တာခ်ီလိတ္၌ က်င္းပသည့္ ျမန္မာ့ရိုးရာ ၀တ္စားဆင္ယင္ ထံုးဖြဲ႔မႈ ၿပိဳင္ပြဲတြင္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း ကိုယ္စားျပဳမွ ပထမ ရရွိ

တာခ်ီလိတ္၌ က်င္းပသည့္ ျမန္မာ့ရိုးရာ ၀တ္စားဆင္ယင္ ထံုးဖြဲ႔မႈ ၿပိဳင္ပြဲတြင္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း ကိုယ္စားျပဳမွ ပထမ ရရွိ
ဇူလိုင် 1, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇူလိုင္လ(၃)ရက္ေန႔တြင္ က်ေရာက္မည့္ ျမန္မာအမ်ဳိးသမီးမ်ားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔မွ ႀကီးမွဴးက်င္းပျပဳလုပ္သည့္ ျမန္မာ့ရိုးရာ ၀တ္စားဆင္ယင္ ထံုးဖြဲ႔မႈ ၿပိဳင္ပြဲအား ၂၀၁၇ခုႏွစ္ ဇြန္လ(၃၀)ရက္ေန႔၊ ည(၆)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္ရာ ၿပိဳင္ပြဲ၀င္ (၂၅)ဦး အနက္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း ကိုယ္စားျပဳ ခါးနံပတ္(၃) ဧကရီထြန္းမွ ပထမဆု ရရွိသြားေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ပထမဆု အျဖစ္ တာခ်ီလိတ္ပညာေရးေဖာင္ေဒးရွင္း ကိုယ္စားျပဳ ခါးနံပတ္(၃) ဧကရီထြန္းမွလည္းေကာင္း၊ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္) ကိုယ္စားျပဳ ခါးနံပတ္(၄) သဲစုမြန္ မွလည္းေကာင္း၊ တတိယဆုအျဖစ္ ဆန္ဆိုင္း(ခ)ရပ္ကြက္ ကိုယ္စားျပဳ ခါးနံပါတ္(၁၁) ေအးျမတ္ျမတ္မြန္ မွလည္းေကာင္း၊ အထူးဆုမ်ားကို UBH ကုမၸဏီ ကုိယ္စားျပဳ ခါးနံပါတ္(၁၆) သိမ့္ေရႊစင္ ႏွင့္ ခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ခါးနံပါတ္(၁၉) ျမတ္ဆုပန္မွလည္းေကာင္း အသီးသီးရရွိသြားေၾကာင္း သိရသည္။

ဆုရရွိသူမ်ားအား တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ႏွင့္ တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ားႏွင့္ အမွတ္တရ လက္ေဆာင္မ်ားအား အသီးသီး ေပးအပ္ခ်ီးျမႇင့္ၾကသည္။

၂၀၁၆ခုႏွစ္က က်င္းပခဲ့သည့္ ျမန္မာ့ရိုးရာ ၀တ္စားဆင္ယင္ထံုးဖြဲ႔မႈၿပိဳင္ပြဲတြင္လည္း ၿပိဳင္၀င္ (၂၃)ဦးအနက္ တာခ်ီလိတ္ပညာေရး ေဖာင္ေဒးရွင္းကိုယ္စားျပဳမွပင္ ပထမဆု ရရွိသြားခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြိုင်ပွဲအား ၂၀၁၇ခုနှစ် ဇွန်လ(၃၀)ရက်နေ့၊ ည(၆)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် (၂၅)ဦး အနက် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း ကိုယ်စားပြု ခါးနံပတ်(၃) ဧကရီထွန်းမှ ပထမဆု ရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမဆု အဖြစ် တာချီလိတ်ပညာရေးဖောင်ဒေးရှင်း ကိုယ်စားပြု ခါးနံပတ်(၃) ဧကရီထွန်းမှလည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်) ကိုယ်စားပြု ခါးနံပတ်(၄) သဲစုမွန် မှလည်းကောင်း၊ တတိယဆုအဖြစ် ဆန်ဆိုင်း(ခ)ရပ်ကွက် ကိုယ်စားပြု ခါးနံပါတ်(၁၁) အေးမြတ်မြတ်မွန် မှလည်းကောင်း၊ အထူးဆုများကို UBH ကုမ္ပဏီ ကိုယ်စားပြု ခါးနံပါတ်(၁၆) သိမ့်ရွှေစင် နှင့် ခရိုင်ရဲတပ်ဖွဲ့ကိုယ်စားပြု ခါးနံပါတ်(၁၉) မြတ်ဆုပန်မှလည်းကောင်း အသီးသီးရရှိသွားကြောင်း သိရသည်။

ဆုရရှိသူများအား တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများနှင့် အမှတ်တရ လက်ဆောင်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

၂၀၁၆ခုနှစ်က ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲတွင်လည်း ပြိုင်ဝင် (၂၃)ဦးအနက် တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းကိုယ်စားပြုမှပင် ပထမဆု ရရှိသွားခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~