မကွေးတွင် ဆိုင်ကယ်တစ်စီးမောင်းနေရင်း မီးလောင်မှုဖြစ်ပွား ဆိုင်ကယ်စီးသူ ထွက်ပြေးတိမ်းရှောင်နေ

မကွေးတွင် ဆိုင်ကယ်တစ်စီးမောင်းနေရင်း မီးလောင်မှုဖြစ်ပွား ဆိုင်ကယ်စီးသူ ထွက်ပြေးတိမ်းရှောင်နေ
ဇူလိုငျ 21, 2017
By Tachileik News Agency




“တူးဘောက်စ်အတွင်းက ဘက်ထရီဝါယာကြိုးတွေ ပေါက်ပြဲနေပြီး သူတို့ချင်းထိမိရာကနေ Short Circuit ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားတာလို့ စစ်ဆေးတွေ့ရှိရပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနမှ သန္ဓေ(၂၅)ဦး၊ အရန်(၁၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ပေါင်း(၇)စီး ရောက်ရှိပြီး ပတ်ဝန်းကျင်နေပြည်သူ များက သဲများဖြင့်လည်းကောင်း၊ ဦးဘရင်ဆီစက်မှ အမြုပ်မီးသတ်ဆေး(၂)ဘူးဖြင့် လည်းကောင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည(၇)နာရီ(၃၅)မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနမှတ်တမ်းအရ သိရ သည်။


သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့ မြို့ဦးရပ်ကွက် တိုင်းလုံးအောင်လမ်း၌ ဇူလိုင်(၂၀)ရက် ည (၇) နာရီခွဲခန့်တွင် မောင်းနှင်နေသည့် ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်နေကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

“ဆိုင်ကယ်က Honda Scooby အမျိုးအစားပါ။ မီးလောင်တော့ ပေါက်ကွဲမှာကြောက်လန့်ပြီး ထွက်ပြေးသွားတာ ထင်ပါတယ်။ ခုထိတော့ ဆိုင်ကယ်စီးသူကို စုံစမ်းနေဆဲပဲ ရှိပါသေးတယ်”ဟု မြို့မရဲစခန်းမှ ဂါတ်စာရေးကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုင်းလုံအောင်လမ်းအတိုင်း အရှေ့မှ အနောက်သို့ လူတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်မှာ ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တူးဘောက်စ်အတွင်းက ဘက်ထရီဝါယာကြိုးတွေ ပေါက်ပြဲနပြေီး သူတို့ချင်းထိမိရာကနေ Short Circuit ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားတာလို့ စစ်ဆေးတွေ့ရှိရပါတယ်”ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနမှ သန္ဓေ(၂၅)ဦး၊ အရန်(၁၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ပေါင်း(၇)စီး ရောက်ရှိပြီး ပတ်ဝန်းကျင်နပြေည်သူ များက သဲများဖြင့်လည်းကောင်း၊ ဦးဘရင်ဆီစက်မှ အမြုပ်မီးသတ်ဆေး(၂)ဘူးဖြင့် လည်းကောင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည(၇)နာရီ(၃၅)မိနစ်အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနမှတ်တမ်းအရ သိရ သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းမှ ဆိုင်ကယ်စီးသူကို စုံစမ်းလျက်ရှိပြီး (ပ)၁၂၇၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~