရာက္ခဲ့သူတစ္ဦးျဖစ္သည့္ မဇၨိ်မလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အစီအစဥ္တြင္ က်ိဳင္းတံုနွင့္ တာခ်ီလိတ္ၿမိဳ႕မ်ား၌ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရး စခန္းမ်ား ဖြင့္လွစ္ႏုိင္ေရးလည္း ပါဝင္ၿပီး ေဒသတြင္း အဖြဲ႕အစည္းမ်ားအား အသိေပးျခင္းႏွင့္ သေဘာထား ဆႏၵ ရယူျခင္းျဖစ္ေၾကာင္း သိရသည္။

“တာခ်ီလိတ္ေဆးရံုအုပ္ႀကီးနဲ႔ ဒီဘက္က ပူးေပါင္းလုပ္မယ့္ သူေတြရဲ႕ သေဘာထားဆႏၵ၊ သေဘာထား မွတ္ခ်က္ကို လာေတာင္းတာ။ ဒီလုပ္ငန္းကို လုပ္ေဆာင္ဖို႔ ဒီဘက္အဖြဲ႔အစည္းေတြက သေဘာတူတယ္။ ျဖစ္ေျမာက္ေအာင္ ပူးေပါင္းလုပ္ေဆာင္ၾကမယ္ဆိုတာ သေဘာတူညီခ်က္ လာယူတာ။ ဒါက ဝိုင္းဝန္း လုပ္ေဆာင္မွ ရမယ္ေပါ့”ဟု မဇၨိ်မလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕ ၊ မုိင္းကိုးေက်းရြာအုပ္စု ၊ ရန္ကုန္ရြာတြင္ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးက်ေလာ ဖြင့္လွစ္ထားသည့္ မူးယစ္ေဆးျဖတ္ႏွင့္ျပန္လည္ထူေထာင္ေရးစခန္းတြင္ မူးယစ္ေဆးျဖတ္ႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းမ်ားကို လူမႈဝန္ထမ္းဦးစီးဌာန၏ ေထာက္ပံ့မႈျဖင့္ ဖြင့္လွစ္ ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - Dr ZKKA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပို်င်း) တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် လူထုအခြပြေုလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ခရိုင်ဆေးရုံအုပ်ရုံးခန်း၌ ဇူလိုင်လ (၂၀)ရက်နေ့က တွေ့ဆုံဆွေးနွေး သဘောထားရယူကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် National Drug Abuse Control Program Manager ဖြစ်သူ ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းနှင့်အဖွဲ့၊ တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် မူးယစ်ဆေးဖြတ်လုပ်ငန်းများတွင် ပူးပေါင်းကူညီနေသည့် ဒေသတွင်းမှအဖွဲ့အစည်းများ တက်ရောက်ကြကြောင်း သိရသည်။

“သူတို့က ဆေးဖြတ်စခန်းတွေ၊ ပြန်လည်ထူထောင်ရေး စခန်းတွေကို အမေရိကန်ဒေါ်လာ သုံးသန်း အကုန်ကျခံပြီး ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်း ဒီလုပ်ငန်းစဉ်ကို အသိပေးတာနဲ့ သဘောထား ဆန္ဒရယူတာပါ။ ရှမ်းပြည်နယ်အတွင်း (၄)နေရာမှာ လုပ်မယ်လို့ သိရတယ်။ ရှမ်း/အရှေ့မှာ ကျိုင်းတုံနဲ့ တာချီလိတ်နဲ့ ရပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အကူအညီပေးတယ်လို့ သိရပါတယ်”ဟု အဆိုပါ အစည်းအဝေးအား တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ်တွင် ကျိုင်းတုံနှင့် တာချီလိတ်မြို့များ၌ မူးယစ်ဆေးဖြတ်နှင့် ပြန်လည်ထူထောင်ရေး စခန်းများ ဖွင့်လှစ်နိုင်ရေးလည်း ပါဝင်ပြီး ဒေသတွင်း အဖွဲ့အစည်းများအား အသိပေးခြင်းနှင့် သဘောထား ဆန္ဒ ရယူခြင်းဖြစ်ကြောင်း သိရသည်။

“တာချီလိတ်ဆေးရုံအုပ်ကြီးနဲ့ ဒီဘက်က ပူးပေါင်းလုပ်မယ့် သူတွေရဲ့ သဘောထားဆန္ဒ၊ သဘောထား မှတ်ချက်ကို လာတောင်းတာ။ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ ဒီဘက်အဖွဲ့အစည်းတွေက သဘောတူတယ်။ ဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတာ သဘောတူညီချက် လာယူတာ။ ဒါက ဝိုင်းဝန်း လုပ်ဆောင်မှ ရမယ်ပေါ့”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဖြတ်နှင့်ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်နှင့် ပြန်လည်ထူထောင်ရေးသင်တန်းများကို လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ် နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - Dr ZKKA

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~